Friday, March 14, 2014

မန္တလေးသင်္ကြန် အတွက် မဲစနစ် ဖြင့် ကျုံးပတ်လည် တွင် မဏ္ဍပ် (၃၃) ခု နေရာ ချထား

မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့ မဟာ သင်္ကြန် အတွက် မဏ္ဍပ် များ ကို မတ်လ (၁၃) ရက် နေ့ နံ နက် (၁၀) နာရီ က မဲနှိုက်ချ ထားပေး ခဲ့ရာ ကျုံး ပတ်လည် တွင် မဏ္ဍပ် (၃၃) လုံး ချထား ပေး ခဲ့ပြီး၊ ထပ်မံ လျှောက်ထား ပါက ကျုံး အနောက်ဘက် နှင့် ကျုံးမြောက် ဘက်တွင် သာ နေရာ ချထား ပေးတော့ မည် ဖြစ် ကြောင်း မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန မှ တာဝန်ရှိ သူတစ် ဦးက The Messenger သ တင်းစာသို့ပြောသည်။ သင်္ကြန် ကာလရေ ကစား မဏ္ဍပ်အတွက် လာရောက် လျှောက်ထား မှုတွင် ကျုံးတောင် ဘက် (၂၆) လမ်းနေရာအတွက် လာရောက် လျှောက်ထား မှု (၂၃၅) ခု အထိ ရှိခဲ့ပြီး၊ ကျုံးအရှေ့ဘက် (၆၆) လမ်းတစ်လျှောက် တွင် လာရောက်လျှောက်ထားသူ (၁၈) ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ဒီနေ့ကတော့ လာရောက် လျှောက်ထား သမျှ ကို မဲနှိုက်ပြီး တော့ နေရာချ ထား ပေးပြီး သွားပါပြီ။ နောက်ထပ် လာလျှောက် လို့တော့ ရပါသေးတယ်။ လာလျှောက် မယ်ဆိုရင် လည်း ကျုံး အနောက်ဘက် လမ်း (၈၀) နဲ့ ကျုံးမြောက်ဘက် (၁၂) လမ်းမှာပဲ ရနိုင်ပါ တော့မယ်။ ကျုံးရှေ့ဘက် (၆၆) လမ်းနဲ့ ကျုံး တောင်ဘက် (၂၆) လမ်းမှာတော့ ထပ်တိုး ပေးလို့ မရတော့ပါဘူး”” ဟု မ်္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အ ခွန်ဌာနမှ ဌာနမှူး ဦးအောင်စိုးက ပြောသည်။ မဏ္ဍပ်များ နေရာချထားပေးမှုတွင် ကျုံးတောင်ဘက် (၂၆) လမ်းမ တစ်လျှောက် ရှိ မဏ္ဍပ် (၁၅) လုံး၊ ကျုံး အရှေ့ဘက် (၆၆) လမ်းမ တစ်လျှောက် ၌ မဏ္ဍပ် (၁၅) လုံး၊ ကျုံးအ နောက် ဘက် လမ်း (၈၀) ၌ မဏ္ဍပ် နှစ်လုံး၊ ကျုံးမြောက်ဘက် (၁၂) လမ်း၌မဏ္ဍပ် တစ်လုံး စုစုပေါင်း မဏ္ဍပ် (၃၃) လုံးနေရာချ ထားပေးခဲ့ပြီးဖြစ်ကြောင်း ၄င်းက ပြောသည်။ ကျုံး အနောက်ဘက် နဲ့ မြောက်ဘက် က နှစ် တိုင်း လူ ကျဲပါတယ်။ ကျုံး အနောက် ဘက် ဆိုရင် နေပူတော့ ဒဏ်မခံ နိုင်ကြလို့ ရေ ကစားမဏ္ဍပ် နည်းတယ်။ ကျုံးမြောက်ဘက် မှာတော့ အရိပ်ရတဲ့ နေရာကောင်းလေးတွေ ရှိပါတယ်။ အခု နောက်ပိုင်း ကျုံးမြောက်ဘက် ကလူနေလည်း များလာတယ်။ ကျုံးအရှေ့ ဘက်နဲ့ တောင်ဘက် မှာပဲ တိုးဝှေ့ နေရ တာနဲ့ စာရင် နာမည်ကြီး မဏ္ဍပ် တွေကို မျှပြီးချထား ပေးရင်ကောင်းပါတယ်”” ဟု ရေကစားမဏ္ဍပ် များ၌ တီးဝိုင်းများဖြင့် သီချင်းဆို လေ့ရှိ သူ ဒေသခံကိုပေါက် က ပြောသည်။

ယခင်နှစ်များက သင်္ကြန် မဏ္ဍပ် လျှောက် ထားမှု များတွင် အချို့သော ပုဂ်္ဂိုလ်များသည် နေရာကောင်း များ ရရှိပါကစီးပွားဖြစ်ပြန်လည် ရောင်းချခြင်းများရှိခဲ့ပြီး၊ အချို့သော မဏ္ဍပ် များတွင်မူ ခမ်းခမ်း နားနား ပြင်ဆင် ခြင်း မျိုး မရှိဘဲ Sponsor ကောင်းများရှာခြင်းနှင့် နာမည်ကြီး အဆိုတော် များကို ခေါ်ယူ၍ တွက် ခြေကိုက်၊ မ ကိုက်ကိုသာ ကြည့်၍ ပြုလုပ်လေ့ ရှိကြောင်း ၄င်းက ဆိုသည်။ ယခုနှစ် သင်္ကြန်၌ ကျုံးမြောက် ဘက်ရှိ ရေက စားမဏ္ဍပ်တွင် နာမည်ကြီး တေးဂီတ အဖွဲ့ တစ်ခုဖြစ်သည့် SIR အဖွဲ့ မှ သီဆိုဖျော် ဖြေမည်ဖြစ်ကြောင်း ဒေသခံ များ ထံမှ သိရ သည်။ အဆိုပါ အဖွဲ့မှ နာမည်ကြီးတေးသံရှင် ကျားပေါက်၊ ဖော်ကာ၊ ရည်မွန် နှင့် အောင်လ တို့ မှာ ဒေသခံပရိသတ်များစွာ ရှိသဖြင့် ကျုံး မြောက်ဘက် တွင် ရေကစား မဏ္ဍပ် တစ်ခု တည်း သာရှိ သော်လည်း ယခင်နှစ်များထက် ထူးထူးခြားခြား စည်ကားဖွယ်ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ် သင်္ကြန် တွင် မန္တလေးမြို့ ကျုံး အရှေ့ဘက် (၆၆) လမ်း တွင် မဏ္ဍပ် (၁၁) ခု၊ ကျုံးတောင် ဘက် (၂၆)လမ်း တွင် မဏ္ဍပ်(၁၆) ခု၊ ကျုံး အနောက်ဘက် လမ်း (၈၀) တွင် မဏ္ဍပ်သုံးခု စုစုပေါင်း မဏ္ဍပ် အလုံး (၃၀) ခွင့်ပြုပေးခဲ့သည်။

Messenger News Journal

No comments:

Post a Comment