Saturday, March 22, 2014

မလေးရှားလေယာဉ် အစိတ်အပိုင်းဟု ယူဆရသောပစ္စည်းများ ရေမြှုပ်ဟု သြစတြေးလျပြော

Photo: မလေးရှားလေယာဉ် အစိတ်အပိုင်းဟု ယူဆရသောပစ္စည်းများ ရေမြှုပ်ဟု သြစတြေးလျပြော
Saturday, March 22, 2014

မလေးရှားလေယာဉ် အစိတ်အပိုင်းဟု ယူဆရသော ပစ္စည်းများ ရေနစ်မြုပ် သွားပြီးလောက်ပြီဟု သြစတြေးလျ ဒုတိယဝန်ကြီး ဝါရန်ထရတ်က ပြောကြားလိုက်ပြီး လေယာဉ်အမှတ် MH-370 ကို ရှာဖွေနေသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့မှာ မည်သည့်အရာမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယနှင့် ထိုင်းနိုင်ငံကြားတွင် တည်ရှိသည့် ကပ္ပလီပင်လယ်ပြင် အတွင်း၌လည်း မလေးရှားလေယာဉ် ရှာဖွေမှုကို ထပ်မံပြုလုပ်လျက်ရှိပြီး ခေတ်သစ်လေကြောင်း လောကသမိုင်းတွင် ဖြစ်ပွားနေသည့် အထူးဆန်းဆုံး လေယာဉ် ပျောက်ဆုံးမှုကို အဖြေထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ လေယာဉ်မှ အစိတ်အပိုင်းများဟု အတည်မပြုနိုင်သော်လည်း အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် တွေ့ရှိခဲ့သည့် ပေါလော မျောပါနေသည့် ပစ္စည်းနှစ်ခုမှာ လေယာဉ်မှ ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြပြီး ပြီးခဲ့သည့် ကြာသပတေးနေ့အတွင်း အကြီးအကျယ် လိုက်လံရှာဖွေခဲ့သည်။

သို့သော်လည်း ပါ့သ်မြို့မှ ကီလိုမီတာ ၂၅၀၀ အကွာနေရာသို့ သွားရောက်ပြီး သံသယရှိသည့် အစိတ်အပိုင်းများကို သွားရောက် ရှာဖွေသည့် ပထမဆုံးသော သြစတြေးလျ လေယာဉ်မှာ မည်သည့် အရာဝတ္ထုမျှ မတွေ့ရှိဘဲ ပြန်လှည့်လာရကြောင်း သြစတြေးလျ အာဏာပိုင်များက ပြောကြားသည်။
“ပင်လယ်ထဲမှာ ပေါလောမျောနေတဲ့အရာက ရေပေါ်ဆက်ပေါ် မနေနိုင်လောက်တော့ပါဘူး” ဟု သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရန်ထရတ်က သတင်းထောက်များကို ပြောကြားသည်။

သို့သော်လည်း ပျောက်ဆုံး လေယာဉ် ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်နေပြီး သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်၊ တရုတ်နှင့် ဂျပန်လေယာဉ်များ ပူးပေါင်းရှာဖွေနေသည်။
“သင်္ဘောပေါ်ကနေ လိမ့်ကျခဲ့တဲ့ ကုန်သတ္တာ တစ်လုံးလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လည်း သေချာမသိပါဘူး” ဟု သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့က ပြောကြားသည်။

ယင်းကဲ့သို့ ထူးဆန်းစွာ ပျောက်ဆုံးနေသော လေယာဉ် ပြန်လည်ရှာဖွေရေး အားဖြည့်နိုင်ရန် အိန္ဒိယနိုင်ငံက P-8I ပိုဆီဒန် ရေကြောင်း ထောက်လှမ်းရေး လေယာဉ်တစ်စင်းနှင့် C_130 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းတို့ကို ပေးပို့ပေးမည် ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် အခြားနိုင်ငံများနှင့် ပူးပေါင်း ရှာဖွေသွားမည် ဖြစ်သည်။

ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည် ပျံသန်းခဲ့သော မလေးရှား လေယာဉ် MH 370 မှာ မတ်လ ၈ ရက်နေ့တွင် စတင်ပျောက်ဆုံးသွားခဲ့ပြီး သတ်မှတ်ထားသော လမ်းကြောင်းမှ မိုင်ထောင်ပေါင်းများစွာ လမ်းလွဲ ပျံသန်းခဲ့ကြောင်း တွေ့ရှိထားပြီး ပြန်ပေးဆွဲမှု၊ အဖျက်လုပ်ငန်း လုပ်ဆောင်မှု ဟုတ် မဟုတ်ကို အဓိက အာရုံစိုက် စုံစမ်းလျက် ရှိသည်။

အဆိုပါ လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာ အတွင်း၌သာမက လာအိုနိုင်ငံ မြောက်ပိုင်းမှ ကာဇတ်စတန်နိုင်ငံအထိ ဒေသတွင်း၌လည်း စုံစမ်းရှာဖွေလျက်ရှိပြီး မလေးရှားလေယာဉ် ပျောက်ဆုံး ပြီးနောက် အတည်မပြုနိုင်သော အပျက်အစီး အမျိုးမျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။

လေယာဉ်ပေါ်တွင် ပါသွားသည့် ဆက်သွယ်ရေး စက်များကို ပိတ်လိုက်ပြီးနောက် ထိုင်းပင်လယ်ကွေ့ကို ဖြတ်သန်း ပျံသန်းခဲ့ကာ အနောက်ဘက်သို့ သိသိသာသာ လမ်းကြောင်းပြောင်းပြီး မလေးရှား ကျွန်းဆွယ်ကို ထပ်မံဖြတ်သန်းကာ အိန္ဒိယနိုင်ငံဘက်သို့ ဦးတည် ပျံသန်းခဲ့ကြောင်း စစ်ဘက်ရေဒါများနှင့် ဂြိုဟ်တု ဆက်သွယ်မှုများအရ စုံစမ်းစစ်ဆေးရေးမှူးများက သိရှိထားသည်။

ထို့နောက် မည်ကဲ့သို့ ဖြစ်ပျက်သွားသည်ကို ရှင်းလင်းစွာ မသိရှိရသေးဘဲ ခပ်မှိန်မှိန် အီလက်ထရွန်နစ် အချက်ပြမှု တစ်ရပ်ကို စီးပွားရေး လုပ်ငန်းသုံး ဂြိုဟ်တုတစ်လုံးက ဖမ်းယူရရှိခဲ့ပြီး မလေးရှား လေယာဉ်မှာ အနည်းဆုံး ခြောက်နာရီ ကြာသည်အထိ ဆက်လက် ပျံသန်းခဲ့ကြောင်း ခန့်မှန်းထားကြသည်။

အဆိုပါ အချက်ပြမှုမှ ရရှိသော အချက်အလက်များကို မလေးရှား အာဏာပိုင်များသို့ ပြီးခဲ့သည့် ရက်များအတွင်း လွှဲပြောင်း ပေးအပ်ခဲ့သော်လည်း ရှာဖွေရေးဧရိယာ လျှော့ချရေးအတွက် ရက်သတ္တတစ်ပတ်ကျော် အချိန်ယူခဲ့ရပြီး တောင်ဘက်ဧရိယာတွင် သံသယ ရှိဖွယ် အပျက်အစီးများ တွေ့ရှိခဲ့ရပြီး တရုတ်မှ ဗဟိုအာရှထိ ကျယ်ဝန်းသော မြောက်ဘက် ဧရိယာတွင် မည်သည့်အရာမျှ တွေ့ရှိရခြင်း မရှိသေးပေ။

လက်ရှိ ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370 ပေါ်တွင် လူပေါင်း ၂၃၉ ဦး လိုက်ပါသွားပြီး ခရီးသည် အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကာ ထူးဆန်းသည့် လေယာဉ် ပျောက်ဆုံးမှုကြောင့် လွန်စွာဝမ်းနည်းရကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထုတ်ဖော် ပြောကြားထားသည်။

The Voice Weekly
မလေးရှားလေယာဉ် အစိတ်အပိုင်းဟု ယူဆရသော ပစ္စည်းများ ရေနစ်မြုပ် သွားပြီးလောက်ပြီ ဟု သြစတြေးလျ ဒုတိယဝန်ကြီး ဝါရန်ထရတ်က ပြောကြားလိုက်ပြီး လေယာဉ်အမှတ် MH-370 ကို ရှာဖွေနေသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့မှာ မည်သည့်အရာမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယနှင့် ထိုင်းနိုင်ငံကြားတွင် တည်ရှိသည့် ကပ္ပလီပင်လယ်ပြင် အတွင်း၌လည်း မလေး ရှားလေယာဉ် ရှာဖွေမှုကို ထပ်မံပြုလုပ်လျက်ရှိပြီး ခေတ်သစ်လေကြောင်း လောကသမိုင်းတွင် ဖြစ်ပွားနေသည့် အထူးဆန်းဆုံး လေယာဉ် ပျောက်ဆုံးမှုကို အဖြေထုတ်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

အဆိုပါ လေယာဉ်မှ အစိတ်အပိုင်းများဟု အတည်မပြုနိုင်သော်လည်း အိန္ဒိယသမုဒ္ဒရာ တောင် ပိုင်း တွင် တွေ့ရှိခဲ့သည့် ပေါလော မျောပါနေသည့် ပစ္စည်းနှစ်ခုမှာ လေယာဉ်မှ ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြပြီး ပြီးခဲ့သည့် ကြာသပတေးနေ့အတွင်း အကြီးအကျယ် လိုက်လံရှာဖွေခဲ့သည်။

သို့သော်လည်း ပါ့သ်မြို့မှ ကီလိုမီတာ ၂၅၀၀ အကွာနေရာသို့ သွားရောက်ပြီး သံသယရှိသည့် အစိတ်အပိုင်းများကို သွားရောက် ရှာဖွေသည့် ပထမဆုံးသော သြစတြေးလျ လေယာဉ်မှာ မည်သည့် အရာဝတ္ထုမျှ မတွေ့ရှိဘဲ ပြန်လှည့်လာရကြောင်း သြစတြေးလျ အာဏာပိုင်များက ပြောကြားသည်။

“ပင်လယ်ထဲမှာ ပေါလောမျောနေတဲ့အရာက ရေပေါ်ဆက်ပေါ် မနေနိုင်လောက်တော့ပါဘူး” ဟု သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရန်ထရတ်က သတင်းထောက်များကို ပြောကြားသည်။

သို့သော်လည်း ပျောက်ဆုံး လေယာဉ် ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်နေပြီး သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်၊ တရုတ်နှင့် ဂျပန်လေယာဉ်များ ပူးပေါင်းရှာဖွေနေသည်။

“သင်္ဘောပေါ်ကနေ လိမ့်ကျခဲ့တဲ့ ကုန်သတ္တာ တစ်လုံးလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ လည်း သေချာမသိပါဘူး” ဟု သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့က ပြောကြားသည်။

ယင်းကဲ့သို့ ထူးဆန်းစွာ ပျောက်ဆုံးနေသော လေယာဉ် ပြန်လည်ရှာဖွေရေး အားဖြည့်နိုင်ရန် အိန္ဒိယနိုင်ငံက P-8I ပိုဆီဒန် ရေကြောင်း ထောက်လှမ်းရေး လေယာဉ်တစ်စင်းနှင့် C_130 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းတို့ကို ပေးပို့ပေးမည် ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် အခြားနိုင်ငံများနှင့် ပူးပေါင်း ရှာဖွေသွားမည် ဖြစ်သည်။

ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည် ပျံသန်းခဲ့သော မလေးရှား လေယာဉ် MH 370 မှာ မတ်လ ၈ ရက်နေ့တွင် စတင်ပျောက်ဆုံးသွားခဲ့ပြီး သတ်မှတ်ထားသော လမ်းကြောင်းမှ မိုင်ထောင်ပေါင်းများစွာ လမ်းလွဲ ပျံသန်းခဲ့ကြောင်း တွေ့ရှိထားပြီး ပြန်ပေးဆွဲမှု၊ အဖျက်လုပ်ငန်း လုပ်ဆောင်မှု ဟုတ် မဟုတ်ကို အဓိက အာရုံစိုက် စုံစမ်းလျက် ရှိသည်။

အဆိုပါ လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာ အတွင်း၌သာမက လာအိုနိုင်ငံ မြောက်ပိုင်းမှ ကာဇတ်စတန်နိုင်ငံအထိ ဒေသတွင်း၌လည်း စုံစမ်းရှာဖွေလျက်ရှိပြီး မလေးရှားလေယာဉ် ပျောက်ဆုံး ပြီးနောက် အတည်မပြုနိုင်သော အပျက်အစီး အမျိုးမျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။

လေယာဉ်ပေါ်တွင် ပါသွားသည့် ဆက်သွယ်ရေး စက်များကို ပိတ်လိုက်ပြီးနောက် ထိုင်း ပင်လယ်ကွေ့ကို ဖြတ်သန်း ပျံသန်းခဲ့ကာ အနောက်ဘက်သို့ သိသိသာသာ လမ်းကြောင်းပြော င်းပြီး မလေးရှား ကျွန်းဆွယ်ကို ထပ်မံဖြတ်သန်းကာ အိန္ဒိယနိုင်ငံဘက်သို့ ဦးတည် ပျံသန်းခဲ့ကြောင်း စစ်ဘက်ရေဒါများနှင့် ဂြိုဟ်တု ဆက်သွယ်မှုများအရ စုံစမ်းစစ်ဆေးရေးမှူး များက သိရှိထားသည်။

ထို့နောက် မည်ကဲ့သို့ ဖြစ်ပျက်သွားသည်ကို ရှင်းလင်းစွာ မသိရှိရသေးဘဲ ခပ်မှိန်မှိန် အီလက် ထရွန်နစ် အချက်ပြမှု တစ်ရပ်ကို စီးပွားရေး လုပ်ငန်းသုံး ဂြိုဟ်တုတစ်လုံးက ဖမ်းယူရရှိခဲ့ပြီး မလေးရှား လေယာဉ်မှာ အနည်းဆုံး ခြောက်နာရီ ကြာသည်အထိ ဆက်လက် ပျံသန်း ခဲ့ကြောင်း ခန့်မှန်းထားကြသည်။

အဆိုပါ အချက်ပြမှုမှ ရရှိသော အချက်အလက်များကို မလေးရှား အာဏာပိုင်များသို့ ပြီးခဲ့သည့် ရက်များအတွင်း လွှဲပြောင်း ပေးအပ်ခဲ့သော်လည်း ရှာဖွေရေးဧရိယာ လျှော့ချရေးအတွက် ရက်သတ္တတစ်ပတ်ကျော် အချိန်ယူခဲ့ရပြီး တောင်ဘက်ဧရိယာတွင် သံသယ ရှိဖွယ် အပျက် အစီးများ တွေ့ရှိခဲ့ရပြီး တရုတ်မှ ဗဟိုအာရှထိ ကျယ်ဝန်းသော မြောက်ဘက် ဧရိယာတွင် မည်သည့်အရာမျှ တွေ့ရှိရခြင်း မရှိသေးပေ။

လက်ရှိ ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370 ပေါ်တွင် လူပေါင်း ၂၃၉ ဦး လိုက်ပါသွားပြီး ခရီးသည် အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကာ ထူးဆန်းသည့် လေယာဉ် ပျောက်ဆုံးမှုကြောင့် လွန်စွာဝမ်းနည်းရကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထုတ်ဖော် ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment