Sunday, March 9, 2014

အစိုးရနှင့် လွှတ်တော် ပွတ်တိုက်မှုများ ဖြစ်နေခြင်းသည် စနစ်ကြောင့်ဖြစ်သည်ဟု သူရဦးရွှေမန်း ပြောကြား

အစိုးရနှင့် လွှတ်တော်ပွတ်တိုက်မှုများ ဖြစ်နေခြင်းသည် စနစ်ကြောင့်ဖြစ်သည်ဟု  ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက မတ် ၆ ရက်တွင် လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အမေရိကန်နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဖြစ် သည့် ကွန်ဂရက်တို့အကြား အခြေအနေ၊ အင်္ဂလန်နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဖြစ်သည့် ပါလီမန်တို့အကြား အခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ ဥပဒေပြုရေးဖြစ်သော လွှတ်တော်သည် အင်္ဂလန်နိုင်ငံ၏ ပါလီမန်နှင့် အလားသဏ္ဌာန်တူကြောင်း နှိုင်းယှဉ်ပြောကြားသည်။

အမေရိကန်နိုင်ငံတွင် သမ္မတအနေဖြင့် ဥပဒေပြဋ္ဌာန်းချင်ပါက လွှတ်တော်ကိုယ်စားလှယ်ထံ ချဉ်းကပ်၍ ဥပဒေပြုပေးရန် တောင်းဆိုရကြောင်း၊ အစိုးရအဖွဲ့သည် ဥပဒေပြုရာ၌ လုံးဝမပါဝင်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် များကသာ ဥပဒေပြုရကြောင်း၊ သို့ဖြစ်၍ အမေရိကန်နိုင်ငံသည် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အကြား သီးသီးသန့်သန့် ပိုင်းပိုင်းခြားခြား ကျင့်သုံးကာ ကိုယ့်အလုပ် ကိုယ်လုပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ရှင်းလင်းပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ အုပ်ချုပ်ရေး အဖွဲ့ဖြစ်သော အစိုးရအဖွဲ့ဝင် ၀န်ကြီးများခန့်ထားရာတွင် အမေရိ ကန်နိုင်ငံကဲ့သို့ သမ္မတက ရွေးချယ်ခန့်ထားခြင်းဖြစ်ပြီး ဥပဒေပြုရာတွင်မူ အင်္ဂလန်နိုင်ငံကဲ့သို့ ဖြစ်နေကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

"တကယ်လို့သာ ခုနကအမေရိကန်ပုံစံမျိုး တစ်ခါတည်းချထားမယ်ဆိုရင် ဘာမှပြဿနာ မရှိဘူး။ လွှတ်တော်က လွှတ်တော် အလုပ်လုပ်မယ်။ ဥပဒေပြုမယ်။ သူတို့ကလည်း  အုပ်ချုပ်ရေးလုပ်မယ်။ ဥပဒေပြုလည်း မလာနဲ့။ ဒါကြောင့် ဒီပေါ်မူတည်ပြီးတော့ တချို့ကိစ္စတွေမှာ ပွတ်တိုက်မှုတွေ များနေတာ" ဟု သူရဦးရွှေမန်းက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment