Wednesday, February 5, 2014

တိရစ္ဆာန် ကာကွယ်ဆေးထိုးသင်တန်း ဖွင့်ပွဲကျင်းပ

Photo: တိရစ္ဆာန် ကာကွယ်ဆေးထိုးသင်တန်း ဖွင့်ပွဲကျင်းပ
Wednesday, February 5, 2014

ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးစီး၍ တိရစ္ဆာန် ကာကွယ်ဆေးထိုး သင်တန်း အမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီ ၃ ရက် နံနက် ၉ နာရီက ဟားခါးမြို့ ပြည်နယ်ရုံးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာခင်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများက ဆက်လက် သင်တန်းပို့ချကြသည်။

အဆိုပါ သင်တန်းကို ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ တိရစ္ဆာန်ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ဌာနမှ အမှုထမ်း၊ ၀န်ထမ်းများ၊ ပြည်နယ်အတွင်းရှိ မြို့နယ်၊ မြို့နယ်ခွဲများမှ ကျေးလက်လူငယ်များ စုစုပေါင်း ၂၅ ဦး တက်ရောက်ကြောင်း သိရသည်။

MOI Webportal Myanmar
ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးစီး၍ တိရစ္ဆာန် ကာကွယ်ဆေးထိုး သင်တန်း အမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီ ၃ ရက် နံနက် ၉ နာရီက ဟားခါးမြို့ ပြည်နယ် ရုံးခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာ ခင်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများက ဆက်လက် သင်တန်းပို့ချကြသည်။

အဆိုပါ သင်တန်းကို ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ တိရစ္ဆာန်ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ဌာနမှ အမှုထမ်း၊ ၀န်ထမ်းများ၊ ပြည်နယ်အတွင်းရှိ မြို့နယ်၊ မြို့နယ်ခွဲများမှ ကျေးလက်လူငယ်များ စုစုပေါင်း ၂၅ ဦး တက်ရောက်ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment