Friday, March 21, 2014

လာမည့် ASCC အစည်းအဝေးတွင် နေပြည်တော်ကြေညာ စာတမ်းတစ်စောင် တင်ပြသွားမည်

လာမည့် ဧပြီ ၄ ရက်တွင် ပြုလုပ်မည့် (၁၂)ကြိမ်မြောက် အာဆီယံလူမှုရေး၊ ယဉ်ကျေးမှု အသိုက်အဝန်း (ASCC)အစည်း အဝေးပွဲတွင် 'နေပြည်တော် ကြေညာစာတမ်း' တစ်စောင်ရေး သား ပြုစုကာ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ASCC မှ အတွင်းရေး မှူး တာဝန် ယူဆောင်ရွက်နေသော ဒေါ်နန္ဒာမွှန်းကပြောကြားသည်။

နေပြည်တော်ကြေညာစာ တမ်းတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အမျိုးသားစီမံကိန်းနှင့်ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၊ ယဉ် ကျေးမှုဝန်ကြီးဌာနနှင့် ASCC ကောင် စီအောက်ရှိ ဆက်စပ် ဝန်ကြီးဌာန ၁၆ခုတို့ ပူးပေါင်းကာ အာဆီယံ အစည်းအဝေးများကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပသော မြန်မာ နိုင်ငံ၏ဆောင်ရွက်ချက်များ၊အာဆီယံ ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာ တွင်ကောင်းမွန်သောအကျိုးရလဒ် များရရှိစေရန် ဆောင် ရွက် ရမည့် မှတ်တမ်းများကို ထည့်သွင်းဖော်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

ASCC သည် ဒေသတွင်းရှိ ရင်ဆိုင်ရသော အကျပ်အတည်း များအား ခံနိုင်ရည်ရှိမှု၊ သဘော တူညီချက်များအပေါ် ထိန်းသိမ်း လိုက်နာမှု၊ စုပေါင်းတာဝန်ယူမှုများ ဖြင့် လူသားအရင်း အမြစ်နှင့် လူမှု ရေးဖွံ့ဖြိုး တိုးတက်စေရန်၊အခြေခံ ကျသော လွတ်လပ်ခွင့်များကို လေးစားရန်၊ ကျား/မ မခွဲခြားဘဲ တန်းတူအခွင့်အရေးရရှိရန်၊လူ့အခွင့် အရေးများ တိုးတက်ဖွံ့ဖြိုးရေး အတွက် ကာကွယ်စောင့်ရှောက်ရန် နှင့် လူမှုရေးတို့တွင် တရားမျှတမှု ရှိစေရန် သွင်ပြင်လက္ခဏာတို့ကို
ဖော်ဆောင်စေမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများရှိ ပြည်သူများ၏ ကွဲပြားသောယဉ်ကျေးမှု များ၊ ဘာ သာစကားများနှင့် ဘာသာတရား များကို လေးစားလိုက်နာမည်ဖြစ် သကဲ့သို့ အာဆီယံ၏ကွဲပြားခြား နားမှုများ၊ ညီညွတ်မှုစိတ်ဓာတ်များ၊ တွေ့ကြုံရသောလက်တွေ့ဘဝများ၊ အခွင့်အရေးများနှင့် စိန်ခေါ်မှုများ အပေါ်အသားပေးအလေးထားဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment