Wednesday, February 19, 2014

ထိုင်းအကျဉ်းထောင်တွင်အကျဉ်းကျခံနေရသူများအတွက် ဦးသိန်းညွှန့်လွှတ်တော်တွင်မေး

Photo: ထိုင်းအကျဉ်းထောင်တွင်အကျဉ်းကျခံနေရသူများအတွက် ဦးသိန်းညွှန့်လွှတ်တော်တွင်မေး
Wednesday, February 19, 2014

အမျိုးသားဒီမိုကရေစီပါတီ သစ်မှ သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွှန့်ကဖေဖော်ဝါရီ (၁၄) ရက်နေ့က ကျင်းပခဲ့သောပြည်သူ လွှတ်တော်အစည်းအဝေးတွင် ထိုင်းနိုင်ငံတွင်းအကျဉ်းကျခံနေရသူ မြန်မာနိုင်ငံအကျဉ်းသားများနှင့် မြန်မာနိုင်ငံအကျဉ်းထောင်များတွင် အကျဉ်းကျနေသည့်ထိုင်းနိုင်ငံ အကျဉ်းသားများနှင့်စပ်လျဉ်းသည့် မေးခွန်းကိုမေးမြန်းခဲ့ကြောင်းသိရ သည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း ၍ပြည်ထဲရေးဒုဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကထိုင်းနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင်ပြစ် ဒဏ်ကျခံနေရသောမြန်မာနိုင်ငံ သားအကျဉ်းသားစုစုပေါင်း (၃၉၆၇) ဦးရှိရာ၊ အများဆုံးသည် မူးယစ်ဆေးဝါးပြစ်မှုများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံး အနေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာန၊ တရားရေးဝန်ကြီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ကိုစုစုပေါင်း မြန်မာနိုင်ငံသားအကျဉ်းသား (၆၆၈) ဦးအတွက်ကိုလွတ်ငြိမ်းချမ်း သာခွင့်ရရှိရန်အကြိမ်ကြိမ်မေတ္တာ ရပ်ခံချက်အရထိုင်းနိုင်ငံအကျဉ်း ဦးစီးဌာနအနေနှင့် လွတ်ငြိမ်းချမ်း သာခွင့်ပေးရာတွင်မြန်မာနိုင်ငံသား ပါဝင်မှသာသက်ဆိုင်ရာမြန်မာသံရုံး ကိုအကြောင်းပြန်ကြားပေးမည်ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံမှ လူသတ်မှု၊ မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုများနှင့် အဂတိလိုက်စားမှုတို့ဖြင့်ပြစ်ဒဏ် ကျအကျဉ်းသားများနှင့်စပ်လျဉ်း ၍လွတ်ငြိမ်းသက်သာခွင့်များပေး လေ့မရှိကြောင်းတို့ကိုသိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင်အကျဉ်းသားလဲလှယ် လွှဲပြောင်းခြင်းဆိုင်ရာဥပဒေကိုရေး ဆွဲပြဌာန်းထားခြင်းများမရှိသေးသ ဖြင့်ထိုင်းနိုင်ငံနှင့် နားလည်မှုစာချွန် လွှာရေးထိုးနိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်းသိရ သည်။

မျိုးကျော်
The Hot News Weekly
အမျိုးသားဒီမိုကရေစီပါတီ သစ်မှ သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွှန့် ကဖေဖော်ဝါရီ (၁၄) ရက်နေ့က ကျင်းပခဲ့သောပြည်သူ လွှတ်တော်အစည်းအဝေးတွင် ထိုင်းနိုင်ငံတွင်း အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံအကျဉ်းသားများနှင့် မြန်မာနိုင်ငံအကျဉ်းထောင်များတွင် အကျဉ်း ကျနေ သည့် ထိုင်းနိုင်ငံ အကျဉ်းသားများနှင့်စပ်လျဉ်းသည့် မေးခွန်းကိုမေးမြန်းခဲ့ကြောင်းသိရ သည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း ၍ပြည်ထဲရေးဒုဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကထိုင်းနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးတွင်ပြစ် ဒဏ်ကျခံနေရသောမြန်မာနိုင်ငံ သားအကျဉ်းသားစုစုပေါင်း (၃၉၆၇) ဦးရှိရာ၊ အများဆုံးသည် မူးယစ်ဆေးဝါးပြစ်မှုများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံး အနေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာန၊ တရားရေးဝန်ကြီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ကိုစုစုပေါင်း မြန်မာနိုင်ငံသား အကျဉ်းသား (၆၆၈) ဦးအတွက်ကိုလွတ်ငြိမ်းချမ်း သာခွင့်ရရှိရန်အကြိမ်ကြိမ်မေတ္တာ ရပ်ခံချက်အရ ထိုင်းနိုင်ငံ အကျဉ်း ဦးစီးဌာနအနေနှင့် လွတ်ငြိမ်းချမ်း သာခွင့်ပေးရာတွင်မြန်မာနိုင်ငံသား ပါဝင်မှသာ သက်ဆိုင်ရာမြန်မာသံရုံး ကိုအကြောင်းပြန်ကြားပေးမည်ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံမှ လူသတ်မှု၊ မူးယစ်ဆေးဝါး ဆိုင်ရာပြစ်မှုများနှင့် အဂတိလိုက်စားမှုတို့ဖြင့်ပြစ်ဒဏ် ကျအကျဉ်းသားများနှင့်စပ်လျဉ်း ၍လွတ်ငြိမ်းသက်သာခွင့်များပေး လေ့မရှိကြောင်းတို့ကိုသိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် အကျဉ်းသား လဲလှယ် လွှဲပြောင်းခြင်းဆိုင်ရာဥပဒေကိုရေး ဆွဲပြဌာန်းထားခြင်းများမရှိသေးသ ဖြင့်ထိုင်းနိုင်ငံနှင့် နားလည်မှုစာချွန် လွှာရေးထိုးနိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်းသိရ သည်။

မျိုးကျော်
The Hot News Weekly

No comments:

Post a Comment