Wednesday, March 12, 2014

မိုဘိုင်းဖုန်းဆက်သွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေသော်လည်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်း သုံးစွဲနိုင်သေး

Photo: မိုဘိုင်းဖုန်းဆက်သွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေသော်လည်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်း သုံးစွဲနိုင်သေး
Wednesday, March 12, 2014

၂၀၁၄ ခုနှစ်တွင် ရရှိထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေးကွန်ရက်အား တိုးမြှင့်လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တာဝါတိုင် ၁၆၅၅ တိုင်သာရှိပြီး မိုဘိုင်းဖုန်း သုံးစွဲနိုင်သူမှာ စုစုပေါင်းလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း မတ် ၁၁ ရက် ရန်ကုန်မြို့ Park Royal Hotel ၌ကျင်းပသော Myanmar Construction Summit မှရရှိသော သတင်းများအရ သိရသည်။

မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ ပိုမိုကောင်းမွန်စေရန်အတွက် ပြည်တွင်း၌ အော်ပရေတာလေးခုမှ ဆောင်ရွက်နေကြောင်းနှင့် ယင်းအော်ပရေတာများမှာ Telenor၊ Ooredoo၊ ရတနာပုံတယ်လီပို့နှင့် MPT တို့ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ နိုင်ငံခြားတယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းများအား ခွင့်ပြုပေးထားသော်လည်း လုပ်ငန်းများအနေဖြင့် စည်းမျဉ်းများကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တာဝါတိုင် ၁၆၅၅ တိုင် ရှိသော်လည်း သုံးနှစ်အတွင်း တာဝါတိုင်ပေါင်း ၁၀၀၀၀ ဖြစ်လာရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ Deputy CEO ဖြစ်သူ ဦးမြင့်ဦးက ပြောကြားသည်။

အလားတူ မိုဘိုင်းဖုန်းသုံးစွဲနိုင်မှုအား ၂၀၁၄ ခုနှစ်တွင် ရာခိုင်နှုန်း ၁၀၊ ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၄၀၊ ၂၀၁၆ ခုနှစ်တွင် ရာခိုင်နှုန်း ၆၀၊ ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ သုံးစွဲနိုင်ရန် လျာထားကြောင်း သိရသည်။

“တာဝါတိုင် ၁၆၅၅ ခုက လက်ရှိတည်ဆောက်ထားပြီးသား။ ကျန်တာက သုံးနှစ်အတွင်း လုပ်မယ်။ ၁၀၀၀၀ ကျော်ပေါ့။ ရန်ကုန်-မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးသုံးမြို့မှာ စလုပ်မယ်။ ဒီနှစ်မှာပဲ စပြီးအကောင်အထည်ဖော်မှာပါ။ မြို့ကြီးသုံးမြို့လို့ ပြောတဲ့နေရာမှာ ဒီမြို့တွေနဲ့ ဆက်စပ်နေတဲ့ အနားက မြို့နယ်တွေလည်း ပါသွားနိုင်ပါတယ်။ 2G ပေးမလား၊ 3G ပေးမလား ဆိုတာကတော့ 3G လိုအပ်တဲ့ မြို့တွေအတွက် 3G ပေးမှာဖြစ်ပြီး တချို့ 3G အထိ သုံးစရာမလိုသေးတဲ့ လူတွေအတွက်တော့ 2G လောက်ပဲ စပေးနိုင်မှာပါ” ဟု ၎င်းကပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူဦးရေ ၂၀၀၀၀ နှင့်အထက် မြို့ကြီးများအား မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကြက်နိုင်အောင် ဆောင်ရွက်သွားရန် သတ်မှတ်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အလားတူ အဆိုပါတာဝါတိုင် ၁၀၀၀၀ အား အော်ပရေတာလေးခုမှ စိုက်ထူသွားမည်ဖြစ်ပြီး ၎င်းနှင့်ဆက်စပ်သော Radio Station ဆောက်လုပ်မှုများလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍအား ကြည့်ပါက စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍနှင့် သားငါးကဏ္ဍတို့သည် စုစုပေါင်းထုတ်လုပ်မှု၏ ၄၀ ဒသမ ၂ ရာခိုင်နှုန်းရှိနေပြီး တယ်လီကွန်းနှင့် ဘဏ်လုပ်ငန်းကဏ္ဍနှင့် ပတ်သက်သည့် ထုတ်လုပ်မှုမှာ ၃၇ ဒသမ ၁ ရာခိုင်နှုန်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ သန့်စင်မှု လုပ်ငန်းများမှ စုစုပေါင်း ထုတ်လုပ်မှု၏ ၂၁ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Eleven Media Group

ဆက်သွယ်ရေးတာဝါတိုင် တစ်ခုအား တွေ့ရစဉ်
ဆက်သွယ်ရေးတာဝါတိုင် တစ်ခုအား တွေ့ရစဉ်

၂၀၁၄ ခုနှစ်တွင် ရရှိထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေးကွန်ရက်အား တိုးမြှင့်လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တာဝါတိုင် ၁၆၅၅ တိုင်သာရှိပြီး မိုဘိုင်းဖုန်း သုံးစွဲနိုင်သူမှာ စုစုပေါင်းလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း မတ် ၁၁ ရက် ရန်ကုန်မြို့ Park Royal Hotel ၌ကျင်းပသော Myanmar Construction Summit မှရရှိသော သတင်းများအရ သိရသည်။

မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ ပိုမိုကောင်းမွန်စေရန်အတွက် ပြည်တွင်း၌ အော်ပရေတာလေးခုမှ ဆောင်ရွက်နေကြောင်းနှင့် ယင်းအော်ပရေတာများမှာ Telenor၊ Ooredoo၊ ရတနာပုံတယ်လီပို့နှင့် MPT တို့ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ နိုင်ငံခြားတယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းများအား ခွင့်ပြုပေးထားသော်လည်း လုပ်ငန်းများ အနေဖြင့် စည်းမျဉ်းများကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တာဝါတိုင် ၁၆၅၅ တိုင် ရှိသော် လည်း သုံးနှစ်အတွင်း တာဝါတိုင်ပေါင်း ၁၀၀၀၀ ဖြစ်လာရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်မှ Deputy CEO ဖြစ်သူ ဦးမြင့်ဦးက ပြောကြားသည်။

အလားတူ မိုဘိုင်းဖုန်းသုံးစွဲနိုင်မှုအား ၂၀၁၄ ခုနှစ်တွင် ရာခိုင်နှုန်း ၁၀၊ ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၄၀၊ ၂၀၁၆ ခုနှစ်တွင် ရာခိုင်နှုန်း ၆၀၊ ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ သုံးစွဲနိုင်ရန် လျာထားကြောင်း သိရသည်။

“တာဝါတိုင် ၁၆၅၅ ခုက လက်ရှိတည်ဆောက်ထားပြီးသား။ ကျန်တာက သုံးနှစ်အတွင်း လုပ်မယ်။ ၁၀၀၀၀ ကျော်ပေါ့။ ရန်ကုန်-မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးသုံးမြို့မှာ စလုပ်မယ်။ ဒီနှစ်မှာပဲ စပြီးအကောင် အထည်ဖော်မှာပါ။ မြို့ကြီးသုံးမြို့လို့ ပြောတဲ့နေရာမှာ ဒီမြို့တွေနဲ့ ဆက်စပ်နေတဲ့ အနားက မြို့နယ်တွေလည်း ပါသွားနိုင်ပါတယ်။ 2G ပေးမလား၊ 3G ပေးမလား ဆိုတာကတော့ 3G လိုအပ်တဲ့ မြို့တွေအတွက် 3G ပေးမှာဖြစ်ပြီး တချို့ 3G အထိ သုံးစရာမလိုသေးတဲ့ လူတွေအတွက်တော့ 2G လောက်ပဲ စပေးနိုင်မှာပါ” ဟု ၎င်းကပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူဦးရေ ၂၀၀၀၀ နှင့်အထက် မြို့ကြီးများအား မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်များ ဖြန့်ကြက်နိုင်အောင် ဆောင်ရွက်သွားရန် သတ်မှတ်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အလားတူ အဆိုပါတာဝါတိုင် ၁၀၀၀၀ အား အော်ပရေတာလေးခုမှ စိုက်ထူသွားမည်ဖြစ်ပြီး ၎င်းနှင့်ဆက် စပ်သော Radio Station ဆောက်လုပ်မှုများလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍအား ကြည့်ပါက စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍနှင့် သားငါးကဏ္ဍ တို့သည် စုစုပေါင်းထုတ်လုပ်မှု၏ ၄၀ ဒသမ ၂ ရာခိုင်နှုန်းရှိနေပြီး တယ်လီကွန်းနှင့် ဘဏ်လုပ်ငန်းကဏ္ဍနှင့် ပတ်သက်သည့် ထုတ်လုပ်မှုမှာ ၃၇ ဒသမ ၁ ရာခိုင်နှုန်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ သန့်စင်မှု လုပ်ငန်းများမှ စုစုပေါင်း ထုတ်လုပ်မှု၏ ၂၁ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment