Saturday, March 1, 2014

အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွားခဲ့သော ပြိုင်ကားငါးစီးမှ လူငယ်များ၏ မိဘများက ပြန်လည်ရှင်းလင်း

လှိုင်မြို့နယ်တွင် အငှားယာဉ်တစ်စီးမှ ယာဉ်မောင်းနှင့် ခရီးသည်တစ်ဦး အပါအဝင် ယာဉ်ပါဖျက်ဆီးခဲ့သည့် ပြိုင်ကားငါးစီးမှ လူငယ်များ၏ မိဘများက ကားကျော်တက်သည့်ကိစ္စဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီက အင်းစိန်လမ်းမကြီးပေါ်ရှိ Fuji စားသောက်ဆိုင်တွင် မီဒီယာအချို့နှင့် တွေ့ဆုံရှင်းလင်းခဲ့သည်။

ယင်းသို့ ရှင်းလင်းရာတွင် အငှားယာဉ်မောင်း သက်ဇင်ဝင်း၏ ထွက်ဆိုတိုင်တန်းချက်နှင့် ကွဲလွဲချက်များ ရှိနေသည်။

“ကားကျော်တက်တဲ့ကိစ္စနဲ့ မကျေနပ်လို့ သူကားကို လိုက်လံပိတ်ဆို့ပြီး ရိုက်နှက်ခဲ့တာ မဟုတ်ဘူး။ ဦးရဲ့သားကားက ပျက်နေလို့ သူငယ်ချင်းတွေကို ဖုန်းဆက်အကူအညီ တောင်းပြီး တွန်းနှိုးနေတာမရလို့ ကားပြင်ဆရာကို စောင့်နေချိန် တစ်ဖက်ယာဉ်လမ်းက အဲဒီအငှားယာဉ်ပေါ်က သူတွေက “ကားစုတ်ကြီး မီးရှို့လိုက်၊ ဆဲဆိုပြီး မောင်းထွက်သွားတာ။ ဒါကို ဦးသားနဲ့ လူငယ်ချင်းတွေက မကျေနပ်တာနဲ့ နောက်ကလိုက်ရာကနေခုလို အပြန်အလှန် ခိုက်ရန်ဖြစ်ပွား ခဲ့တာဖြစ်တယ်”ဟု ဖြစ်စဉ်တွင်ပါဝင်သူ ကောင်းစည်သူ၏ဖခင် ဦးကိုကိုအောင်က ဆိုသည်။

ဖြစ်စဉ်တွင် ပါဝင်ခဲ့သော မောင်ကောင်းစည်သူ၏ ဖခင်ဦးကိုကိုအောင်က“ကျွန်တော်တို့က အမှုကိုကျေအေးပေးဖို့ သွားပြီးညှိနှိုင်း တယ်။ အဆင်မပြေဘူး။ ဒါကို တရားဥပဒေ အတိုင်းပဲ ရင်ဆိုင်သွားမယ်”ဟု ဆိုသည်။

ပြိုင်ကားအုပ်စုမှ လူငယ်များအား ဖေဖော်ဝါရီ ၂၈ ရက် ညနေက အာမခံပေးလိုက်ကြောင်း ၎င်း၏အဆိုအရ သိရသည်။

Eleven Media Group

No comments:

Post a Comment