Thursday, February 20, 2014

ဟံသာဝတီအ၀ိုင်းတွင် မီးပွိုင့်ပြုလုပ်ခဲ့ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားသွား၍ မီးပွိုင့်အား အသုံးမပြုဘဲ ပိတ်ထားရ

Photo: ဟံသာဝတီအ၀ိုင်းတွင် မီးပွိုင့်ပြုလုပ်ခဲ့ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားသွား၍ မီးပွိုင့်အား အသုံးမပြုဘဲ ပိတ်ထားရ
Thursday, February 20, 2014

ဟံသာဝတီအ၀ိုင်းတွင် မီးပွိုင့်ပြုလုပ်ခဲ့ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားသွားခြင်းကြောင့် မီးပွိုင့်အား အသုံးမပြုဘဲ ပိတ်ထားရကြောင်း သတင်းရရှိသည်။

ဟံသာဝတီအ၀ိုင်းကဲ့သို့ အ၀ိုင်းများနေရာတွင် ယာဉ်သွားလာမှု အဆင်ပြေစေရန်အတွက် မီးပွိုင့်များပြုလုပ်ရန် စီစဉ်ခဲ့ပြီး ဟံသာဝတီအ၀ိုင်းတွင် မကြာသေးမီက မီးပွိုင့်စတင် စမ်းသပ်တပ်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ထိုသို့ မီးပွိုင့်တပ်ဆင်ခဲ့သော်လည်း ယာဉ်များသွားလာရာတွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်ခဲ့ခြင်းမရှိခဲ့ဘဲ ပိုမိုပိတ်ဆို့ခဲ့မှုကိုပင် ကြုံတွေ့ခဲ့ရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

“မီးပွိုင့်အလုပ်မလုပ်လို့ ယာဉ်ကြောပိတ်တာလားတော့ မသိပေမဲ့ မီးပွိုင့်တပ်ပြီးမှ ယာဉ်ကြောတွေ ပိုပိတ်သွားတယ်။ မနက်ရုံး တက်ချိန်နဲ့၊ ရုံးဆင်းချိန်ဆို အ၀ိုင်းမှာ ပိတ်တာ ကြောက်ခမန်းလိလိပဲ။ လှည်းတန်း ဘက်ကဆို Junction Square ထိ ကားတွေရောက်တယ်။ မဟာမြိုင်ဘက်အခြမ်းဆို မြေနီကုန်းနားထိ ပိတ်တယ်။ မီးပွိုင့်ကို အသုံးမပြုဘဲ ရပ်လိုက်တာတော့ ဒီနေ့မနက်ကတည်းကပဲ”ဟု အငှားယာဉ်မောင်း ဦးထွန်းထွန်းမင်းက ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပြောကြားသည်။

မီးပွိုင့် စတင်စမ်းသပ်မှုကို ယာဉ်သွားလာသူများ မသိရှိသေးခြင်းကြောင့် ယခင်အတိုင်းဘဲထင်ကာ မောင်းနှင်သွားလာမှုများကြောင့် အဆင်မပြေသေးဘဲ ယာဉ်ကြောပိတ်ဆို့နေခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဟံသာဝတီအ၀ိုင်းမှာ စပြီးစမ်းသပ်တုန်းပဲ ရှိပါသေးတယ်။ စမ်းသပ်တုန်းမှာ ဖြစ်ပေါ်လာတဲ့ ယာဉ်ကြောအခြေအနေပေါ် မူတည်ပြီး မီးဝါ မီးနီ ဘယ်လိုပေးမယ်ဆိုတာ လိုအပ်တာကို ပြန်လုပ်ဖို့ပါ။ မီးပွိုင့်ပြန်ဖျက်မှာ မဟုတ်ပါဘူး။ မီးပွိုင့်တပ်တာကိုလည်း ယာဉ်မောင်းတော်တော်များများ မသိသေးဘူး။ အ၀ိုင်းနားမှာတော့ မီးပွိုင့်ရှိတယ်ဆိုတာ သိအောင် ဆိုင်းဘုတ်တွေ ထောင်ထားတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Eleven Media Group

ဟံသာဝတီအ၀ိုင်းတွင် ယာဉ်သွားလာမှုများအား ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ဟံသာဝတီအ၀ိုင်းတွင် ယာဉ်သွားလာမှုများအား ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ဟံသာဝတီအ၀ိုင်းတွင် မီးပွိုင့်ပြုလုပ်ခဲ့ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားသွားခြင်းကြောင့် မီးပွိုင့် အား အသုံးမပြုဘဲ ပိတ်ထားရကြောင်း သတင်းရရှိသည်။


ဟံသာဝတီအ၀ိုင်းကဲ့သို့ အ၀ိုင်းများနေရာတွင် ယာဉ်သွားလာမှု အဆင်ပြေစေရန်အတွက် မီးပွိုင့်များပြုလုပ် ရန် စီစဉ်ခဲ့ပြီး ဟံသာဝတီအ၀ိုင်းတွင် မကြာသေးမီက မီးပွိုင့်စတင် စမ်းသပ်တပ်ဆင်ခဲ့ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ထိုသို့ မီးပွိုင့်တပ်ဆင်ခဲ့သော်လည်း ယာဉ်များသွားလာရာတွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်ခဲ့ခြင်း မရှိခဲ့ဘဲ ပိုမိုပိတ်ဆို့ခဲ့မှုကိုပင် ကြုံတွေ့ခဲ့ရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

“မီးပွိုင့်အလုပ်မလုပ်လို့ ယာဉ်ကြောပိတ်တာလားတော့ မသိပေမဲ့ မီးပွိုင့်တပ်ပြီးမှ ယာဉ်ကြောတွေ ပိုပိတ် သွားတယ်။ မနက်ရုံး တက်ချိန်နဲ့၊ ရုံးဆင်းချိန်ဆို အ၀ိုင်းမှာ ပိတ်တာ ကြောက်ခမန်းလိလိပဲ။ လှည်းတန်း ဘက်ကဆို Junction Square ထိ ကားတွေရောက်တယ်။ မဟာမြိုင်ဘက်အခြမ်းဆို မြေနီကုန်းနားထိ ပိတ် တယ်။ မီးပွိုင့်ကို အသုံးမပြုဘဲ ရပ်လိုက်တာတော့ ဒီနေ့မနက်ကတည်းကပဲ”ဟု အငှားယာဉ်မောင်း ဦးထွန်းထွန်းမင်းက ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပြောကြားသည်။

မီးပွိုင့် စတင်စမ်းသပ်မှုကို ယာဉ်သွားလာသူများ မသိရှိသေးခြင်းကြောင့် ယခင်အတိုင်းဘဲထင်ကာ မောင်းနှင်သွားလာမှုများကြောင့် အဆင်မပြေသေးဘဲ ယာဉ်ကြောပိတ်ဆို့နေခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ေ တာ် စည် ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဟံသာဝတီအ၀ိုင်းမှာ စပြီးစမ်းသပ်တုန်းပဲ ရှိပါသေးတယ်။ စမ်းသပ်တုန်းမှာ ဖြစ်ပေါ်လာတဲ့ ယာဉ်ကြော အခြေအနေပေါ် မူတည်ပြီး မီးဝါ မီးနီ ဘယ်လိုပေးမယ်ဆိုတာ လိုအပ်တာကို ပြန်လုပ်ဖို့ပါ။ မီးပွိုင့်ပြန်ဖျက်မှာ မဟုတ်ပါဘူး။ မီးပွိုင့်တပ်တာကိုလည်း ယာဉ်မောင်းတော်တော်များများ မသိသေးဘူး။ အ၀ိုင်းနားမှာတော့ မီးပွိုင့်ရှိတယ်ဆိုတာ သိအောင် ဆိုင်းဘုတ်တွေ ထောင်ထားတယ်”ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Eleven Media Group

No comments:

Post a Comment