Monday, February 17, 2014

သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိပစ္စည်းများကို လေလံတင်ရောင်းချမည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဦးစီးဌာနမှ ကလေးခရိုင် အတွင်း ဖမ်းဆီးရမိသော ပုံစံ(၈)ဝင် ကျွန်း၊ သစ်မာ၊ အခြားသစ်၊ ခွဲသားများ၊ ချေသားရေနှင့် အခြား သစ်တောထွက် ပစ္စည်းများကို ခရိုင်သစ်တောဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီ ၂၇ ရက် မွန်းတည့် ၁၂ နာရီတွင် မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


ရောင်းချသွားမည့် ပစ္စည်းများအနေဖြင့် ပုံစံ(၈)ဝင် ကျွန်း၊ သစ်မာ၊ အခြားသစ်၊ ခွဲသားတန် ၂၃၉ ဒသမ ၀၁၃၆တန်၊ ချေသား ရေ ၇၂ ချပ်၊ လှည်းဘီး(ထော်လာဘီး)နှစ်ခု၊ ဘတ်ကြိုးတစ်ချောင်း၊ ရိုလာနှစ်ခု၊ ပူလီဘီးနှစ်ခု၊ ရှပ်တန်းနှစ်ခုတို့ကို လေလံတင် လျှောက်လွှာပုံစံနှင့်အတူ စည်းကမ်းချက်များကို တစ်စုံလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ခရိုင်သစ်တောဦးစီးဌာနတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment