Sunday, March 30, 2014

Electronic Ticket အစားထိုး အသုံးပြုမည့် မြို့ပတ်ရထားလက်မှတ်အား လုပ်ကိုင်ခွင့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို စတင်ခေါ်ယူ

Photo: Electronic Ticket အစားထိုး အသုံးပြုမည့် မြို့ပတ်ရထားလက်မှတ်အား လုပ်ကိုင်ခွင့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို စတင်ခေါ်ယူ 

March 30, 2014

ယခင်က ခရီးသည်တင် ဘတ်စ်ကားများတွင် အသုံးပြုခဲ့သည့် i-pay ကတ်ကဲ့သို့ အသုံးပြုနိုင်မည့် ရထားလက်မှတ်အား လုပ်ကိုင်ခွင့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို မတ် ၂၉  ရက်က ခေါ်ယူမှု ပြုလုပ်ခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ရထားစီးနင်းခ လက်မှတ်များကို ပြောင်းလဲအသုံးပြုခြင်းမှာ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရပ်ကွက်မှ ရထားအသုံးပြုသူများ ပိုမိုအဆင်ပြေရန်အတွက် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည်။

“အခုက ဒီ E-ticket ကို အသုံးပြုဖို့ လုပ်ဆောင်တာက စီနင်းသူတွေ များလာတယ်။ များလာတဲ့အတွက်လည်း လက်မှတ်အသုံးပြုတာကိုလည်း အဆင်ပြေအောင် လုပ်ဆောင်တာပါ။ နောက်ပြီး ရထားစနစ်တွေကိုလည်း နိုင်ငံတကာစံနှုန်းနဲ့ မီအောင် လုပ်ဆောင်နေတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်”ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းစနစ်ကို ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်ရှိ ပြေးဆွဲနေသော ရထားအားလုံးတွင် အသုံးပြုနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ် နှစ်ဝက်ခန့်တွင်  စတင်နိုင်ရန် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လုပ်ကိုင်လိုသူများအနေဖြင့် ဧပြီ ၁၁ ရက်မတိုင်မီ ရန်ကုန်ဘူတာကြီးသို့ လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တင်ဒါစိစစ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ယခင်က ဒေါ်လာဖြင့် ကောက်ခံနေသော ရန်ကုန်မြို့ပတ်ရထားအား အသုံးပြုနေသည့် နိုင်ငံခြားသားများအတွက် ရထားလက်မှတ်ခကိုလည်း မြန်မာကျပ်ငွေဖြင့် ဧပြီ ၁ ရက်မှ စတင်ကာ ရောင်းချမှုကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထား အသုံးပြုမှုမှာ တစ်ရက်လျှင် စုစုပေါင်းလူဦးရေ ၁၀၀၀၀၀ ခန့် ရှိနေပြီး နိုင်ငံခြားသားခရီးသည်များမှာ ၂၀၀ ခန့်ရှိနေကြောင်း ရန်ကုန်ဘူတာကြီး မှ သိရသည်။

လက်ရှိတွင် ရန်ကုန်ဘူတာကြီးကို နိုင်ငံတကာစံနှုန်းအတိုင်း ပြောင်းလဲအသုံးပြုနိုင်ရန် နိုင်ငံတကာအပါအ၀င် ပြည်တွင်းမှ လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူနိုင်ရန် စီစဉ်လျက်ရှိပြီး ဂျပန်အပါအ၀င် စင်ကာပူနိုင်ငံများရှိ ကုမ္ပဏီ လေးခုမှ လာရောက်တင်ပြထားကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။ 

Eleven
ယခင်က ခရီးသည်တင် ဘတ်စ်ကားများတွင် အသုံးပြုခဲ့သည့် i-pay ကတ်ကဲ့သို့ အသုံးပြုနိုင်မည့် ရထား လက်မှတ်အား လုပ်ကိုင်ခွင့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို မတ် ၂၉ ရက်က ခေါ်ယူမှု ပြုလုပ် ခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ရထားစီးနင်းခ လက်မှတ်များကို ပြောင်းလဲအသုံးပြုခြင်းမှာ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံး ရပ်ကွက်မှ ရထားအသုံးပြုသူများ ပိုမိုအဆင်ပြေရန်အတွက် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီး ဌာနမှ ကြေညာခဲ့သည်။

“အခုက ဒီ E-ticket ကို အသုံးပြုဖို့ လုပ်ဆောင်တာက စီနင်းသူတွေ များလာတယ်။ များလာတဲ့ အတွက်လည်း လက်မှတ်အသုံးပြုတာကိုလည်း အဆင်ပြေအောင် လုပ်ဆောင်တာပါ။ နောက်ပြီး ရထားစနစ်တွေကိုလည်း နိုင်ငံတကာစံနှုန်းနဲ့ မီအောင် လုပ်ဆောင်နေတဲ့ အတွက်ကြောင့်လည်း ဖြစ် ပါတယ်”ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းစနစ်ကို ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်ရှိ ပြေးဆွဲနေသော ရထားအားလုံးတွင် အသုံးပြုနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ် နှစ်ဝက်ခန့်တွင် စတင်နိုင်ရန် အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လုပ်ကိုင်လိုသူများအနေဖြင့် ဧပြီ ၁၁ ရက်မတိုင်မီ ရန်ကုန်ဘူတာကြီးသို့ လာရောက်လျှောက်ထားရ မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တင်ဒါစိစစ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ယခင်က ဒေါ်လာဖြင့် ကောက်ခံနေသော ရန်ကုန်မြို့ပတ်ရထားအား အသုံးပြုနေသည့် နိုင်ငံခြား သားများအတွက် ရထားလက်မှတ်ခကိုလည်း မြန်မာကျပ်ငွေဖြင့် ဧပြီ ၁ ရက်မှ စတင်ကာ ရောင်းချ မှုကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထား အသုံးပြုမှုမှာ တစ်ရက်လျှင် စုစုပေါင်းလူဦးရေ ၁၀၀၀၀၀ ခန့် ရှိနေပြီး နိုင်ငံခြားသားခရီးသည်များမှာ ၂၀၀ ခန့်ရှိနေကြောင်း ရန်ကုန်ဘူတာကြီး မှ သိရသည်။

လက်ရှိတွင်ရန်ကုန်ဘူတာကြီးကို နိုင်ငံတကာစံနှုန်းအတိုင်း ပြောင်းလဲအသုံးပြုနိုင်ရန် နိုင်ငံတကာအပါအ၀င်
 ပြည်တွင်းမှ လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူနိုင်ရန် စီစဉ်လျက်ရှိပြီး ဂျပန်အပါအ၀င် စင်ကာပူနိုင်ငံများရှိ ကုမ္ပဏီ လေးခုမှ လာရောက်တင်ပြထားကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

Eleven

No comments:

Post a Comment