Thursday, February 13, 2014

မြန်မာနိုင်ငံတွင် အာဆီယံ ဆန်စပါးအသင်းချုပ် ဖွဲ့စည်းမည်

Photo: မြန်မာနိုင်ငံတွင် အာဆီယံ ဆန်စပါးအသင်းချုပ် ဖွဲ့စည်းမည် 
Thursday, February 13, 2014

စိုက်ပျိုးရေးကိုသာ အဓိက အားထားနေရဆဲ ဖြစ်သည့် မြန်မာနိုင်ငံ တွင် ဒေသတွင်း နိုင်ငံများရှိ ပုဂ္ဂလိက ဆန်စပါးအသင်းများ ပူးပေါင်း၍ အာဆီယံ ဆန်စပါး အသင်းချုပ် (ASEAN Rice Federation) ပထမဆုံး ဖွဲ့စည်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ စုံစမ်းသိရှိရသည်။

အာဆီယံ ဆန်စပါး အသင်းချုပ် ဖွဲ့စည်းနိုင်ရန်အတွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ဒေသတွင်း နိုင်ငံများမှ ဆန်စပါးအသင်း တာဝန်ရှိသူများကို ဖိတ်ခေါ်ကာ အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
“ဒီအစည်းအဝေးကို ထိုင်းကစပြီး လူစုတဲ့ သဘောမျိုးပါ။ သူတို့က မြန်မာ့ဆန်ကိုလည်း စိတ်ဝင်စားနေတာကိုး။ အဲဒီအစည်းအဝေးပွဲ သဘောတူညီချက်ရရင် ဖွဲ့ဖြစ်မှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။ 

အာဆီယံ ဆန်စပါး အသင်းချုပ် ဖွဲ့စည်းဖြစ်ပါက ဆန်စပါး တင်ပို့မှုများမှာ လွယ်ကူလာမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ထိုင်းနိုင်ငံမှ ကုန်သည်များမှာ မြန်မာ့ဆန်ဖြင့် ဆန်ထွက်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အကျိုးတူ တင်ပို့ရောင်းချရန် စိတ်ဝင်စားလျက် ရှိကြောင်း CNA သတင်းဌာနက ရေးသားသည်။

အထူးသဖြင့် မြန်မာ့ဆန်ကို ဝိုင်၊ ခေါက်ဆွဲနှင့် ဆန်ဖြင့် ထုတ်လုပ်နိုင်သော စားသောက်ကုန်များ ထုတ်လုပ်ကာ တရုတ်ဈေးကွက်သို့ တင်ပို့လိုကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly
စိုက်ပျိုးရေးကိုသာ အဓိက အားထားနေရဆဲ ဖြစ်သည့် မြန်မာနိုင်ငံ တွင် ဒေသတွင်း နိုင်ငံများရှိ ပုဂ္ဂလိက ဆန်စပါးအသင်းများ ပူးပေါင်း၍ အာဆီယံ ဆန်စပါး အသင်းချုပ် (ASEAN Rice Federation) ပထမဆုံး ဖွဲ့စည်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ စုံစမ်း သိရှိရ သည်။

အာဆီယံ ဆန်စပါး အသင်းချုပ် ဖွဲ့စည်းနိုင်ရန်အတွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ဒေသတွင်း နိုင်ငံများမှ ဆန်စပါးအသင်း တာဝန်ရှိသူများကို ဖိတ်ခေါ်ကာ အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

“ဒီအစည်းအဝေးကို ထိုင်းကစပြီး လူစုတဲ့ သဘောမျိုးပါ။ သူတို့က မြန်မာ့ဆန်ကိုလည်း စိတ်ဝင် စားနေတာ ကိုး။ အဲဒီအစည်းအဝေးပွဲ သဘောတူညီချက်ရရင် ဖွဲ့ဖြစ်မှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြား သည်။ 

အာဆီယံ ဆန်စပါး အသင်းချုပ် ဖွဲ့စည်းဖြစ်ပါက ဆန်စပါး တင်ပို့မှုများမှာ လွယ်ကူလာမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ထိုင်းနိုင်ငံမှ ကုန်သည်များမှာ မြန်မာ့ဆန်ဖြင့် ဆန်ထွက်ပစ္စည်း အမျိုးမျိုးထုတ်လုပ်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အကျိုးတူ တင်ပို့ရောင်းချရန် စိတ်ဝင်စားလျက် ရှိကြောင်း CNA သတင်းဌာနက ရေးသား သည်။

အထူးသဖြင့် မြန်မာ့ဆန်ကို ဝိုင်၊ ခေါက်ဆွဲနှင့် ဆန်ဖြင့် ထုတ်လုပ်နိုင်သော စားသောက်ကုန် များ ထုတ်လုပ် ကာ တရုတ်ဈေးကွက်သို့ တင်ပို့လိုကြောင်း အဆိုပါသတင်းတွင် ဖော်ပြထား သည်။

The Voice Weekly

No comments:

Post a Comment