Monday, February 24, 2014

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေ

Photo: ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေ
Monday,February 24, 2014

ချင်းပြည်နယ် နတ်မတောင်ခြေတွင် တည်ရှိသော ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရှိရပါသည်။

“အခုလက်ရှိက နတ်မတောင်ကို လာမယ်ဆိုရင် တည်းခိုနိုင်တဲ့ ဟိုတယ်နှစ်လုံး ရှိပါတယ်။ ဆောက်လက်စ ဟိုတယ်တစ်လုံးရှိတယ်။ နတ်မတောင်ခြေဖြစ်တဲ့ မင်းတပ်မြို့နယ်ထဲက အေးစခန်းမှာ တစ်ခုရှိပါတယ်။ ကန်ပက်လက်မြို့ထဲမှာတော့ တည်းခိုခန်းတစ်ခု ရှိပါတယ်။ နိုင်ငံခြားသားဧည့်သည် လာရောက်တာနဲ့ လက်ရှိဟိုတယ် ရှိနေတာနဲ့တော့ လောက်နေတာပါပဲ။ အခု ဟိုတယ်ဇုန် လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။

ယခုအခါ ကန်ပက်လက်မြို့ ဧရိယာအတွင်းတွင် ဟိုတယ်ဇုန် ဖွင့်လှစ်မည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး မြေဈေးများလည်း တက်နေသည်ဟု သိရှိရပါသည်။

“ကန်ပက်လက်မှာ အရင်စစ်အစိုးရ သိမ်းခဲ့တဲ့ မြေတွေကို အရင်က ပိုင်ရှင်တွေ ပြန်တောင်းတာ မရသေးဘူးလည်း ပြောတယ်။ အဲဒီနေရာမှာ ပြည်ခိုင်ဖြိုးက ဟိုတယ်ဇုန်လုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ ဧက ၆၀ လောက်ရှိတယ်ပြောတယ်” ဟု ကန်ပက်လက် ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ကန်ပက်လက်မြို့နယ်သည် နတ်မတောင် အမျိုးသားဥယျာဉ် ရှိသောကြောင့် နိုင်ငံခြားသားများ လာရောက်လေ့ရှိပြီး တစ်နှစ်လျှင် တစ်ထောင်ဝန်းကျင်ခန့်သာ လာရောက်လေ့ရှိသည်ဟု သိရှိရပါသည်။

“နတ်မတောင်ကို လာကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေထဲမှာ သဘာဝပတ်ဝန်းကျင် အခြေအနေကို လေ့လာတဲ့သူတွေရှိတယ်။ တချို့ကတော့ ကျေးငှက်တိရစ္ဆာန်ကို စိတ်ဝင်တစား လာရောက်လေ့လာတဲ့သူတွေ ရှိပါတယ်။ အဓိက လာတာကတော့ အဲဒီနှစ်မျိုးပေါ့။ နှစ်စဉ် ဒီဇင်ဘာလနဲ့ နယူးရီးယားဆိုရင်လည်း ပြည်တွင်းကဧည့်သည်တွေ အများဆုံး လာရောက်လည်ပတ်ကြပါတယ်။ လက်ရှိဧည့်သည်လာတဲ့ အနေအထားနဲ့ ဟိုတယ်တွေနဲ့က အဆင်ပြေပါတယ်။ တစ်ခါတစ်ခါ ဆုံကြရင်တော့ အခန်းမရတာတွေ ရှိတတ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက ပြောသည်။

နတ်မတောင်သို့ လာရောက်လည်ပတ်မှု စာရင်းများအရ ၂၀၁၂ ခုနှစ် ပြည်တွင်းပြည်ပ ဧည့်သည်စာရင်းအရ ၈၀၀ ဦးအထိသာရှိပြီး ၂၀၁၃ ခုနှစ်အရောက်တွင် ၁၁၆၀ ဦးအထိ တိုးတက်လာခဲ့သည်ဟု သိရသည်။

Eleven Media Group

ကန်ပက်လက်မြို့တွင် ဆောက်လုပ်နေသည့် ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်
ကန်ပက်လက်မြို့တွင် ဆောက်လုပ်နေသည့် ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်
ချင်းပြည်နယ် နတ်မတောင်ခြေတွင် တည်ရှိသော ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရှိရပါသည်။

“အခုလက်ရှိက နတ်မတောင်ကို လာမယ်ဆိုရင် တည်းခိုနိုင်တဲ့ ဟိုတယ်နှစ်လုံး ရှိပါတယ်။ ဆောက်လက်စ ဟိုတယ်တစ်လုံးရှိတယ်။ နတ်မတောင်ခြေဖြစ်တဲ့ မင်းတပ်မြို့နယ်ထဲက အေးစခန်းမှာ တစ်ခုရှိပါတယ်။ ကန်ပက်လက်မြို့ထဲမှာတော့ တည်းခိုခန်းတစ်ခု ရှိပါတယ်။ နိုင်ငံခြားသားဧည့်သည် လာရောက်တာနဲ့ လက်ရှိဟိုတယ် ရှိနေတာနဲ့တော့ လောက်နေတာပါပဲ။ အခု ဟိုတယ်ဇုန် လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။

ယခုအခါ ကန်ပက်လက်မြို့ ဧရိယာအတွင်းတွင် ဟိုတယ်ဇုန် ဖွင့်လှစ်မည်ဆိုသော သတင်းများ ထွက်ပေါ် လျက်ရှိပြီး မြေဈေးများလည်း တက်နေသည်ဟု သိရှိရပါသည်။

“ကန်ပက်လက်မှာ အရင်စစ်အစိုးရ သိမ်းခဲ့တဲ့ မြေတွေကို အရင်က ပိုင်ရှင်တွေ ပြန်တောင်းတာ မရသေး ဘူး လည်း ပြောတယ်။ အဲဒီနေရာမှာ ပြည်ခိုင်ဖြိုးက ဟိုတယ်ဇုန်လုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေ တယ်။ ဧက ၆၀ လောက်ရှိတယ်ပြောတယ်” ဟု ကန်ပက်လက် ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ကန်ပက်လက်မြို့နယ်သည် နတ်မတောင် အမျိုးသားဥယျာဉ် ရှိသောကြောင့် နိုင်ငံခြားသားများ လာရောက်လေ့ ရှိပြီး တစ်နှစ်လျှင် တစ်ထောင်ဝန်းကျင်ခန့်သာ လာရောက်လေ့ရှိသည်ဟု သိရှိရပါသည်။

“နတ်မတောင်ကို လာကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေထဲမှာ သဘာဝပတ်ဝန်းကျင် အခြေ အနေ ကို လေ့လာတဲ့သူတွေရှိတယ်။ တချို့ကတော့ ကျေးငှက်တိရစ္ဆာန်ကို စိတ်ဝင်တစား လာရောက်လေ့ လာတဲ့သူတွေ ရှိပါတယ်။ အဓိက လာတာကတော့ အဲဒီနှစ်မျိုးပေါ့။ နှစ်စဉ် ဒီဇင်ဘာလနဲ့ နယူးရီးယား ဆိုရင်လည်း ပြည်တွင်းကဧည့်သည်တွေ အများဆုံး လာရောက်လည်ပတ်ကြပါတယ်။ လက်ရှိဧည့်သည် လာတဲ့ အနေအထားနဲ့ ဟိုတယ်တွေနဲ့က အဆင်ပြေပါတယ်။ တစ်ခါတစ်ခါ ဆုံကြရင်တော့ အခန်းမရ တာတွေ ရှိတတ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက ပြောသည်။

နတ်မတောင်သို့ လာရောက်လည်ပတ်မှု စာရင်းများအရ ၂၀၁၂ ခုနှစ် ပြည်တွင်းပြည်ပ ဧည့်သည်စာရင်း အရ ၈၀၀ ဦးအထိသာရှိပြီး ၂၀၁၃ ခုနှစ်အရောက်တွင် ၁၁၆၀ ဦးအထိ တိုးတက်လာခဲ့သည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment