Thursday, February 20, 2014

ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် ရန်ကုန်မှ CPI တရုတ် ကုမ္ပဏီစီမံကိန်း နေရာအထိ လမ်းလျှောက်တောင်းဆိုမှုကို လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က မတ် ၁၅ ရက်တွင် ပြုလုပ်မည်

Photo: ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် ရန်ကုန်မှ CPI တရုတ် ကုမ္ပဏီစီမံကိန်း နေရာအထိ လမ်းလျှောက်တောင်းဆိုမှုကို လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က မတ် ၁၅ ရက်တွင် ပြုလုပ်မည်
Thursday, February 20, 2014

အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် တောင်းဆိုသည့် လှုပ်ရှားမှုတစ်ရပ်အဖြစ် ရန်ကုန်မှ စီမံကိန်းနေရာအထိ လမ်းလျှောက်မည့် အစီအစဉ်ကို မတ် ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ လမ်းလျှောက်မှုကို အရပ်ဘက် လူ့အဖွဲ့အစည်း ၃၄ ဖွဲ့က မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တော် ခန်းမရှေ့မှ CPI တရုတ်ကုမ္ပဏီ စီမံကိန်းများ ဆောင်ရွက်လျက်ရှိသော ဧရာဝတီမြစ်ညာပိုင်းအထိ လမ်းလျှောက်တောင်းဆိုကြမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် အရပ်ဒေသများတွင် ဧရာဝတီမြစ်ဆုံ စီမံကိန်းများ ပြုလုပ်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများနှင့် ဧရာဝတီမြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသိပေးဟောပြောမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးရေး လမ်းလျှောက်တောင်းဆိုမှုကို မတ် ၁၅ ရက်မှာ စတင်ပြုလုပ်မှာပါ။ အရပ်ဘက် လူ့အဖွဲ့အစည်း ၃၄ ဖွဲ့က အဓိကပါဝင်မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို ကာကွယ်ဖို့၊ ရပ်ဆိုင်းဖို့ဆန္ဒရှိတဲ့ နိုင်ငံသား မည်သူ့ကိုမဆို ပါဝင်ခွင့်ပေးသွားမယ်။ ပါဝင်ကြဖို့ကိုလည်း နှိုးဆော်စာတွေကို ဖြန့်ဝေနေတယ်။ CPI တရုတ်ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ တောင်းဆိုမှုကို စောင့်ကြည့်နေမှာပါ။ ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံသားတွေ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းစေချင်တဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ တညီတညွတ်တည်း ရှိတယ်ဆိုတာ ပြရပါမယ်။ ဒီလို လမ်းလျှောက်တဲ့ အခါမှာလည်း ပုဒ်မ ၁၈ ကို အယုံအကြည် မရှိတဲ့အတွက် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ကို တောင်းခံသွားမှာ မဟုတ်သလို ပိတ်ပင်တားဆီးမှုရှိရင်လည်း ဆက်လျှောက်သွားမှာပါပဲ။ အင်အားသုံး တားဆီးမယ်ဆိုရင်တော့ အစိုးရက သမိုင်းတရားခံ ဖြစ်သွားပါလိမ့်မယ်” ဟု ဦးရဲထွဋ်ခေါင်က ပြောကြားသည်။

ထိုသို့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်ရာတွင် နိုင်ငံရေး အကျဉ်းသားတစ်ဦးမှ ကျပ်သိန်း ၂၀၀ ကျော် ထောက်ပံ့မည်ဖြစ်ကြောင်းနှင့် ခရိုနီစီးပွားရေး လုပ်ငန်းရှင်များ၏ ထောက်ပံ့ငွေများကိုမူ လက်ခံသွားမည် မဟုတ်ကြောင်း သိရပြီး လမ်းတစ်လျှောက် ဒေသခံများကျွေးမွေးမည့် ထမင်းနှင့်ဟင်းကိုသာ စားသုံးမည်ဖြစ်ကြောင်း သိရသည်။ လမ်းလျှောက်သည့်အဖွဲ့တွင် UN မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များနှင့် ပြည်တွင်းမှ သဘာဝပတ်ဝန်းကျင် ပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် လမ်းလျှောက်တောင်း ဆိုမည့် အစီအစဉ်တွင် ပြည်သူများပါဝင်စေရန် နှိုးဆော်စာများ ဖြန့်ဝေနေစဉ်
ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် လမ်းလျှောက်တောင်းဆိုမည့်အစီအစဉ်တွင် ပြည်သူများပါဝင်စေရန် နှိုးဆော်စာ များ ဖြန့်ဝေနေစဉ်
အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် တောင်းဆို သည့် လှုပ်ရှားမှုတစ်ရပ်အဖြစ် ရန်ကုန်မှ စီမံကိန်းနေရာအထိ လမ်းလျှောက်မည့် အစီအစဉ်ကို မတ် ၁၅ ရက် တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


အဆိုပါ လမ်းလျှောက်မှုကို အရပ်ဘက် လူ့အဖွဲ့အစည်း ၃၄ ဖွဲ့က မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တော် ခန်းမရှေ့မှ CPI တရုတ်ကုမ္ပဏီ စီမံကိန်းများ ဆောင်ရွက်လျက်ရှိသော ဧရာဝတီမြစ်ညာပိုင်းအထိ လမ်းလျှောက်တောင်းဆိုကြမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် အရပ်ဒေသ များတွင် ဧရာဝတီမြစ်ဆုံ စီမံကိန်းများ ပြုလုပ်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည့် အကြောင်း အရာများနှင့် ဧရာဝတီမြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသိပေးဟောပြော မှု များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးရေး လမ်းလျှောက်တောင်းဆိုမှုကို မတ် ၁၅ ရက်မှာ စတင်ပြုလုပ်မှာပါ။ အရပ်ဘက် လူ့အဖွဲ့အစည်း ၃၄ ဖွဲ့က အဓိကပါဝင်မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ သားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို ကာကွယ်ဖို့၊ ရပ်ဆိုင်းဖို့ဆန္ဒရှိတဲ့ နိုင်ငံသား မည်သူ့ ကို မဆို ပါဝင်ခွင့်ပေးသွားမယ်။ ပါဝင်ကြဖို့ကိုလည်း နှိုးဆော်စာတွေကို ဖြန့်ဝေနေတယ်။ CPI တရုတ် ကုမ္ပဏီ အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ တောင်းဆိုမှုကို စောင့်ကြည့်နေမှာပါ။ ဒီလိုအချိန် မျိုးမှာ မြန်မာနိုင်ငံသားတွေ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းစေချင်တဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ တညီ တညွတ်တည်း ရှိတယ်ဆိုတာ ပြရပါမယ်။ ဒီလို လမ်းလျှောက်တဲ့ အခါမှာလည်း ပုဒ်မ ၁၈ ကို အယုံအကြည် မရှိတဲ့အတွက် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ကို တောင်းခံသွားမှာ မဟုတ်သလို ပိတ်ပင်တားဆီးမှုရှိရင်လည်း ဆက်လျှောက်သွားမှာပါပဲ။ အင်အားသုံး တားဆီးမယ်ဆိုရင်တော့ အစိုးရက သမိုင်းတရားခံ ဖြစ်သွား ပါလိမ့်မယ်” ဟု ဦးရဲထွဋ်ခေါင်က ပြောကြားသည်။

ထိုသို့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်ရာတွင် နိုင်ငံရေး အကျဉ်းသားတစ်ဦးမှ ကျပ်သိန်း ၂၀၀ ကျော် ထောက်ပံ့မည်ဖြစ်ကြောင်းနှင့် ခရိုနီစီးပွားရေး လုပ်ငန်းရှင်များ၏ ထောက်ပံ့ငွေများကိုမူ လက်ခံ သွားမည် မဟုတ်ကြောင်း သိရပြီး လမ်းတစ်လျှောက် ဒေသခံများကျွေးမွေးမည့် ထမင်းနှင့် ဟင်းကိုသာ စားသုံးမည်ဖြစ်ကြောင်း သိရသည်။ လမ်းလျှောက်သည့်အဖွဲ့တွင် UN မှ သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ပြည်တွင်းမှ သဘာဝပတ်ဝန်းကျင် ပညာရှင်များ ပါဝင် မည်ဖြစ်ကြော င်း သိရသည်။

Eleven Media Group

No comments:

Post a Comment