Thursday, February 20, 2014

ရွှေဝယ်လိုအား အများဆုံးနိုင်ငံအဖြစ် တရုတ်က အိန္ဒိယကို ပထမဆုံး အကြိမ်ကျော်လွန်

Photo: ရွှေဝယ်လိုအား အများဆုံးနိုင်ငံအဖြစ် တရုတ်က အိန္ဒိယကို ပထမဆုံး အကြိမ်ကျော်လွန်
Thursday, February 20, 2014

၂၀၁၃ ခုနှစ်အတွင်း တရုတ်၏ ရွှေဝယ်လိုအားသည် ၂၀၁၂ ခုနှစ်ကထက် ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယကိုကျော်လွန်၍ ၂၀၁၃ ခုနှစ်၏ ရွှေဝယ်လိုအား အများဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် ငွေကြေးဖောင်းပွမှုနှုန်း အန္တရာယ်နှင့် ထပ်မံပေါ်ပေါက်လာသော ငွေကြေးအကျပ်အတည်းများ လျော့ပါးလာသဖြင့် ရွှေဝယ်ယူစုဆောင်း၍ ရင်းနှီးမြှုပ်နှံခြင်းများ လျော့နည်းခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း တရုတ်၏ ရွှေဝယ်ယူမှု စုစုပေါင်းသည် ၁၀၆၅ ဒသမ ၈ တန်၊ တန်ဖိုးဒေါ်လာဘီလျံ ၁၇၀ ဖြင့် စံချိန်သစ်တင်ခဲ့သည်။ အိန္ဒိယ၏ စုစုပေါင်းရွှေဝယ်ယူမှုမှာ ၉၇၄ ဒသမ ၈ တန်ရှိခဲ့သည်။

လက်ဝတ်ရတနာအဖြစ် ကမ္ဘာ့ရွှေဝယ်ယူမှုသည် လွန်ခဲ့သည့် ၁၆ နှစ်က ထက် ယခင်နှစ်တွင် အများဆုံးဖြစ်ခဲ့သည်။ သို့ရာတွင် ပြန်လည်ရောင်းချ မှုလည်း များပြားခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း ရွှေဈေးသုံးပုံတစ်ပုံနီးပါး ကျဆင်း ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဝယ်လိုအား အများဆုံးနိုင်ငံအဖြစ် တရုတ်သည် ပထမဆုံးအကြိမ် ဖော်ပြခံရခြင်းဖြစ်ပြီး ၁၉၅၀ ပြည့်လွန်နှစ်များနှင့် ၁၉၆၀ ပြည့်လွန်နှစ်များ ကတည်းက ၂၀၁၃ ခုနှစ်မတိုင်မီအထိ အိန္ဒိယသာလျှင် ကမ္ဘာ့အကြီးဆုံး ရွှေဈေးကွက်ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ ဦးဆောင်ညွှန်ကြားရေးမှူး မားကက်စ်ဂရပ်ဘ်က ပြောကြားခဲ့သည်။

ယင်းသို့ ကမ္ဘာ့ရွှေဈေးကွက် ထိပ်တန်းအဆင့်နေရာမှ အိန္ဒိယလျှောကျ ခဲ့ခြင်းမှာ ကုန်သွယ်ရေးလိုငွေပြမှု လျှော့ချရန်အတွက် ရွှေတင်သွင်း မှုလျှော့ချရန် အိန္ဒိအစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် တစ်စိတ် တစ်ပိုင်းဖြစ်နိုင်ကြောင်း သိရသည်။

တရုတ်တွင် လူလတ်တန်းစားများ များပြားလာခြင်း၊ ချမ်းသာကြွယ်ဝမှု မြင့်တက်လာခြင်း၊ စုဆောင်းငွေများ မြင့်တက်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် ရွှေဝယ်ယူ စုဆောင်းရန်သာ လွယ်ကူသောနည်းလမ်းဖြစ်ပြီး အခြားအခွင့်အလမ်းများ နည်းပါးခြင်းတို့ကြောင့် တရုတ်၏ရွှေဝယ်လိုအား မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဂရပ်ဘ်က ပြောကြားခဲ့သည်။

တရုတ်၏ ၀င်ငွေမြင့်တက်လာသည်နှင့်အမျှ ရွှေနှင့်ပြုလုပ်သော လက်ဝတ်ရတနာများနှင့် ရွှေချောင်းရောင်းအားသည်လည်း လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း ဆက်လက်မြင့်တက်နေမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့သည်။ သို့သော် မခိုင်လုံသော ဈေးကွက်ခန့်မှန်းချက်များကြောင့် ယခုနှစ်အတွင်း စုစုပေါင်း ရွှေရောင်းအားကျဆင်းနိုင်ဖွယ် ရှိသည်ဟုလည်း သိရသည်။  

Eleven Media Group

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရှင်ကျန်တွင် ပြသထားသော မော်စီတုံး၏ ရွှေရုပ်တု (Photo:AFP)
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရှင်ကျန်တွင် ပြသထားသော မော်စီတုံး၏ ရွှေရုပ်တု (Photo:AFP)

၂၀၁၃ ခုနှစ်အတွင်း တရုတ်၏ ရွှေဝယ်လိုအားသည် ၂၀၁၂ ခုနှစ်ကထက် ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် အိန္ဒိယကိုကျော်လွန်၍ ၂၀၁၃ ခုနှစ်၏ ရွှေဝယ်လိုအား အများဆုံးနိုင်ငံ ဖြစ်ခဲ့ေ ကြာင်း ကမ္ဘာ့ရွှေကောင်စီ က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။


သို့သော် ငွေကြေးဖောင်းပွမှုနှုန်း အန္တရာယ်နှင့် ထပ်မံပေါ်ပေါက်လာသော ငွေကြေးအကျပ်အတည်းများ လျော့ပါးလာသဖြင့် ရွှေဝယ်ယူစုဆောင်း၍ ရင်းနှီးမြှုပ်နှံခြင်းများ လျော့နည်းခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း တရုတ်၏ ရွှေဝယ်ယူမှု စုစုပေါင်းသည် ၁၀၆၅ ဒသမ ၈ တန်၊ တန်ဖိုးဒေါ်လာဘီလျံ ၁၇၀ ဖြင့် စံချိန်သစ်တင်ခဲ့သည်။ အိန္ဒိယ၏ စုစုပေါင်းရွှေဝယ်ယူမှုမှာ ၉၇၄ ဒသမ ၈ တန်ရှိခဲ့သည်။

လက်ဝတ်ရတနာအဖြစ် ကမ္ဘာ့ရွှေဝယ်ယူမှုသည် လွန်ခဲ့သည့် ၁၆ နှစ်က ထက် ယခင်နှစ်တွင် အများဆုံးဖြစ်ခဲ့သည်။ သို့ရာတွင် ပြန်လည်ရောင်းချ မှုလည်း များပြားခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း ရွှေဈေးသုံးပုံတစ်ပုံနီးပါး ကျဆင်း ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဝယ်လိုအား အများဆုံးနိုင်ငံအဖြစ် တရုတ်သည် ပထမဆုံးအကြိမ် ဖော်ပြခံရခြင်းဖြစ်ပြီး ၁၉၅၀ ပြည့်လွန်နှစ်များနှင့် ၁၉၆၀ ပြည့်လွန်နှစ်များ ကတည်းက ၂၀၁၃ ခုနှစ်မတိုင်မီအထိ အိန္ဒိယသာလျှင် ကမ္ဘာ့ အကြီးဆုံး ရွှေဈေးကွက်ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ ဦးဆောင်ညွှန်ကြားရေးမှူး မားကက်စ်ဂရပ်ဘ်က ပြောကြားခဲ့သည်။

ယင်းသို့ ကမ္ဘာ့ရွှေဈေးကွက် ထိပ်တန်းအဆင့်နေရာမှ အိန္ဒိယလျှောကျ ခဲ့ခြင်းမှာ ကုန်သွယ်ရေးလိုငွေပြမှု လျှော့ချရန်အတွက် ရွှေတင်သွင်း မှုလျှော့ချရန် အိန္ဒိအစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် တစ်စိတ် တစ်ပိုင်းဖြ စ်နိုင်ကြောင်း သိရသည်။

တရုတ်တွင် လူလတ်တန်းစားများ များပြားလာခြင်း၊ ချမ်းသာကြွယ်ဝမှု မြင့်တက်လာခြင်း၊ စုဆောင်းငွေများ မြင့်တက်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် ရွှေဝယ်ယူ စုဆောင်းရန်သာ လွယ်ကူသောနည်းလမ်းဖြစ်ပြီး အခြားအခွင့်အလမ်းများ နည်းပါးခြင်းတို့ကြောင့် တရုတ်၏ရွှေဝယ်လိုအား မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဂရပ်ဘ်က ပြောကြားခဲ့သည်။

တရုတ်၏ ၀င်ငွေမြင့်တက်လာသည်နှင့်အမျှ ရွှေနှင့်ပြုလုပ်သော လက်ဝတ်ရတနာများနှင့် ရွှေချောင်းေ ရာင်းအား သည်လည်း လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း ဆက်လက်မြင့်တက်နေမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့သည်။ သို့သော် မခိုင်လုံသော ဈေးကွက်ခန့်မှန်းချက်များကြောင့် ယခုနှစ်အတွင်း စုစုပေါင်း ရွှေရောင်း အားကျဆင်းနိုင်ဖွယ် ရှိသည်ဟုလည်း သိရသည်။  

Eleven Media Group

No comments:

Post a Comment