Wednesday, February 5, 2014

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

Photo: မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
Wednesday, February 5, 2014

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှု ဆိုင်ရာ တရားစီရင်ရေး ကဏ္ဍအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဟိုတယ်ဇုန်ရှိ အမရာဟိုတယ်၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သဘာပတိ ပြည်ထောင် စု ရှေ့နေချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက အလုပ်ရုံ ဆွေးနွေးပွဲ၏ ရည်မှန်းချက်များကို ရှင်းလင်းတင်ပြကာ AAPTIP တာဝန်ရှိသူ တစ်ဦးက အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ငန်းစဉ်နှင့် မျှော်မှန်း ရလဒ်များကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍနှင့် ဆက်နွှယ်သော မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အကောင်အ ထည်ဖော် ဆောင်ရွက်မှု အခြေအနေ များကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက တင်ပြသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၄ ရက်မှ ၅ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ အမေရိကန်သံရုံး၊ သြစတြေးလျသံရုံး၊ Asean Secretariat Office, UNICEF, IOM, UNODC, AAPTIP, World Vision Myanmar, Save the Children Myanmar, Kayin Baptist Convention, Human Rights Defenders and Promoters, The Warnath Group (Myanmar-US TIP Project) တို့မှ တာဝန်ရှိသူ ၆ဝ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment