Sunday, February 23, 2014

အာဆင်နယ်နှင့် မန်စီးတီးတို့ ချန်ပီယံလိဂ်ရှုံးပွဲကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး တယ်ရီ၏ နောက်ကျဂိုးဖြင့် နိုင်ပွဲရခဲ့သည့် ချယ်လ်ဆီးအသင်း ဆက်လက်ဦးဆောင်

Photo: အာဆင်နယ်နှင့် မန်စီးတီးတို့ ချန်ပီယံလိဂ်ရှုံးပွဲကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး တယ်ရီ၏ နောက်ကျဂိုးဖြင့် နိုင်ပွဲရခဲ့သည့် ချယ်လ်ဆီးအသင်း ဆက်လက်ဦးဆောင်
Sunday, February 23, 2014

ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပထမနေ့ ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး စသည့် အမှတ်ပေးဇယား ထိပ်ဆုံးမှ သုံးသင်းစလုံး နိုင်ပွဲရရှိခဲ့သည်။

ချယ်လ်ဆီးအသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေသော အဲဗာတန်နှင့် ရင်ဆိုင်ခဲ့ရပြီး အနိုင်ရရှိရန် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရသည်။ အီတူး၊ အော်စကာ၊ ဟာဇက်၊ ဝီလီယံ၊ လမ်းပတ်၊ မာတစ်တို့နှင့် လူစုံပါဝင်ခဲ့သည့် ချယ်လ်ဆီးအသင်းက ပွဲစကတည်းက အဲဗာတန်ကို ဖိအားပေး ကစားနိုင်ခဲ့သည်။ သို့သော် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့သလို အဲဗာတန်ဂိုးသမား ဟောင်းဝပ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သောကြောင့် မိနစ် ၉ဝ ပြည့်သည်အထိ ဂိုးမရှိသရေ ဖြစ်နေခဲ့သည်။ ချယ်လ်ဆီးအတွက် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်စေမည့် အဖိုးတန် အနိုင်ဂိုးကို နာကျင်အချိန်ပို ၉၃ မိနစ်တွင် လမ်းပတ်၏ ပြစ်ဒဏ်ဘောမှတစ်ဆင့် တယ်ရီက ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက ယင်းဂိုးကို လမ်းပတ်၏သွင်းဂိုး (သို့မဟုတ်) ဟောင်းဝပ် Own Goal သတ်မှတ်ရန် အငြင်းပွားခဲ့သော်လည်း တယ်ရီ၏ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်များတွင် အိမ်ကွင်း၌အသီးသီး ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်နှင့် မန်စီးတီးတို့ကလည်း နိုင်ပွဲများရယူနိုင်ခဲ့ပြီး ချယ်လ်ဆီးကို ဆက်လက် ဖိအားပေးနိုင်ခဲ့သည်။ အာဆင်နယ်အသင်းက ဂျီရော့ (၅၊ ၃၁ မိနစ်)၊ ရိုဆစ်စကီး (၄၂ မိနစ်)၊ ကိုစီယယ်လ်နီ (၅၇ မိနစ်) တို့၏ ဂိုးများဖြင့် ဆန်းဒါးလန်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး မန်စီးတီးကလည်း ယာယာတိုရေး (မိနစ် ၇ဝ) ၏ တစ်လုံးတည်းသောဂိုးဖြင့် စတုတ်စီးတီးကို အနိုင်ရခဲ့သည်။ နည်းပြသစ်နှင့် ဖူလ်ဟမ်အသင်းက ဝက်စ်ဘရွန်းနှင့် သရေတစ်မှတ်စီခွဲယူခဲ့ရပြီး ဝက်စ်ဟမ်းအသင်းမှာမူ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့သည်။

Eleven Media Group

ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို လမ်းပတ်၏ ပြစ်ဒဏ်ဘောမှတစ်ဆင့် တယ်ရီ သွင်းယူနေစဉ် (Photo - AFP)
ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို လမ်းပတ်၏ ပြစ်ဒဏ်ဘောမှတစ်ဆင့် တယ်ရီ သွင်းယူနေစဉ် (Photo - AFP)
ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပထမနေ့ ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး စသည့် အမှတ်ပေးဇယား ထိပ်ဆုံးမှ သုံးသင်းစလုံး နိုင်ပွဲရရှိခဲ့သည်။

ချယ်လ်ဆီးအသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေသော အဲဗာတန်နှင့် ရင်ဆိုင်ခဲ့ရပြီး အနိုင် ရရှိ ရန် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရသည်။ အီတူး၊ အော်စကာ၊ ဟာဇက်၊ ဝီလီယံ၊ လမ်းပတ်၊ မာတစ်တို့နှင့် လူစုံ ပါဝင်ခဲ့သည့် ချယ်လ်ဆီးအသင်းက ပွဲစကတည်းက အဲဗာတန်ကို ဖိအားပေး ကစားနိုင်ခဲ့သည်။ သို့သော် အခွင့် အရေးများကို အသုံးမချနိုင်ခဲ့သလို အဲဗာတန်ဂိုးသမား ဟောင်းဝပ် လက်စွမ်းပြ ကာ ကွယ်နိုင် ခဲ့သောကြောင့် မိနစ် ၉ဝ ပြည့်သည်အထိ ဂိုးမရှိသရေ ဖြစ်နေခဲ့သည်။ ချယ်လ်ဆီးအတွက် အမှတ်ပေး ဇယား ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်စေမည့် အဖိုးတန် အနိုင်ဂိုးကို နာကျင်အချိန်ပို ၉၃ မိနစ်တွင် လမ်းပတ်၏ ပြစ်ဒဏ်ဘောမှတစ်ဆင့် တယ်ရီက ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက ယင်းဂိုးကို လမ်းပတ်၏သွင်းဂိုး (သို့မဟုတ်) ဟောင်းဝပ် Own Goal သတ်မှတ်ရန် အငြင်းပွားခဲ့သော်လည်း တယ်ရီ၏ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်များတွင် အိမ်ကွင်း၌အသီးသီး ရှုံးနိမ့်ခဲ့သည့် အာဆင် နယ်နှင့် မန်စီးတီးတို့ကလည်း နိုင်ပွဲများရယူနိုင်ခဲ့ပြီး ချယ်လ်ဆီးကို ဆက်လက် ဖိအားပေးနိုင်ခဲ့ သည်။ အာဆင်နယ်အသင်းက ဂျီရော့ (၅၊ ၃၁ မိနစ်)၊ ရိုဆစ်စကီး (၄၂ မိနစ်)၊ ကိုစီယယ်လ်နီ (၅၇ မိနစ်) တို့၏ ဂိုးများဖြင့် ဆန်းဒါးလန်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး မန်စီးတီးကလည်း ယာယာတိုရေး (မိနစ် ၇ဝ) ၏ တစ်လုံး တည်းသောဂိုးဖြင့် စတုတ်စီးတီးကို အနိုင်ရခဲ့သည်။ နည်းပြသစ်နှင့် ဖူလ်ဟမ်အသင်းက ဝက်စ်ဘရွန်းနှင့် သရေတစ်မှတ်စီခွဲယူခဲ့ရပြီး ဝက်စ်ဟမ်းအသင်းမှာမူ နောက် ဆုံးလေးပွဲဆက် နိုင်ပွဲရ ယူနိုင်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment