Wednesday, March 12, 2014

သမိုင်းဘူတာရုံလမ်းတွင် အငှားယာဉ်တစ်စီးက လမ်းဘေးတွင်ရပ်ထားသော အငှားယာဉ်အား ၀င်တိုက်မိပြီး ပက်လက်လှန်ကာ ခရီးသည်တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

Photo: သမိုင်းဘူတာရုံလမ်းတွင် အငှားယာဉ်တစ်စီးက လမ်းဘေးတွင်ရပ်ထားသော အငှားယာဉ်အား ၀င်တိုက်မိပြီး ပက်လက်လှန်ကာ ခရီးသည်တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ
Wednesday, March 12, 2014

မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းနှင့် ဦးအောင်ဇေယျလမ်းထိပ်တွင် မတ် ၁၁ ရက် ည ၉ နာရီဝန်းကျင်တွင် အငှားယာဉ်တစ်စီးက လမ်းဘေးတွင်ရပ်ထားသော အငှားယာဉ်အား ၀င်တိုက်မိပြီး ပက်လက်လန်ကာ ခရီးသည်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ သမိုင်းဘူတာရုံလမ်း၊ (၂) ရပ်ကွက်၊ ဦးအောင်ဇေယျ လမ်းထိပ်တွင် ည ၉ နာရီဝန်းကျင်တွင် ဘုရင့်နောင် မီးရထားဂုံးတံတားဘက်ကနေ မောင်းနှင်လာသော spacio အမျိုးအစား အပြာရောင် အငှားယာဉ်သည် သမိုင်းမြို့မ ဘုန်းကြီးကျောင်းရှေ့ အရောက်တွင် သမိုင်းလမ်းဆုံဘက်မှ မောင်းနှင်လာသောကားအား ရှောင်လိုက်ရာ အရှိန်လွန်ပြီး လမ်းဘေးတွင်ရပ်ထားသော စူပါရုဗင်အမျိုးအစား အဖြူရောင်အငှားယာဉ်အား တိုက်မိခဲ့ကြောင်း၊ ထိုသို့တိုက်မိသော အရှိန်ကြောင့် spacio အမျိုးအစား အပြာရောင် အငှားယာဉ်မှာ ပလပ်ဖောင်းပေါ်၌ ပက်လက်လှန်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် spacio အမျိုးအစား အပြာရောင်အငှားယာဉ်ပေါ်မှ ခရီးသည် အမျိုးသားတစ်ဦးမှာ ခေါင်းခန်းတွင်ညပ်ကာ သေဆုံးနေပြီး ခရီးသည်တစ်ဦးမှာလည်း ဒဏ်ရာရရှိသွားကြောင်း၊ ယာဉ်မောင်းမှာလည်း ထွက်ပြေးသွားကြောင်း သိရသည်။

“ပက်လက်လှန်သွားတဲ့ အငှားယာဉ်က တံတားအဆင်းကနေ အရှိန်နဲ့ မောင်းလာတယ်။ လေးထိုးကျွတ်ဖာဆိုင်ရှေ့မှာ ကားနှစ်စီးက နှစ်ထပ်ရပ်ထားတာတွေ့လို့ ကျော်တက်လိုက်တယ်။ အဲဒီလို ကျော်တက်တဲ့အချိန်မှာ တစ်ဖက်ယာဉ်ကြောကလာတဲ့ ပရိုဘောက်ယာဉ်နဲ့ တိုက်မိမှာစိုးလို့ ရှောင်လိုက်တယ်။ နောက်တော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကရပ်ထားတဲ့ အငှားယာဉ်နဲ့တိုက်မိပြီး ပက်လက်လှန်သွားတာပါ။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ သေသွားတဲ့သူက ယာဉ်မောင်းဘေးမှာ ထိုင်တဲ့သူပါ။ သူက အထဲမှာညပ်ပြီး သေနေတာပါ” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

Eleven Media Group

တိမ်းမှောက်သွားသည့် အငှားယာဉ်အတွင်းမှ ခရီးသည်အား ဆွဲထုတ်နေစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
တိမ်းမှောက်သွားသည့် အငှားယာဉ်အတွင်းမှ ခရီးသည်အား ဆွဲထုတ်နေစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)

မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းနှင့် ဦးအောင်ဇေယျလမ်းထိပ်တွင် မတ် ၁၁ ရက် ည ၉ နာရီ ၀န်းကျင်တွင် အငှားယာဉ်တစ်စီးက လမ်းဘေးတွင်ရပ်ထားသော အငှားယာဉ်အား ၀င်တိုက်မိပြီး ပက်လက်လန်ကာ ခရီးသည်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ သမိုင်းဘူတာရုံလမ်း၊ (၂) ရပ်ကွက်၊ ဦးအောင်ဇေယျ လမ်းထိပ်တွင် ည ၉ နာရီ ၀န်းကျင်တွင် ဘုရင့်နောင် မီးရထားဂုံးတံတားဘက်ကနေ မောင်းနှင်လာသော spacio အမျိုးအစား အပြာရောင် အငှားယာဉ်သည် သမိုင်းမြို့မ ဘုန်းကြီးကျောင်းရှေ့ အရောက်တွင် သမိုင်းလမ်းဆုံဘက်မှ မောင်းနှင် လာသောကားအား ရှောင်လိုက်ရာ အရှိန်လွန်ပြီး လမ်းဘေးတွင်ရပ်ထားသော စူပါရုဗင်အမျိုး အစား အဖြူရောင်အငှားယာဉ်အား တိုက်မိခဲ့ကြောင်း၊ ထိုသို့တိုက်မိသော အရှိန်ကြောင့် spacio အမျိုးအစား အပြာရောင် အငှားယာဉ်မှာ ပလပ်ဖောင်းပေါ်၌ ပက်လက်လှန်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် spacio အမျိုးအစား အပြာရောင်အငှားယာဉ်ပေါ်မှ ခရီးသည် အမျိုးသားတစ်ဦး မှာ ခေါင်းခန်းတွင်ညပ်ကာ သေဆုံးနေပြီး ခရီးသည်တစ်ဦးမှာလည်း ဒဏ်ရာရရှိ သွားကြောင်း၊ ယာဉ်မောင်း မှာလည်း ထွက်ပြေးသွားကြောင်း သိရသည်။

“ပက်လက်လှန်သွားတဲ့ အငှားယာဉ်က တံတားအဆင်းကနေ အရှိန်နဲ့ မောင်းလာတယ်။ လေးထိုးကျွတ်ဖာ ဆိုင်ရှေ့မှာ ကားနှစ်စီးက နှစ်ထပ်ရပ်ထားတာတွေ့လို့ ကျော်တက်လိုက်တယ်။ အဲဒီလို ကျော်တက်တဲ့ အချိန်မှာ တစ်ဖက်ယာဉ်ကြောကလာတဲ့ ပရိုဘောက်ယာဉ်နဲ့ တိုက်မိမှာစိုးလို့ ရှောင်လိုက်တယ်။ နောက်တော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကရပ်ထားတဲ့ အငှားယာဉ်နဲ့တိုက်မိပြီး ပက်လက်လှန်သွား တာပါ။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ သေသွားတဲ့သူက ယာဉ်မောင်းဘေးမှာ ထိုင်တဲ့သူပါ။ သူက အထဲမှာ ညပ်ပြီး သေနေတာပါ” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment