ယနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဇယားထိပ်ပိုင်းမှာရပ်တည်နေကြတဲ့ ချယ်ဆီး အသင်း နှင့် မန်စီးတီးပွဲစဉ်က ပရိတ်သတ်အကြိုက်ဖြစ်ခဲ့ပါတယ်.။ပွဲအပြီးမှာတော့ ချယ်ဆီးက မန်စီးတီးအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်အနိုင် ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းသည် အိမ်ကွင်းတွင် ပွဲကစားချိန် (၃၂)မှာ ချယ်ဆီးနောက်ခံလူ အီဗန်နိုဗစ်သွင်းယူ သွားခဲ့တဲ့ သွင်းဂိုးတစ်ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရခြင်းလည်းဖြစ်ပါတယ်။
ယနေ့ချယ်ဆီးကစားပုံက ကောင်းမွန် သေသပ် ခဲ့သလို မန်စီးတီးကလည်း
အဓိကနောက်ခံကစားသမားအချို့ ဒဏ်ရာပြဿနာတွေရှိနေခြင်းကြောင့် မပါဝင်လာ
ခြင်းအပြင် နောက်ခံအားနည်း ချက်အချို့ကြောင့်
ယနေ့ပွဲရှုံးနိမ့်ရခြင်းအကြောင်းအရင်းတစ်ခုဟု သုံးသပ်နိုင်ပါတယ်။
ပွဲအပြီးထူးခြားမှတ်တမ်းများအဖြစ် မန်စီးတီးအသင်းသည် အိမ်ကွင်းတွင်
သွင်းဂိုးမရဘဲရှုံးနိမ့်ခဲ့ခြင်းသည် ၂၀၁၀ နောက်ပိုင်း ပထဦးဆုံးအကြီမ်
ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပါသည်။ ချယ်လ်ဆီးအသင်းအတွက် ယနေ့နိုင်ပွဲသည်
အဝေးကွင်း ပေးဂိုးမရှိနိုင်ခဲ့သည့် လေးပွဲမြောက်နိုင်ပွဲဖြစ်ခဲ့ပါသည်။
ချယ်ဆီးအသင်းက အပိုင်ဂိုးသွင်းခွင့် အခွင့်အရေးများကို
ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ခဲ့လျှင် ယခုထက်ပိုပြီး
ဂိုးသွင်းနိုင်မှာပါ။
ယနေ့ပွဲမှာ ချယ်ဆီးနောက်ခံလူများ၏
တောင့်တင်းလှတဲ့ ကစားပုံကိုမြင်တွေ့ရသလို ကာဟေး၊ တယ်ရီ နှင့်
ဂိုးသမားပီတာချက် တို့၏ ကစားပုံကောင်းမွန်မှုကြောင့်
ထူးထူးခြားခြားနိုင်ပွဲတစ်ခုကို ဖန်ဆင်းနိုင်ခဲ့တာလို့သုံးသပ်နိုင်ပါတယ်။
ပွဲအပြီးမှာတော့ အကောင်းဆုံးကစားနိုင်သူအဖြစ်ချယ်ဆီးနောက်ခံလူ
ကာဟေးလ်ကသတ်မှတ်ခံရပါတယ်။ ပွဲစဉ် (၂၄)အပြီးမှာတော့ ဇယားထိပ်မှာ အာဆင်နယ်၊
ဒုတိယနေရာမှာ မန်စီးတီးက ချယ်ဆီးနဲ့အမှတ်တူ ဂိုးကွာခြားချက်နဲ့
ဒုတိယနေရာရပ်တည်နေကြပါတယ်။
Written by မိုးတိမ် (တမာမြေ)
football-cafe.com
No comments:
Post a Comment