Monday, March 24, 2014

မီတာခတက်လိုက်ခြင်းက ပြည်သူကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေဟု လျှပ်စစ်ဒု-၀န်ကြီး ကာကွယ်ပြောဆို

လာမည့် ဧပြီ ၁ ရက်မှစတင်ကာ မီတာခနှုန်းထားများ တိုးမြင့်ကောက်ခံမည်ဖြစ်ကြောင်း လွှတ်တော်က ဆုံးဖြတ်လိုက်ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တချို့သာမက ပြည်သူများကြား ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ယခုကဲ့သို့ မီတာခတိုးမြှင့်ကောက်ခံခြင်းကြောင့် ပြည်သူများ ၀န်ထုတ်ဝန်ပိုးရှိမည်မ ဟုတ်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက မတ်၂၃ ရက်တွင် ပြောဆို သည်။


တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သည့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံရေးနှင့် ပတ်သက် သည့် တွေ့ဆုံရှင်းလင်းပွဲတွင် ဒု-၀န်ကြီးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

“အခု ပြင်ဆင်သတ်မှတ်ထားတဲ့ နှုန်းထားတွေအားလုံးက ပြည်သူတွေကို ၀န်ထုတ်ဝန်ပိုး မဖြစ်စေပါဘူး” ဟု ဒုတိယ၀န်ကြီးဦးအောင်သန်းဦးက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လက်ရှိသုံးစွဲလျက်ရှိသည့် ၅၆ ဒဿမ ၆၃ ရာခိုင်နှုန်းကျော်သည် အိမ်သုံး မီတာ ယူနစ် ၁၀၀ ထိသာ သုံးစွဲနေသူများ ဖြစ်သည်ဟုဆိုကာ ၎င်းက သုံးသပ်ပြောဆိုလိုက်ခြင်း ဖြစ် သည်။

လျှပ်စစ်မီတာခများကို ယူနစ်အလိုက် အဆင့်ဆင့်တိုးမြှင့်ကောက်ခံမည့်အပေါ် မတ် ၁၈ ရက်တွင် လျှပ် စစ်စွမ်းအားဝန်ကြီးဌာနသာမက ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနတို့နှင့် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ ငွေစာ ရင်း ပူးပေါင်းကော်မတီ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီတို့အပြင် တက်ကြွစွာပါဝင် ဆွေးနွေးလိုသူ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတို့ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီး မတ်လ ၁၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မီတာခတိုးမြှင့်ရေး လွှတ်တော်သဘောထား ရယူကာ ဆုံး ဖြတ်လိုက်သည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးစောလှထွန်းက “လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်က ဆွေးနွေး ရာမှာ အချက်လေးချက် တွေ့ရပါတယ်။ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်းကြောင့် အများပြည်သူတို့ ၀န်ထုပ်ဝန်ပိုးမဖြစ်ရေး၊ အခွင့်အလမ်းတွေ မလျော့ပါးရေး၊ တတိယအချက်က လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှု၊ တရားမ၀င်သုံးစွဲမှုတွေရှိရင် အစီအမံတွေချမှတ်ပြီး အလေးထားဆောင်ရွက် ဖို့နဲ့ ဆောင်ရွက်မှုအခြေအနေကို လွှတ်တော်ကို ပြန်တင်ပြဖို့ပါ။ နောက်ဆုံး အချက်က လျှပ်စစ်ဓာတ်အား မရောက်တဲ့ဒေသတွေကို တိုးချဲ့ဖြန့်ဖြူးပေးဖို့ပါ”ဟု မတ်လ ၁၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် ပြောသည်။

ယင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင်က “ကျွန်မတို့ အခြေခံဥပဒေပြင်ဆင်ရေးလို တခြားအရေးကြီးတဲ့ကိစ္စတွေ ရှိနေတဲ့ အခုလို အခြေအနေမျိုးမှာ အာရုံပြောင်းလိုက်တဲ့ သဘောလား။ ဒါမှမဟုတ် လွှတ်တော်ထဲမှာ ဒေါ်စန္ဒာမင်းပြောခဲ့ သလို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့လုပ်ငန်းတွေမှာ နောင်ဝင်လာတော့မယ့်၊ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွား အပေါ် ကာကွယ်ချင်လို့လားဆိုတဲ့ မေးစရာတွေရှိလာပါတယ်”ဟု မတ်လ ၁၉ ရက် လွှတ်တော် အစည်း အဝေးအပြီးတွင် ဝေဖန်ပြောဆိုလိုက်သည်။

မီတာခတိုးမြှင့်ကောက်ခံရေးနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များကြား လွှတ်တော် အဆုံးအ ဖြတ်ရ ယူရာတွင် ကန့်ကွက်သူ ကိုယ်စားလှယ် ၁၈ ဦးသာ ရှိခဲ့သည်။

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည့်အဆိုကို ကန့်ကွက်ခဲ့သူ ၁၈ ဦးအနက်မှ တစ်ဦးဖြစ်သူ ထန်းတစ် ပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းက “ပြီးခဲ့တဲ့နှစ်တွေမှာ အရှုံးခံ ဖြန့်ဖြူးနေရပါ တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်သုံးမီတာ၊ ပါဝါမီတာ၊ ထရန်စဖော်မာတွေအတွက် ထိန်းသိမ်းစောင့် ရှောက်ခဆိုပြီး ပြည်သူတွေဆီကနေ ကောက်ခံတာတွေရှိပါတယ်။ အဲဒီအချက်တွေကို ကာမိစေဖို့ အခု လို အိမ်သုံးမီတာခတွေကို ငါးကျပ်တိုး ကောက်တာလားဆိုတာကို ကွဲကွဲပြားပြား ပြည်သူ ကို ချပြစေလိုပါ တယ်။ နောက်ပြီး လာမည့် ဧပြီလ ၁ ရက်ကစပြီး နှုန်းသစ်နဲ့ ကောက်ခံမယ်ဆိုရင် ခုန မီတာထိန်းသိမ်း စောင့်ရှောက်ခတွေ၊ လျှပ်စစ်ဓာတ်အား လျော့ပါးပျောက်ဆုံးမှုအတွက် ပြည်သူကပဲ စုပေါင်းကျခံရတာ တွေရှိဦးမလားဆိုတာကိုလဲ ရှင်းရှင်းလင်းလင်း သိလိုပါတယ်”ဟု ပြည်ထောင်စု လွှတ်တော် နာယကမှ တစ်ဆင့် အစိုးရအဖွဲ့သို့ မေးခွန်းထုတ်ခဲ့သည်။

နှုန်းထားသစ်ဖြင့် တိုးမြှင့်ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခများတွင် အိမ်သုံးယူနစ် ၁၀၀ အထိ ၃၅ ကျပ် နှုန်း၊ ၁၀၁ မှ ၂၀၀ အထိ ၄၀ ကျပ်နှင့်၂၀၁ နှင့်အထက် ၅၀ ကျပ်နှုန်း၊ စက်မှုသုံးယူနစ် ၅၀၀ အထိ ၇၅ ကျပ်၊ ၅၀၁ မှ ၁၀,၀၀၀ အထိ ၁၀၀ ကျပ်၊ ၁၀,၀၀၁ မှ ၅၀,၀၀၀ အထိ ၁၂၅ ကျပ်၊ ၅၀,၀၀၁ မှ ၂၀၀,၀၀၀ အထိ ၁၅၀ ကျပ်၊ ၂၀၀,၀၀၁ မှ ၃၀၀,၀၀၀ အထိ ၁၂၅ ကျပ်၊ ၃၀၀,၀၀၁ နှင့်အထက် ၁၀၀ ကျပ် ကောက် ခံသွားမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အိမ်သုံးလျှပ်စစ်မီတာယူနစ် ၁၀၁ မှ ၂၀၀ အထိ သုံးစွဲနေသူ ၂၀ ရာခိုင် နှုန်းကျော်၊ ၂၀၁ ယူနစ်မှ ၃၀၀ ထိ သုံးစွဲနေသူ ၁၅ ရာခိုင်နှုန်း၊ အိမ်သုံးမီတာ ၃၀၀ အထက် သုံးစွဲနေသူ ခြောက်ရာခိုင်နှုန်းခန့်သာရှိသည်ဟု လျှပ်စစ်ဒုတိယ၀န်ကြီးက တောင်ကြီးဆွေးနွေး ပွဲတွင် ပြောသည်။

စက်မှုဇုန်သုံးမီတာများတွင်လည်း ယူနစ် ၁၀၀ မှ ၁၀၀၀ ထိ သုံးစွဲနေသူ ၈၀ ရာခိုင်နှုန်းကျော်ရှိသည့် အတွက် ယခု တိုးမြှင့်ကောက်ခံသွားမည့် နှုန်းထားများသည် လူအများစုကို မထိခိုက်ဟုလည်း ၎င်းက ပြောသည်။

Mizzima

No comments:

Post a Comment