Wednesday, March 12, 2014

အာဆင်ဝင်းဂါး၏ အာဂျန် ရော်ဘင်အပေါ် သုံးသပ်ဝေဖန်ချက်

Photo: အာဆင်ဝင်းဂါး၏ အာဂျန် ရော်ဘင်အပေါ် သုံးသပ်ဝေဖန်ချက်
March 12, 2014

ယခုနှစ် အာဆင်နယ် နှင့် ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံကစားခဲ့သည့် ပွဲစဉ်များ၏ မတော်တဆဖြစ်ရပ်များမှာ ရော်ဘင်က အဓိကဇာတ်ကောင် အဖြစ်ပါဝင်နေသည်။

ပြီးခဲ့သည့် ပထမအကျော့ လန်ဒန်မြေမှာလည်း ရော်ဘင်ကြောင့်
ဘိုင်ယန်မြူးနစ်အသင်းပင်နယ်တီရခဲ့သည်သာမက အာဆင်နယ်ဂိုးသမား
Wojciech Szczesny သည်လည်း အနီကတ်ပြပြီးအထုတ်ခံရသည် ဒုတိယအကျော့ပါ အဆစ်ပွဲပယ်ခံခဲ့ရသည်။
ထိုစဉ်က ဘိုင်ယန်က အာဆင်နယ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိဖြင့်နိုင်ခဲ့ပြီး
ယခုဒုတိယအကျော့မှာ ၁ ဂိုးစီသရေ ရလဒ်ဖြစ်ခဲ့သည့်အတွက်
အာဆင်နယ်အသင်းသည် နှစ်ကျော့ပေါင်း ၃း ၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်များမှ
အင်္ဂလန်ကလပ်အသင်းများထဲတွင် စောစီးစွာ နှုတ်ဆက်ခဲ့ရပြီဖြစ်သည်။
ယနေ့ည ပွဲစဉ်မှာလည်း ရော်ဘင်အား ဟန့်တားရာတွင် ကြမ်းတမ်းသည့်အတွက် အာဆင်နယ်တို့ ပွဲပြီးခါနီး
ပင်နယ်တီတစ်လုံး ထပ်ပေးရပြန်သည် အဆိုပါ ပင်နယ်တီကို သောမက် မှုလာ လွဲချော်ခဲ့၍သာ အာဆင်နယ်တို့ ဒုတိယအကျော့မရှုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီးအာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ရော်ဘင်အပေါ် ပွဲအပြီးမှာ
" ရော်ဘင်က အရမ်းကို ထူးချွန်ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ
ဒီထက်သာမက ဒိုင်ဗင်လှဲချတဲ့နေရာမှာလည်း ထူးချွန်သူတစ်ဦးပါ" ဆိုပြီး ဝေဖန်ခဲ့ပါသည်။ " သူဟာ ထက်မြက်တဲ့ ကစားသမားတစ်ယောက်ပါ။ ကမ္ဘာ့အကောင်းဆုံးထဲမှာလည်း တစ်ဦးပါဝင်သူပါ ဒါပေမဲ့လည်း နောက်တန်းကစားတွေရှေ့ မှာ လျှောကျ လဲချခြင်းတွေနဲ့လည်း
ဖရီးကစ်တွေ ယူတက်သူတစ်ဦးဖြစ်နေတယ်"
" ကွင်းလယ်ဒိုင်က အ၀ါကတ်ပြပြီး သတိပေးလိုက်ရင်တော့
နောက်ကို အဲ့လိုမလုပ်တော့ဘူး" ဆိုပြီး ပြောကြားခဲ့တာပါ။
အာဆင်ဝင်းဂါးသည် ပထမအကျော့အဖြစ်အပျက်အပေါ်လည်း ခါးသီးနာကြည်းနေဆဲဖြစ်ပြီး ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များအပေါ်လည်း စိတ်မကောင်းဖြစ်ရကြောင်းကို ထပ်လောင်းပြောကြားထားပါသည်။

မိုးတိမ်
Football Cafe
ယခုနှစ် အာဆင်နယ် နှင့် ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံကစားခဲ့သည့် ပွဲစဉ်များ၏ မတော်တဆဖြစ်ရပ်များမှာ ရော်ဘင်က အဓိကဇာတ်ကောင် အဖြစ်ပါဝင်နေသည်။

ပြီးခဲ့သည့် ပထမအကျော့ လန်ဒန်မြေမှာလည်း ရော်ဘင်ကြောင့် ဘိုင်ယန်မြူးနစ်အသင်း ပင်နယ်တီရခဲ့သည် သာမက အာဆင်နယ်ဂိုးသမား Wojciech Szczesny သည်လည်း အနီကတ်ပြပြီးအထုတ်ခံရသည် ဒုတိယ အကျော့ပါ အဆစ်ပွဲပယ်ခံခဲ့ရသည်။

ထိုစဉ်က ဘိုင်ယန်က အာဆင်နယ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိဖြင့်နိုင်ခဲ့ပြီး ယခုဒုတိယအကျော့မှာ ၁ ဂိုးစီသရေ ရလဒ်ဖြစ်ခဲ့သည့်အတွက် အာဆင်နယ်အသင်းသည် နှစ်ကျော့ပေါင်း ၃း ၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ် များမှ အင်္ဂလန်ကလပ်အသင်းများထဲတွင် စောစီးစွာ နှုတ်ဆက်ခဲ့ရပြီဖြစ်သည်။

ယနေ့ည ပွဲစဉ်မှာလည်း ရော်ဘင်အား ဟန့်တားရာတွင် ကြမ်းတမ်းသည့်အတွက် အာဆင်နယ်တို့ ပွဲပြီးခါနီး
ပင်နယ်တီတစ်လုံး ထပ်ပေးရပြန်သည် အဆိုပါ ပင်နယ်တီကို သောမက် မှုလာ လွဲချော်ခဲ့၍သာ အာဆင်နယ်တို့ ဒုတိယအကျော့မရှုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီးအာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ရော်ဘင်အပေါ် ပွဲအပြီးမှာ " ရော်ဘင်က အရမ်းကို ထူးချွန်ကောင်းမွန်တဲ့ ကစားသမား တစ်ဦးပါ ဒီထက်သာမက ဒိုင်ဗင်လှဲချတဲ့နေရာမှာလည်း ထူးချွန်သူတစ်ဦးပါ" ဆိုပြီး ဝေဖန်ခဲ့ပါသည်။ " သူဟာ ထက်မြက်တဲ့ ကစားသမားတစ်ယောက်ပါ။ ကမ္ဘာ့အကောင်းဆုံးထဲမှာလည်း တစ်ဦးပါဝင်သူပါ ဒါပေမဲ့လည်း နောက်တန်းကစားတွေရှေ့ မှာ လျှောကျ လဲချခြင်းတွေနဲ့လည်း ဖရီးကစ်တွေ ယူတက်သူ တစ်ဦးဖြစ်နေတယ်"

" ကွင်းလယ်ဒိုင်က အ၀ါကတ်ပြပြီး သတိပေးလိုက်ရင်တော့ နောက်ကို အဲ့လိုမလုပ်တော့ဘူး" ဆိုပြီး ပြောကြား ခဲ့တာပါ။ အာဆင်ဝင်းဂါးသည် ပထမအကျော့အဖြစ်အပျက်အပေါ်လည်း ခါးသီးနာကြည်းနေ ဆဲဖြစ်ပြီး ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များအပေါ်လည်း စိတ်မကောင်းဖြစ်ရကြောင်းကို ထပ်လောင်းပြော ကြား ထားပါသည်။

မိုးတိမ်
Football Cafe

No comments:

Post a Comment