Friday, February 21, 2014

မြေပုံမြေကြီး ကွဲလွဲနေသော မြေယာသိမ်းမှုဖြစ်စဉ်များအား ဥပဒေကြောင်း အရ ဖြေရှင်းပါက ပြည်သူများနစ်နာပြီး အစိုးရအပေါ် အထင်သေးအမြင်သေး မှု များ ဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

မြေပုံမြေကြီး ကွဲလွဲနေသော မြေယာသိမ်းမှုဖြစ်စဉ်များအား ဥပဒေကြောင်းအရ ဖြေရှင်းပါက ပြည်သူများ နစ်နာပြီး အစိုးရအပေါ် အထင် အမြင်သေးမှုများ ဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ပြောကြားသည်။


ဖေဖော်ဝါရီ ၂၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှုများ အား အုပ်ချုပ်ရေးအဖွဲ့အစည်းမှ ဆောင်ရွက်ပေးရန် အဆိုနှင့်ပတ်သက်၍ နာယကက ထိုသို့ ထည့် သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

“မြေကြီးမြေပုံ မှန်ကန်မှုမရှိဘူး။ မြေကြီးပေါ်မှာ၊ မြေပုံပေါ်မှာ မှန်ကန်မှုရှိလို့။ မြေပုံပေါ်မှာတော့ မြေ လွတ်မြေလပ် မြေရိုင်း သစ်တောကြိုးဝိုင်း။ မြေပြင်မှာကျတော့ ရွာရှိတယ်။ ကျောင်းရှိတယ်။ လယ်ကွက်တွေ ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းတွေ ရှိတယ်။ တချို့ဆို ချက်ပ်ကျောင်းတွေလည်း ရှိတယ်။ အဲဒါတွေကို တရားဝင်ပြေစာ အထောက်အထားရှိပါသလားလို့ အဲဒီလယ်သမားဆီမှာ ရှိချင်မှရှိမယ်။ အထောက် အထားတွေ မရှိဘူး။ ဒါကြောင့် သူ့မြေမဟုတ်ဘူးလို့ မိမိတို့ဘက်က ဆုံးဖြတ်ဆောင်ရွက်ပေး လိုက်မယ် ဆိုရင် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားနိုင်တဲ့အတွက် ပြည်သူတွေအများကြီး နစ်နာသွားမယ်။ ဒါဆိုပြည်သူတွေက ဟောဒီအုပ်ချုပ်ရေးအဖွဲ့၊ အစိုးရအဖွဲ့ကို အထင်သေးအမြင်သေး ယုံကြည်မှုနည်းသွားမှာ ဖြစ်တယ်။ ဒါမျိုးကျွန်တော်တို့ ဖြစ်ဖို့မသင့်ပါဘူး”ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

သို့ရာတွင် နောင်တွင် မြေယာသိမ်းမှုဖြစ်စဉ်များရှိပါက ဥပဒေနှင့် အညီဖြစ်စေရေးအတွက် လွှတ်တော်မှ စောင့်ကြပ်သွား မည်ဖြစ်ကြောင်းလည်း နာယကက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ပြီးခဲ့သည့် နှစ်နှစ်ကျော်မှစ၍ လွှတ်တော်၊ ကော်မရှင်၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့် အပေါ် ပြည်သူများက တဖြည်းဖြည်း အထင်သေးအမြင်သေး ဖြစ်လာကြောင်း၊ ယင်းသည် ကောင်းသည့် လက္ခဏာ မဟုတ်ကြောင်း၊ ကောင်းသည့် လက္ခဏာ ပြန်လည်ဖြစ်လာစေရေးအတွက် ပြောဆိုထားသည့် အတိုင်းလုပ်ပေးရန်၊ ကတိပြုထားသည့်အတိုင်းလုပ်ပေးရန်၊ ပြည်သူ့အတွက် အမှန်တကယ်ဖြစ်ရေး လုပ်ပေး ရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ထည့်သွင်းပြောကြား သည်။

လွှတ်တော်သည် ပြည်သူများ၏ မျှော်လင့်ချက်များကို ဖော်ထုတ်ဆုံးဖြတ်ပေးရမည့် တာဝန်ရှိကြောင်း၊ အုပ် ချုပ်ရေးအဖွဲ့ သည် ယင်းဆုံးဖြတ်ချက်များကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ပေးရန် လို အပ်ကြောင်း၊ အလားတူ တရားတပေါင်ရင်ဆိုင်ရသည့်အခါ တရားသူကြီးများကလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ရန် လိုအပ်ကြောင်း၊ သို့မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment