Sunday, March 9, 2014

ရုရှားနိုင်ငံမှ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်

Photo: ရုရှားနိုင်ငံမှ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်
Sunday, March 9, 2014

ရုရှား နိုင်ငံ၏ အနောက်ပိုင်း စစ်ဒေသသည် နိုင်ငံ တောင်ပိုင်းရှိ Kapustin Yar ဒုံးကျည် ပစ်လွှတ်ရေး ကွင်း၌ အကြီးစား လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်း များအား စတင် ပြုလုပ်လျက် ရှိကြောင်း အနောက်ပိုင်း

စစ်ဒေသ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး Oleg Kochetkov က ပြောကြား ခဲ့သည်ဟု မတ် ၇ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

Kapustin Yar ဒုံးကျည် ပစ်လွှတ်ရေး ကွင်းသည် ယူကရိန်း နိုင်ငံ၏ နယ်စပ် အရှေ့ဘက် ၄၅ဝ ကီလိုမီတာ(၂၈ဝ မိုင်)အကွာတွင် တည်ရှိပြီး ၎င်းကွင်းအတွင်း တပ်ဖွဲ့ဝင် ၃၅ဝဝ နှင့် အကြီးစား စစ်လက်နက် ပစ္စည်း ၁ဝဝဝ ကျော်ဖြင့် အချိန် တစ်လ တာခန့် လေ့ကျင့်ခန်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် S-300၊ Buk-M1 နှင့် အခြား လေကြောင်းရန် ကာကွယ်ရေး စနစ်များ အပါအဝင် လက်တွေ့ ပစ်ခတ်မှု လေ့ကျင့်ခန်းများ ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရ သည်။ မြောက်ပိုင်း ရေယာဉ်စု၏ ကမ်းရိုးတန်းစောင့် လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းများ အပါအဝင် အနောက်ပိုင်း စစ်ဒေသမှ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းများ အားလုံး ပထမဆုံး အကြိမ် တစ်နေရာ တည်းတွင် စုစည်းခြင်း ဖြစ်ကြောင်း သိရသည်။

MWD
ရုရှား နိုင်ငံ၏ အနောက်ပိုင်း စစ်ဒေသသည် နိုင်ငံ တောင်ပိုင်းရှိ Kapustin Yar ဒုံးကျည် ပစ်လွှတ်ရေး ကွင်း၌ အကြီးစား လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်း များအား စတင် ပြုလုပ်လျက် ရှိကြောင်း အနောက်ပိုင်း စစ်ဒေသ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး Oleg Kochetkov က ပြောကြား ခဲ့သည်ဟု မတ် ၇ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

Kapustin Yar ဒုံးကျည် ပစ်လွှတ်ရေး ကွင်းသည် ယူကရိန်း နိုင်ငံ၏ နယ်စပ် အရှေ့ဘက် ၄၅ဝ ကီလိုမီတာ(၂၈ဝ မိုင်)အကွာတွင် တည်ရှိပြီး ၎င်းကွင်းအတွင်း တပ်ဖွဲ့ဝင် ၃၅ဝဝ နှင့် အကြီးစား စစ် လက်နက် ပစ္စည်း ၁ဝဝဝ ကျော်ဖြင့် အချိန် တစ်လ တာခန့် လေ့ကျင့်ခန်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် S-300၊ Buk-M1 နှင့် အခြား လေကြောင်းရန် ကာကွယ်ရေး စနစ်များ အပါအဝင် လက်တွေ့ ပစ်ခတ်မှု လေ့ကျင့်ခန်းများ ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရ သည်။ မြောက်ပိုင်း ရေယာဉ်စု၏ ကမ်းရိုးတန်းစောင့် လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းများ အပါအဝင် အနောက်ပိုင်း စစ်ဒေသမှ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းများ အားလုံး ပထမဆုံး အကြိမ် တစ်နေရာ တည်းတွင် စုစည်းခြင်း ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment