Wednesday, March 5, 2014

မိုက်ခရိုဆော့ဖ်ကို ပူးတွဲထူထောင်သူ ဘီလ်ဂိတ် ကမ္ဘာ့အချမ်းသာဆုံးသူဌေး ပြန်ဖြစ်လာ

Photo: မိုက်ခရိုဆော့ဖ်ကို ပူးတွဲထူထောင်သူ ဘီလ်ဂိတ် ကမ္ဘာ့အချမ်းသာဆုံးသူဌေး ပြန်ဖြစ်လာ
Wednesday, March 5, 2014

မိုက်ခရိုဆော့ဖ်၏ ရှယ်ယာဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ ဘီလ်ဂိတ်သည် Forbes မှထုတ်ပြန်သော ကမ္ဘာ့ဘီလျံနာစာရင်းတွင် ထိပ်ဆုံးနေရာသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ဘီလ်ဂိတ်သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၇၆ ဘီလျံဖြင့် ပိုင်ဆိုင်မှု ၇၂ ဘီလျံရှိသော မက္ကဆီကိုသူဌေး ကားလို့စ်စလင်းကိုကျော်ကာ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

Forbes သည် မတ် ၃ ရက်တွင် နှစ်စဉ်ထုတ်ပြန်နေကျ ဘီလျံနာစာရင်းကို ဖော်ပြခဲ့ရာ၌ အမျိုးသမီးနှင့် အမျိုးသားဘီလျံနာပေါင်း ၁၆၄၅ ဦး ပါဝင်ခဲ့သည်။ ဘီလျံနာများ၏ ပျမ်းမျှချမ်းသာကြွယ်ဝမှုသည် ၄ ဒသမ ၅ ဘီလျံရှိပြီး ဘီလျံနာအားလုံး၏ စုစုပေါင်း ချမ်းသာကြွယ်ဝမှုသည် ၆ ဒသမ ၄ ထရီလျံရှိရာ လွန်ခဲ့သည့်နှစ်ကထက် ဒေါ်လာတစ်ထရီလျံ မြင့်တက်လာခဲ့သည်။

အမေရိကန် ဆော့ဖ်ဝဲကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့သူ ဘီလ်ဂိတ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အချမ်းသာဆုံးနေရာကို ၁၅ ကြိမ်တိုင်တိုင် ရရှိခဲ့သူဖြစ်သည်။ ဘီလ်ဂိတ်သည် လွန်ခဲ့သည့်နှစ်များအတွင်း ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေး စီမံချက်များအတွက် ငွေကြေးမြောက်မြားစွာ လှူဒါန်းခဲ့သော်လည်း ကမ္ဘာ့အချမ်းသာဆုံးနေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

ဘီလ်ဂိတ်သည် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ၏ ရှယ်ယာ ၄ ဒသမ ၄ ရာခိုင်နှုန်းခန့်ကိုသာ ပိုင်ဆိုင်ပြီး ယင်းသည် သူ၏စုစုပေါင်း ချမ်းသာကြွယ်ဝမှု၏ ရာခိုင်နှုန်း ၂၀ ခန့်ပင် မရှိပေ။ သို့သော် ကုမ္ပဏီရှယ်ယာဈေးနှုန်းသည် လွန်ခဲ့သည့်နှစ်အတွင်း ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး သူ၏အခြားဝင်ငွေများလည်း မြင့်တက်ခဲ့သောကြောင့် ဘီလ်ဂိတ်သည် လွန်ခဲ့သည့်နှစ်ကထက် ပိုင်ဆိုင်မှု ဒေါ်လာခုနစ်ဘီလျံ တက်လာခဲ့သည်။

သို့သော် အမေရိကဒေသတွင် ဆက်သွယ်ရေးလုပ်ငန်းမှသည် သတ္တုတွင်း လုပ်ငန်းအထိ၊ ဘဏ္ဍာရေးနှင့် စက်မှုလုပ်ငန်းမှသည် အရောင်းအ၀ယ်နှင့် အိမ်ခြံမြေလုပ်ငန်းအထိ အရာရာကို လုပ်ကိုင်နေသူ လွန်ခဲ့သည့်နှစ်က အချမ်းသာဆုံးသူဌေး ကားလို့စ်စလင်းသည် တောင်အမေရိကတွင် ဈေးကွက်များ ကျဆင်းခြင်းနှင့်အတူ ပိုင်ဆိုင်မှု တစ်ဘီလျံ လျော့ကျသွားခဲ့သည်။

Eleven Media Group
မိုက်ခရိုဆော့ဖ်၏ ရှယ်ယာဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ ဘီလ်ဂိတ်သည် Forbes မှထုတ်ပြန်သော ကမ္ဘာ့ဘီလျံနာစာရင်းတွင် ထိပ်ဆုံးနေရာသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ဘီလ်ဂိတ်သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၇၆ ဘီလျံဖြင့် ပိုင်ဆိုင်မှု ၇၂ ဘီလျံရှိသော မက္ကဆီကိုသူဌေး ကားလို့စ် စလင်းကိုကျော်ကာ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။


Forbes သည် မတ် ၃ ရက်တွင် နှစ်စဉ်ထုတ်ပြန်နေကျ ဘီလျံနာစာရင်းကို ဖော်ပြခဲ့ရာ၌ အမျိုးသမီးနှင့် အမျိုးသားဘီလျံနာပေါင်း ၁၆၄၅ ဦး ပါဝင်ခဲ့သည်။ ဘီလျံနာများ၏ ပျမ်းမျှချမ်းသာကြွယ်ဝမှုသည် ၄ ဒသမ ၅ ဘီလျံရှိပြီး ဘီလျံနာအားလုံး၏ စုစုပေါင်း ချမ်းသာကြွယ်ဝမှုသည် ၆ ဒသမ ၄ ထရီလျံရှိရာ လွန်ခဲ့သည့်နှစ် ကထက် ဒေါ်လာတစ်ထရီလျံ မြင့်တက်လာခဲ့သည်။

အမေရိကန် ဆော့ဖ်ဝဲကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့သူ ဘီလ်ဂိတ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အချမ်းသာဆုံးနေရာကို ၁၅ ကြိမ်တိုင်တိုင် ရရှိခဲ့သူဖြစ်သည်။ ဘီလ်ဂိတ်သည် လွန်ခဲ့သည့်နှစ်များအတွင်း ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေး စီမံချက်များအတွက် ငွေကြေးမြောက်မြား စွာ လှူဒါန်းခဲ့သော်လည်း ကမ္ဘာ့အချမ်းသာဆုံးနေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

ဘီလ်ဂိတ်သည် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ၏ ရှယ်ယာ ၄ ဒသမ ၄ ရာခိုင်နှုန်းခန့်ကိုသာ ပိုင်ဆိုင်ပြီး ယင်းသည် သူ၏စုစုပေါင်း ချမ်းသာကြွယ်ဝမှု၏ ရာခိုင်နှုန်း ၂၀ ခန့်ပင် မရှိပေ။ သို့သော် ကုမ္ပဏီရှယ်ယာဈေးနှုန်းသည် လွန်ခဲ့သည့်နှစ်အတွင်း ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး သူ၏အခြားဝင်ငွေများလည်း မြင့်တက် ခဲ့သောကြောင့် ဘီလ်ဂိတ်သည် လွန်ခဲ့သည့်နှစ်ကထက် ပိုင်ဆိုင်မှု ဒေါ်လာခုနစ်ဘီလျံ တက်လာခဲ့သည်။

သို့သော် အမေရိကဒေသတွင် ဆက်သွယ်ရေးလုပ်ငန်းမှသည် သတ္တုတွင်း လုပ်ငန်းအထိ၊ ဘဏ္ဍာရေးနှင့် စက်မှုလုပ်ငန်းမှသည် အရောင်းအ၀ယ်နှင့် အိမ်ခြံမြေလုပ်ငန်းအထိ အရာရာကို လုပ်ကိုင်နေသူ လွန်ခဲ့ သည့်နှစ်က အချမ်းသာဆုံးသူဌေး ကားလို့စ်စလင်းသည် တောင်အမေရိကတွင် ဈေးကွက်များ ကျဆင်းခြ င်းနှင့် အတူ ပိုင်ဆိုင်မှု တစ်ဘီလျံ လျော့ကျသွားခဲ့သည်။

Eleven Media Group

No comments:

Post a Comment