Saturday, March 1, 2014

ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများအပေါ် စုံစမ်းမှုပြုရန် အမေရိကန်တိုက်တွန်း


ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း တိုက်ခိုက်ခဲ့မှုများကြောင့် ကလေးငယ်များအပါအ၀င် လူများစွာ သေဆုံးခဲ့မှုကို အမြန်ဆုံးစုံစမ်းမှုပြုလုပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သောကြာနေ့က တောင်းဆိုခဲ့ပြီး၊ အဆိုပါ သေဆုံးခဲ့ မှုနှင့်ပတ်သက်ပြီး ပစ်တင်ရှုံချပြောဆိုခဲ့ကြောင်း သိရသည်။

ထိုင်းပြည်သူလူထု၏ အရင်းနှီးဆုံးသော မဟာမိတ်တစ်ဦးကဲ့သို့ မိမိအနေဖြင့် သေဆုံးဒဏ်ရာ ရရှိခဲ့မှုများအပေါ် များစွာ ၀မ်းနည်း မိပါကြောင်း၊ အလားတူ ထိုင်းနိုင်ငံရှိ အာဏာပိုင်များအနေဖြင့် ယခုဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများကို စုံစမ်း စစ်ဆေးမှုပြုရန်၊ ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ကြရန် မိမိအနေဖြင့် တိုက်တွန်းပါကြောင်း၊ ကွဲပြားခြားနားနေသည့် နိုင်ငံရေး အယူဝါဒများ ကိုလည်း အမြန်ဆုံး ဖြေရှင်းဆောင်ရွက် သွားစေလိုပါကြောင်း နိုင်ငံခြားရေးဝန်ကြီးမှ ကြေငြာချက်ထုတ်ပြန်ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံရှိ အတိုက်အခံများအနေဖြင့် ၀န်ကြီးချုပ် ယင်လတ်ရှင်နာဝတ် ရာထူးမှပြုတ်ကျစေရေးကို ဖိအားပေး လုပ်ဆောင်နေလျက် ရှိသည်။

အလားတူ ဆန္ဒပြမှုဖြစ်ပွားရာ နေရာများတွင် သေနတ်များ၊ အမြှောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်ဆောင်နေလျက် ရှိကြပြီး၊ အထူးသဖြင့် ညအချိန်တွင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။ ဆန္ဒပြမှုနှင့် ဆက်စပ်နေသည့် အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း ၂၃ ဦး သေဆုံးခဲ့ပြီး၊ ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

MOI webportal Myanmar

No comments:

Post a Comment