Thursday, March 6, 2014

AFC Challenge Cup ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန်အတွက် အင်ဒိုနီးရှားအသင်းကို MFF ဖိတ်ကြား

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် AFC Challenge Cup ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း နှင့် ခြေစမ်းကစားရန်အတွက် အင်ဒိုနီးရှား လက်ရွေးစင်အသင်းကို ဖိတ်ကြားထားကြောင်း သိရသည်။MFF သည် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ်ဖြစ်သူ ဆားဘီးယားလူမျိုး အေဗရာမိုဗစ်၏ ဆန္ဒအရ အင်ဒိုနီးရှားအသင်းကို ဖိတ်ကြားခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းခြေစမ်းပွဲကို လာမည့် မေ ၆ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ တွင် ယှဉ်ပြိုင်ကစားရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်၏ အကြောင်းပြန်မှုကို စောင့်ဆိုင်းလျက်ရှိသည်။ AFC Challenge Cup ပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် မြန်မာ့ လက်ရွေးစင်အသင်း သည် လာမည့် ဧပြီ ၂၃ ရက်တွင် စတင် စခန်းဝင်လေ့ကျင့်မည်ဖြစ်ပြီး AFC Challenge Cup ပြိုင်ပွဲအတွက် ရက် ၂၀ ကျော်သာ ပြင်ဆင်ချိန် ရယူထားကြောင်း သိရသည်။

ယင်းပြိုင်ပွဲမှာ နည်းပြချုပ်သစ် အေဗရာမိုဗစ်အတွက် ပထမဆုံးယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး အောင်မြင်မှုရရှိရန် စွမ်းဆောင်ပေးရမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ မြန်မာအသင်းမှာ အုပ်စု(က)တွင် အိမ်ရှင် မော်လ်ဒိုက်၊ ပါလက်စတိုင်း၊ ကာဂျစ္စတန်တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေပြီး နောက်တစ်ဆင့်တက်ရန် ခက်ခက်ခဲခဲ ရုန်းကန်ရမည်ဖြစ်သည်။

လက်ရှိတွင် အေဗရာမိုဗစ် ဦးဆောင်သော မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖွဲ့ဝင်များသည် ပဏာမ လက်ရွေးစင်များ ရွေးချယ်ရန်အတွက် ပြည်တွင်းပွဲစဉ်များကို လိုက်လံကြည့်ရှုလျက်ရှိပြီး ပဏာမလက်ရွေးစင် အသင်း လူစာရင်းကို ဧပြီလဆန်းပိုင်း၌ ထုတ်ပြန်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment