Wednesday, February 12, 2014

မြန်မာ့လေကြောင်းက Boeing လေယာဉ်သစ်များ ဝယ်ယူမည်

မြန်မာ့လေကြောင်းက Boeing လေယာဉ်သစ်များ ဝယ်ယူမည်
Wednesday, February 12, 2014

စာချုပ်အရ Boeing 737 လေယာဉ် အနည်းဆုံး(၁၀)စင်းမျှ ကို မြန်မာ့လေကြောင်းအတွက် အမေရိကန် ကုမ္ပဏီကြီးက တင်ပို့ပေးသွားမည် ဖြစ်သည်။

မြန်မာ့လေကြောင်းလိုင်းသည် Boeing ကုမ္ပဏီထုတ် လေယာဉ်သစ်များ ဝယ်ယူရန် ဒေါ်လာ(၁)ဘီလျံနီးပါး တန်ကြေးရှိသော စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြသည်။ အဆိုပါ စာချုပ်အရ Boeing 737 လေယာဉ် အနည်းဆုံး(၁၀)စင်းမျှ ကို မြန်မာ့လေကြောင်းအတွက် အမေရိကန် ကုမ္ပဏီကြီးက တင်ပို့ပေးသွားမည် ဖြစ်သည်။ အစိုးရပိုင် မြန်မာ့လေကြောင်းလိုင်းသည် လက်ရှိ အသုံးပြုနေသည့် လေယာဉ်များအနက် သက်တမ်းလွန်နေသည်များကို အစားထိုးရန်နှင့် ပျံသန်းမှု ခရီးစဉ်များ တိုးချဲ့ရန်အတွက် Boeingထံမှ လေယာဉ်သစ်များ မှာယူခဲ့ခြင်း ဖြစ်သည်။ ယင်းအရောင်းအဝယ် ကိစ္စတွင် Boeingနှင့် မြန်မာ့လေကြောင်းတို့ကြား၌ တစ်ဆင့်ခံအဖြစ် လေယာဉ်များကို စာချုပ်ဖြင့် ရောင်းချပေးသည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး GECASက ကြားဝင်ဆောင်ရွက်ခဲ့သည်။

(ရန်ကုန်နိုင်ငံတကာလေဆိပ်)

လက်ရှိ မြန်မာ့လေကြောင်းလိုင်းသည် ခရီးစဉ်များကို ပြည်တွင်း၌သာ အဓိက ဖြန့်ကျက်ထားပြီး ပြည်ပခရီးစဉ်ဟူ၍ ဗုဒ္ဓဂယာသို့သာ ပျံသန်းလျှက်ရှိသည်။ မှာယူထားသော လေယာဉ်သစ်များကို (၂၀၂၀)ပြည့်နှစ်တွင် မြန်မာ့လေကြောင်းထံ Boeingက အပြီးသတ် လက်လွှဲရမည်ဖြစ်ကြောင်း GECASမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ GECAS၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ် နော်မန်လျူက "မြန်မာ့လေကြောင်းအတွက် Boeingရဲ့ အဆင့်မြင့် လေယာဉ်သစ်တွေ ထောက်ပံ့ခွင့် ရမယ့်အတွက် ကျွန်တော်တို့ ကျေနပ်ပျော်ရွှင်မိပါတယ်"ဟု ဆိုသည်။ "ဒါဟာ မြန်မာ့လေကြောင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အထင်ကရ မှတ်တိုင်သစ် တစ်ခုလည်း ဖြစ်ပါတယ်"ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

မြန်မာ့လေကြောင်းသည် လတ်တလောတွင် သေးငယ်သည့် လေ ယာဉ်ငယ်များဖြစ်သည့်  ATR Turboprop၊ Fokker F28နှင့် Cessna စသည်တို့ကိုသာ အဓိက အသုံးပြုနေသည်။ Boeing၏ လေယာဉ်သစ်များကို ရရှိလာပါက မြန်မာ့လေကြောင်း အနေဖြင့် ဂျပန်၊ တောင်ကိုရီးယားတို့သို့ ပျံသန်းနိုင်ရန် ရည်ရွယ်ထားသည်။ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် Boeingမှ ကိုယ်စားလှယ်များသည် အင်္ဂါနေ့က စင်္ကာပူ လေကြောင်းပြပွဲတွင် ယင်းအရောင်းအဝယ် သဘောတူညီမှုအတွက် အပြီးသတ် စာချုပ် လက်မှတ်ထိုးခဲ့သည်။ ယင်းစာချုပ်၏ တန်ကြေးအတိအကျသည် ဒေါ်လာ သန်း(၉၆၀)ဝန်းကျင် ဖြစ်နိုင်ပြီး Boeing လေယာဉ်များကို GECASက ဝယ်ယူကာ မြန်မာ့လေကြောင်းထံသို့ အရစ်ကျ ငွေပေးသွင်းမှု စနစ်ဖြင့် ပြန်လည် လက်လွှဲပေးသွားမည် ဖြစ်သည်။ 

Planet Myanmar Network
စာချုပ်အရ Boeing 737 လေယာဉ် အနည်းဆုံး(၁၀)စင်းမျှ ကို မြန်မာ့လေကြောင်းအတွက် အမေရိကန် ကုမ္ပဏီကြီးက တင်ပို့ပေးသွားမည် ဖြစ်သည်။

မြန်မာ့လေကြောင်းလိုင်းသည် Boeing ကုမ္ပဏီထုတ် လေယာဉ်သစ်များ ဝယ်ယူရန် ဒေါ်လာ(၁)ဘီလျံနီးပါး တန်ကြေးရှိသော စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြသည်။ အဆိုပါ စာချုပ်အရ Boeing 737 လေယာဉ် အနည်းဆုံး(၁၀)စင်းမျှ ကို မြန်မာ့လေကြောင်းအတွက် အမေရိကန် ကုမ္ပဏီကြီးက တင်ပို့ပေးသွားမည် ဖြစ်သည်။ အစိုးရပိုင် မြန်မာ့လေကြောင်းလိုင်းသည် လက်ရှိ အသုံးပြုနေသည့် လေယာဉ်များအနက် သက်တမ်းလွန်နေသည်များကို အစားထိုးရန်နှင့် ပျံသန်းမှု ခရီးစဉ်များ တိုးချဲ့ရန်အတွက် Boeingထံမှ လေယာဉ်သစ်များ မှာယူခဲ့ခြင်း ဖြစ်သည်။ ယင်းအရောင်းအဝယ် ကိစ္စတွင် Boeingနှင့် မြန်မာ့လေကြောင်းတို့ကြား၌ တစ်ဆင့်ခံအဖြစ် လေယာဉ် များကို စာချုပ်ဖြင့် ရောင်းချပေးသည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး GECASက ကြားဝင်ဆောင်ရွက် ခဲ့သည်။

(ရန်ကုန်နိုင်ငံတကာလေဆိပ်)

လက်ရှိ မြန်မာ့လေကြောင်းလိုင်းသည် ခရီးစဉ်များကို ပြည်တွင်း၌သာ အဓိက ဖြန့်ကျက် ထားပြီး ပြည်ပ ခရီးစဉ်ဟူ၍ ဗုဒ္ဓဂယာသို့သာ ပျံသန်းလျှက်ရှိသည်။ မှာယူထားသော လေယာဉ်သစ်များကို (၂၀၂၀)ပြည့်နှစ်တွင် မြန်မာ့လေကြောင်းထံ Boeingက အပြီးသတ် လက်လွှဲရမည်ဖြစ်ကြောင်း GECASမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ GECAS၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ် နော်မန်လျူက "မြန်မာ့လေကြောင်းအတွက် Boeingရဲ့ အဆင့်မြင့် လေယာဉ်သစ်တွေ ထောက်ပံ့ခွင့် ရမယ့်အတွက် ကျွန်တော်တို့ ကျေနပ်ပျော်ရွှင်မိပါတယ်"ဟု ဆိုသည်။ "ဒါဟာ မြန်မာ့လေကြောင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အထင်ကရ မှတ်တိုင်သစ် တစ်ခုလည်း ဖြစ်ပါတယ်"ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

မြန်မာ့လေကြောင်းသည် လတ်တလောတွင် သေးငယ်သည့် လေ ယာဉ်ငယ်များဖြစ်သည့် ATR Turboprop၊ Fokker F28နှင့် Cessna စသည်တို့ကိုသာ အဓိက အသုံးပြုနေသည်။ Boeing၏ လေယာဉ်သစ်များကို ရရှိလာပါက မြန်မာ့လေကြောင်း အနေဖြင့် ဂျပန်၊ တောင်ကိုရီးယားတို့သို့ ပျံသန်းနိုင်ရန် ရည်ရွယ်ထားသည်။ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် Boeingမှ ကိုယ်စားလှယ်များသည် အင်္ဂါနေ့က စင်္ကာပူ လေကြောင်းပြပွဲတွင် ယင်းအရောင်းအဝယ် သဘောတူညီမှုအတွက် အပြီးသတ် စာချုပ် လက်မှတ်ထိုးခဲ့သည်။ ယင်းစာချုပ်၏ တန်ကြေးအတိအကျသည် ဒေါ်လာ သန်း(၉၆၀)ဝန်းကျင် ဖြစ်နိုင်ပြီး Boeing လေယာဉ်များကို GECASက ဝယ်ယူကာ မြန်မာ့လေကြောင်းထံသို့ အရစ်ကျ ငွေပေးသွင်းမှု စနစ်ဖြင့် ပြန်လည် လက်လွှဲပေးသွားမည် ဖြစ်သည်။

Planet Myanmar Network

No comments:

Post a Comment