Friday, March 21, 2014

ဟားခါးမြို့နယ် အတွင်း လေယာဉ် ပျက်ကျ

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး နှင့် ဖလမ်း ခရိုင်နယ်နိမိတ် အနီးတွင် မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ကြောင်း မျက်မြင်တွေရှိသူ ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ ဟားခါးဒေသခံများက ပြောကြားသည်။

အဆိုပါ လေယာဉ်မှာ ဟားခါး-မှန်ဒေါ်-ကလေး ကားလမ်း လမ်းအနီးတွင်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကပြောကြာသည်။

လေယာဉ်ပျက်ကျမှုကို The Voice မှ ယနေ့ ည ၁၁ နာရီအချိန် တွင်ချင်း ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် သွားရောက်စစ်ဆေးရာ ဆဲဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

သတင်း အပြည့်အစုံကို မနက်ဖြန် မတ်လ ၂၁ ရက်နေ့ထုတ် The VOICE သတင်းစာတွင် ဖော်ပြပေးပါမည်။

The Voice Weekly

No comments:

Post a Comment