Friday, March 14, 2014

မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ တုံ့ပြန်မှု ဗဟိုဌာနကို ဇွန်လတွင် အပြီးတည်ထောင်သွားမည်

Photo: မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ တုံ့ပြန်မှု ဗဟိုဌာနကို ဇွန်လတွင် အပြီးတည်ထောင်သွားမည်
Firday, March 14, 2014

မြန်မာနိုင်ငံ အရေးပေါ် အခြေအနေ တုံ့ပြန်မှု ဗဟိုဌာနကို နေပြည်တော်တွင် မေလနှင့် ဇွန်လအတွင်း အပြီးတည်ထောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟိုဌာန ထူထောင်မှု လုပ်ငန်းခွင် သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် သိရသည်။

မြန်မာနိုင်ငံ အရေးပေါ် အခြေအနေ တုံ့ ပန်မှုဗဟိုဌာန တည်ထောင်ရခြင်းသည် မြန်မာနိုင်ငံ၏ ကြီးမားသည့် အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက စဉ်ဆက်မပြတ် သတင်းအချက်အလက်များ ရရှိရေးနှင့် အရေးပေါ် အခြေအနေ တုံ့ပြန်မှုဖြစ်ပေါ်နေသည့် အခြေအနေများ သိရှိနိုင်မှုနှင့် ကြိုတင်သတိပေးစနစ်စသည့် နယ်ပယ်များမှ အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်၊ အာဆီယံအတွင်းရှိ အာဆီယံလူသားချင်း စာနာမှုဗဟိုဌာနနှင့် အခြားအရေးပေါ်တုံ့ပြန်မှုဗဟို ဌာနများအပြင် အရေးပေါ် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ဆက်သွယ်ဆောင်ရွက်မှုများ ပေးနိုင်ရန်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ဥရောပ ငါးနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ (EU) တို့အကြား အရေးပေါ် အခြေအနေများမှာ တုံ့ပြန်ပူပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို စတင်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ကြီးမားသည့် အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက ထိရောက်စွာတုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်အခြေအနေ တုံ့ပြန်မှု ဗဟိုဌာနတစ်ခုကို ဥရောပသမဂ္ဂအဖွဲ့ EU ၏ကူညီထောက်ပံ့မှုဖြင့် တည်ထောင်ရန် ဆောင်ရွက်လျက်ရှိပြီး EU မှ ယူရို ၁၀ သန်း ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံအရေးပေါ် အခြေအနေတုံ့ပြန်မှု ဗဟိုဌာနကို ရုံးအမှတ် (၃၈) အမှတ်(၂) လျှပ်စစ်ဝန်ကြီး ဌာနရုံးတွင် ထူထောင်သွားမည်ဖြစ်ပြီး လိုအပ်သည့်ရုံးခန်း ပြင်ဆင်မှုများ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟိုဌာန တည်ထောင်ပြီးပါက ၂၄ နာရီ သတင်းတစ်ပတ်လုံး အထောက်အကူ ပေးနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံ၏ အမြင့်ဆုံး အာဏာပိုင်များသို့လည်း တိုက်ရိုက်ဆက်သွယ် ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

မြန်မာနိုင်ငံအရေးပေါ် အခြေအနေတုံ့ပြန်မှု ဗဟိုဌာန ထူထောင်မှု လုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို တွေ့ရစဉ်
မြန်မာနိုင်ငံအရေးပေါ် အခြေအနေတုံ့ပြန်မှု ဗဟိုဌာန ထူထောင်မှု လုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို တွေ့ရစဉ်

မြန်မာနိုင်ငံ အရေးပေါ် အခြေအနေ တုံ့ပြန်မှု ဗဟိုဌာနကို နေပြည်တော်တွင် မေလနှင့် ဇွန်လအတွင်း အပြီးတည်ထောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟိုဌာန ထူထောင်မှု လုပ်ငန်းခွင် သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် သိရသည်။

မြန်မာနိုင်ငံ အရေးပေါ် အခြေအနေ တုံ့ ပန်မှုဗဟိုဌာန တည်ထောင်ရခြင်းသည် မြန်မာနိုင်ငံ၏ ကြီးမားသည့် အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက စဉ်ဆက်မပြတ် သတင်းအချက်အလက်များ ရရှိရေးနှင့် အရေးပေါ် အခြေအနေ တုံ့ပြန်မှုဖြစ်ပေါ်နေသည့် အခြေအနေများ သိရှိနိုင်မှုနှင့် ကြိုတင်သတိပေး စနစ်စသည့် နယ်ပယ်များမှ အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်၊ အာဆီယံအတွင်းရှိ အာဆီယံလူသားချင်း စာနာမှုဗဟိုဌာနနှင့် အခြားအရေးပေါ်တုံ့ပြန်မှုဗဟို ဌာနများအပြင် အရေးပေါ် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ဆက်သွယ်ဆောင်ရွက်မှုများ ပေးနိုင် ရန်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ဥရောပ ငါးနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ (EU) တို့အကြား အရေးပေါ် အခြေအနေများမှာ တုံ့ပြန်ပူပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို စတင်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ကြီးမားသည့် အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက ထိရောက်စွာတုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်အခြေအနေ တုံ့ပြန်မှု ဗဟိုဌာနတစ်ခုကို ဥရောပသမဂ္ဂအဖွဲ့ EU ၏ကူညီထောက်ပံ့မှုဖြင့် တည်ထောင်ရန် ဆောင်ရွက်လျက်ရှိပြီး EU မှ ယူရို ၁၀ သန်း ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံအရေးပေါ် အခြေအနေတုံ့ပြန်မှု ဗဟိုဌာနကို ရုံးအမှတ် (၃၈) အမှတ်(၂) လျှပ်စစ်ဝန်ကြီး ဌာနရုံး တွင် ထူထောင်သွားမည်ဖြစ်ပြီး လိုအပ်သည့်ရုံးခန်း ပြင်ဆင်မှုများ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟိုဌာန တည်ထောင်ပြီးပါက ၂၄ နာရီ သတင်းတစ်ပတ်လုံး အထောက် အကူ ပေးနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံ၏ အမြင့်ဆုံး အာဏာပိုင်များသို့လည်း တိုက်ရိုက်ဆက်သွယ် ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။          

Eleven Media Group

No comments:

Post a Comment