Wednesday, February 19, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အင်ဒိုနီးရှား သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr. Moeldoko က ဂုဏ်ပြု အခမ်း အနားဖြင့် ကြိုဆို

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အင်ဒိုနီးရှား သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr. Moeldoko က ဂုဏ်ပြု အခမ်း အနားဖြင့် ကြိုဆို
Wednesday, February 19, 2014

နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးမြှင့် လိုပြီး ဆက်ဆံရေး နွေးထွေး မှုရှိစေရန် အတွက် လာရောက်ခြင်းဖြစ်၊ နိုင်ငံ အသီးသီးရှိ တပ်မတော် တိုင်းသည် ၎င်းနိုင်ငံ၏ အမျိုးသားရေး တာဝန်ကိုထမ်းဆောင် ကြရပြီး မည်သူကမျှ တားဆီး၍မရ၊ လာမည့် မတ်လတွင်ကျင်းပမည့် အာဆီယံ တပ်မတော် ဦးစီးချုပ်များ အစည်း အဝေးကို တက်ရောက်မည့် အဆွေတော်အား ဝမ်းမြောက်စွာ ကြိုဆို ..

-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခု ချစ်ကြည်ရေး ခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော်အတွက် အကျိုးဖြစ်ထွန်းမည့် ခရီးစဉ် တစ်ခုဖြစ်၊ အဆွေတော်၏ အမြော်အမြင် ရှိမှုနှင့် ဦးဆောင်မှု ကောင်းမွန် ခြင်းတို့ကြောင့် အာဆီယံ တပ်မတော် ဆိုင်ရာ အစည်းအဝေး များကို အောင်မြင်စွာ ကျင်းပနိုင်မည်ဟု အပြည့်အဝ ယုံကြည်၊ ယခုအချိန်တွင် နှစ်နိုင်ငံ အစိုးရ အချင်း ချင်းနှင့် တပ်မတော် နှစ်ရပ် အကြား ယခင်ကထက် ဆက်ဆံရေး နယ်ပယ် တိုးတက်လာခဲ့ . .

-အင်ဒိုနီးရှား သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr. Moeldoko

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အင်ဒိုနီးရှား သမ္မတနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr. Moeldoko က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ရက် ဒေသ စံတော်ချိန် နံနက် ၇နာရီတွင် ဂျကာတာမြို့ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ရေးပြကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် အင်ဒိုနီးရှား သမ္မတနိုင်ငံ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ရောက်ရှိလာရာ အင်ဒိုနီးရှား သမ္မတနိုင်ငံ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr.Moeldoko နှင့်အတူ အင်ဒိုနီးရှား တပ်မတော် အရာရှိ ကြီးများက ရင်းနှီး ခင်မင်စွာ ခရီးဦးကြိုဆို နှုတ်ဆက်ပြီး အလေးပြုခံ စင်မြင့်သို့ သွားရောက်နေရာယူကာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အင်ဒိုနီးရှား သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြပြီး ဂုဏ်ပြု ကြိုဆိုပွဲ တက်ရောက် လာကြသူများနှင့် အပြန်အလှန် မိတ်ဆက်ကြသည်။ ၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် အင်ဒိုနီးရှား သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr. Moeldoko ဦးဆောင်သော အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးကြသည်။

တွေ့ဆုံရာတွင် အင်ဒိုနီးရှား ကာကွယ်ရေး ဦးစီးချုပ်မှ အဆွေတော် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ အားလုံး အင်ဒိုနီးရှား နိုင်ငံမှ လှိုက်လှဲစွာ ကြိုဆိုနှုတ်ခွန်းဆက် ပါကြောင်း၊ ယခုချစ်ကြည် ရေးခရီးစဉ်သည် နှစ်နိုင်ငံတပ်မတော်အတွက် အကျိုးဖြစ်ထွန်းမည့် ခရီးစဉ်တစ်ခုဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေမှု အတွက် ဂုဏ်ယူမိ ပါကြောင်း၊

အဆွေတော်၏ အမြော်အမြင် ရှိမှုနှင့် ဦးဆောင်မှု ကောင်းမွန်ခြင်း တို့ကြောင့် လာမည့် မတ်လနှင့် မေလများတွင် ကျင်းပမည့် အာဆီယံ တပ်မတော်ဆိုင်ရာ အစည်းအဝေး များကို အောင်မြင်စွာ ကျင်းပနိုင်မည်ဟု မိမိအပြည့်အဝ ယုံကြည်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ရှည်လျားသော ဆက်ဆံရေး အစဉ် အလာကောင်းများ ရှိခဲ့ပြီး ဘက်မလိုက် အဖွဲ့ဝင် နိုင်ငံများလည်း ဖြစ်ပါကြောင်း၊

ယခုအချိန်တွင် နှစ်နိုင်ငံ အစိုးရ အချင်းချင်းနှင့် တပ်မတော် နှစ်ရပ်အကြား ယခင်ကထက် ဆက်ဆံရေး နယ်ပယ် တိုးတက်လာခဲ့ပြီး စစ်ဦးစီး တက္ကသိုလ်နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သင် တန်းသားများ အချင်းချင်း အပြန်အလှန်လည်ပတ်နိုင်ရေး ဖိတ်ခေါ် လိုပါကြောင်း၊ မြန်မာ့ တပ်မတော် အနေဖြင့် Peace keeping သင်တန်းအား တက်ရောက် လိုပါက အရာရှိ သင်တန်းသားများ စေလွှတ် နိုင်ပါကြောင်း၊၂ဝ၁၃ခုနှစ် ဒီဇင်ဘာလအတွင်း (၂၇) ကြိမ်မြောက် အာဆီယံ အားကစား ပြိုင်ပွဲ ကျင်းပနိုင်ခဲ့ ခြင်းနှင့် ပြိုင်ပွဲတွင် ထိပ်ဆုံးပိုင်း၌ ရပ်တည်နိုင်ခဲ့သဖြင့် ဂုဏ်ယူပါကြောင်းဖြင့် ဆွေးနွေးကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားရာတွင် မိမိတို့ ကိုယ်စားလှယ် အဖွဲ့အား နွေးထွေး လှိုက်လှဲစွာ ကြိုဆိုသည့် အတွက် ကျေးဇူးတင် ပါကြောင်း၊ အင်ဒိုနီးရှား နိုင်ငံနှင့် မြန်မာနိုင်ငံ ရှည်လျားသော ဆက်ဆံရေး ရှိခဲ့သော်လည်း ကာကွယ်ရေး ဦးစီးချုပ် အနေနှင့် အင်ဒိုနီးရှား နိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်သည့် အတွက် မှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း၊ မိမိယခု လာရောက်ခြင်းသည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ချစ်ကြည် ရင်းနှီးမှုကိုပိုမို တိုးမြှင့် လို၍ဖြစ်ပြီး အင်ဒိုနီး ရှားနှင့် ဆက်ဆံရေး နွေးထွေးမှု ရှိစေရန်အတွက် ဖြစ်ကြောင်း၊

မိမိတို့ နှစ်နိုင်ငံသည် ၁၉၅၁ခုနှစ် ဘန်ဒေါင်း ညီလာခံတွင် ဘက်မလိုက်ဘဲ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ်ကို အတူတကွ လက်မှတ်ရေးထိုး နိုင်ကြ ကြောင်း၊ ၎င်းမူများသည် ယနေ့ကမ္ဘာပေါ်တွင် စံတစ်ခု အနေနှင့် ရှိနေပြီ ဖြစ်ကြောင်း၊ မိမိနိုင်ငံ သို့လည်း အင်ဒိုနီးရှား တပ်မတော် (ကြည်း၊ ရေ၊ လေ) ခေါင်းဆောင်များ အပြန်အလှန် လည်ပတ်ရန် ဖိတ်ခေါ်ပါကြောင်း၊ စစ်ဦးစီး တက္ကသိုလ်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းများလည်း လာရောက် လည်ပတ်ရန် ဖိတ်ခေါ် ပါကြောင်း၊

နှစ်နိုင်ငံ တပ်မတော် အားကစားနှင့် ယဉ်ကျေးမှု အဖွဲ့များ အပြန်အလှန် စေလွှတ်နိုင်ရန်နှင့် နှစ်နိုင်ငံ ဘာသာစကား သင်တန်းများ အပြန်အလှန် စေလွှတ် တက်ရောက်နိုင်ရေး အတွက် ကိုလည်း အကြံပြုလို ပါကြောင်း၊ အဆွေတော်တို့ နိုင်ငံတွင် ဖွင့်လှစ်ထားသော Peace keeping သင်တန်းများကိုလည်း စိတ်ဝင်စား ပါကြောင်း၊ မိမိအား UN ကိုယ်စားလှယ် တစ်ဦးမှ မြန်မာ့ တပ်မတော် သားများကို ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့တွင် ပါဝင်နိုင်ရေး အတွက် အကြံပြု ကမ်းလှမ်း ထားပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ့ တပ်မတော် နှင့်အင်ဒိုနီးရှား တပ်မတော်သည် အတွေ့အကြုံရင့်ကျက်သည့် တပ်မတော်များ ဖြစ်ပါကြောင်း၊ ၎င်းအတွေ့အကြုံ များကို အမြင်ချင်း ဖလှယ်ပြီး ပိုမိုပူးပေါင်း ဆောင်ရွက် နိုင်ပါက အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးတွင် ရှိသော တပ်မတော်တိုင်းသည် ၎င်းနိုင်ငံ၏ အမျိုး သားရေး တာဝန်ကို ထမ်းဆောင် ကြရပြီး မည်သူကမျှ တားဆီး၍ မရပါကြောင်း၊ လာမည့်မတ်လတွင် ကျင်းပမည့် အာဆီယံ တပ်မတော် ဦးစီးချုပ်များ အစည်းအဝေးကို တက်ရောက်မည့် အဆွေတော်အား ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အင်ဒိုနီးရှား သမ္မတနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr. Moeldoko ၊ အင်ဒိုနီးရှား တပ်မတော်မှ တပ်မတော် အကြီးအကဲများ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment