Friday, March 21, 2014

၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေး ခဲ့သည့် ဖီဖာဥက္ကဋ္ဌ ဘလတ္တာအပါအ၀င် အမှုဆောင်ကော်မတီဝင်များ စစ်ဆေးမေးမြန်းခံရမည်

Photo: ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေး ခဲ့သည့် ဖီဖာဥက္ကဋ္ဌ ဘလတ္တာအပါအ၀င် အမှုဆောင်ကော်မတီဝင်များ စစ်ဆေးမေးမြန်းခံရမည်..
Friday, March 21, 2014 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မိုက်ကယ်ဂါစီယာသည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေးခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နာမည်ကြီး အမေရိကန်ထောက်လှမ်းရေး အေဂျင်စီဖြစ်သည့် FBI ၏ စုံစမ်းစစ်ဆေးမှုအရ ဖီဖာဒုဥက္ကဋ္ဌဟောင်း ဂျက်ဝါနာသည် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကာတာနိုင်ငံဆိုင်ရာ ဖီဖာအမှုဆောင် ကော်မတီဝင် ဘင်ဟမ်းမန်း ပိုင်ဆိုင်သည့် ကုမ္ပဏီမှ ယူရို ၁ ဒသမ ၂ သန်း လက်ခံရယူခဲ့ကြောင်း၊ ထို့ပြင် ဂျက်ဝါနာသည် ကာတာအစိုးရ တာဝန်ရှိသူများ ပိုင်ဆိုင်သည့် ကုမ္ပဏီထံမှလည်း ဒေါ်လာနှစ်သန်းခန့် လက်ခံရယူခဲ့ကြောင်း ဗြိတိန်ထုတ် Daily Telegraph သတင်းစာက ဖော်ပြခဲ့သည်။ ယင်းသတင်းများ ထွက်ပေါ်လာပြီးနောက် မိုက်ကယ်ဂါစီယာက မဲပေးရာတွင် ပါဝင်ခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂါစီယာ၏ မေးမြန်းမှုခံရမည့်သူများမှာ ဖီဖာဥက္ကဋ္ဌ ဘလတ္တာနှင့် လက်ရှိ အမှုဆောင်ကော်မတီ၌ တာဝန်ထမ်းဆောင်နေသူ ၁၁ ဦးဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ စစ်ဆေးမေးမြန်းရာတွင် အိမ်ရှင်လျှောက်ထားမှု လုပ်ငန်းစဉ်နှင့် စည်းမျဉ်းများအား ချိုးဖောက်ခြင်းရှိ၊ မရှိတို့ကို ဦးစားပေး မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသား ဥပဒေအကျိုးဆောင်ဖြစ်သူ ဂါစီယာသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း အိမ်ရှင်ကျင်းပခွင့် လျှောက်ထားသည့် နိုင်ငံများမှ ကိုယ်စားလှယ်များကို စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့သည်။

Eleven Media Group

ကာတာဝန်ကြီးချုပ် အယ်လ်သာနီနှင့် ဇနီး၊ ဖီဖာဥက္ကဋ္ဌ ဘလတ္တာတို့အား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရှိကြောင်း ကြေညာပြီးနောက် တွေ့ရစဉ် (Photo - AFP)
ကာတာဝန်ကြီးချုပ် အယ်လ်သာနီနှင့် ဇနီး၊ ဖီဖာဥက္ကဋ္ဌ ဘလတ္တာတို့အား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရှိကြောင်း ကြေညာပြီးနောက် တွေ့ရစဉ် (Photo - AFP)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မိုက်ကယ်ဂါစီယာသည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေးခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နာမည်ကြီး အမေရိကန်ထောက်လှမ်းရေး အေဂျင်စီဖြစ်သည့် FBI ၏ စုံစမ်းစစ်ဆေးမှုအရ ဖီဖာဒုဥက္ကဋ္ဌဟောင်း ဂျက်ဝါနာသည် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကာတာနိုင်ငံ ဆိုင်ရာ ဖီဖာအမှုဆောင် ကော်မတီဝင် ဘင်ဟမ်းမန်း ပိုင်ဆိုင်သည့် ကုမ္ပဏီမှ ယူရို ၁ ဒသမ ၂ သန်း လက်ခံရယူခဲ့ကြောင်း၊ ထို့ပြင် ဂျက်ဝါနာသည် ကာတာအစိုးရ တာဝန်ရှိသူများ ပိုင်ဆိုင်သည့် ကုမ္ပဏီထံမှလည်း ဒေါ်လာနှစ်သန်းခန့် လက်ခံရယူခဲ့ကြောင်း ဗြိတိန်ထုတ် Daily Telegraph သတင်းစာက ဖော်ပြခဲ့သည်။ ယင်းသတင်းများ ထွက်ပေါ်လာပြီးနောက် မိုက်ကယ်ဂါစီယာက မဲပေးရာတွင် ပါဝင်ခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်း ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂါစီယာ၏ မေးမြန်းမှုခံရမည့်သူများမှာ ဖီဖာဥက္ကဋ္ဌ ဘလတ္တာနှင့် လက်ရှိ အမှုဆောင်ကော်မတီ၌ တာဝန်ထမ်းဆောင်နေသူ ၁၁ ဦးဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ စစ်ဆေးမေးမြန်းရာတွင် အိမ်ရှင်လျှောက်ထားမှု လုပ် ငန်းစဉ်နှင့် စည်းမျဉ်းများအား ချိုးဖောက်ခြင်းရှိ၊ မရှိတို့ကို ဦးစားပေး မေးမြန်းသွား မည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသား ဥပဒေအကျိုးဆောင်ဖြစ်သူ ဂါစီယာသည် ပြီးခဲ့ သည့်နှစ် စက်တင်ဘာလကလည်း အိမ်ရှင်ကျင်းပခွင့် လျှောက်ထားသည့် နိုင်ငံများမှ ကိုယ်စားလှယ်များကို စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment