Sunday, March 9, 2014

MICT Park ၌ ပြုလုပ်သည့် App Expo 2014 တွင် မိုဘိုင်း Application များ ၀င်ရောက်ပြသမှုများပြား..

Photo: MICT Park ၌ ပြုလုပ်သည့် App Expo 2014 တွင် မိုဘိုင်း Application များ ၀င်ရောက်ပြသမှုများပြား..
Sunday, March 9, 2014

မတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် MICT Park ၌ ကျင်းပပြုလုပ်နေသည့် App Expo 2014 ပွဲတွင် မိုဘိုင်း Application များကို ၀င်ရောက်ပြသမှု များပြားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းပြပွဲ၌ ဆော့ဖ်ဝဲကုမ္ပဏီပေါင်း ၂၀ ကျော်မှ ပြခန်းပေါင်း  ၃၀ ကျော်ဖြင့် ၀င်ရောက်ပြသခဲ့ကြပြီး ဆော့ဖ်ဝဲနှင့်ပတ်သက်သော ဟောပြောပွဲများ၊ ဂိမ်းပြိုင်ပွဲများ၊ ဖုန်းနှင့် တက်ဘလက် ရောင်းချမှုများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

မိုက်ခရိုဆော့ဖ်မှ Patrick Shim က ''State of Gaming'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ IdeaBoxMyanmar မှ Andy Zain က ''Developing and Delivering your 1-minute Elevator Pitch''  ခေါင်းစဉ်ဖြင့် လည်းကောင်း၊Total Game Play Studio မှ ကိုမြင့်ကျော်သူက ''Lessons Learned- Stories by a Myanmar Game Developer''  ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြကြောင်း သိရသည်။

“ပညာရေးဆိုင်ရာ မိုဘိုင်းဆော့ဖ်ဝဲ တစ်ခုဖြစ်တဲ့ MES Application ကို မတ် ၁၅ ရက်ကစပြီး စတင်အသုံးပြုနိုင်မှာပါ။ Play Store ကနေလည်း Download ဆွဲလို့ ရမှာပါ။ ဆော့ဖ်ဝဲကိုဖွင့်လိုက်တာနဲ့ အဓိက ခေါင်းစဉ်ကြီး ခြောက်ခုပေါ်လာမယ်။ ဥပမာ- နိုင်ငံခြားဘာသာစကားသင်တန်း၊ စီးပွားရေးပညာရပ် စသဖြင့်ပေါ့။ ကိုယ်တက်ချင်တဲ့ သင်တန်းကိုရွေးပြီးရင် ဘာသာရပ်ခွဲတွေ ပေါ်လာမယ်။ ဘာသာရပ်ကိုရွေးပြီးရင် မြို့နယ်တွေပေါ်လာမယ်။ ကိုယ်နဲ့နီးစပ်တဲ့ နေရာမှာရှိတဲ့ သင်တန်းမှာတက်နိုင်ဖို့ အသေးစိတ်အချက်အလက်တွေ လေ့လာကြည့်ရှုနိုင်မှာဖြစ်ပြီး ဓာတ်ပုံနဲ့တကွ ဖော်ပြပေးထားမှာပါ။ Offline လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟုMyanmar Edu-Service မှ တာဝန်ရှိသူက ရှင်းပြခဲ့သည်။

ယင်းပြပွဲတွင် မြန်မာကီးဘုတ်ဆော့ဖ်ဝဲများ၊ မြန်မာလူမှုကွန်ရက်ဆော့ဖ်ဝဲ၊ မိုဘိုင်း ပိုက်ဆံဆော့ဖ်ဝဲ၊ မိုဘိုင်းအရောင်းဆော့ဖ်ဝဲ၊ အွန်လိုင်းတေးဂီတစတိုးတွင် သီချင်းများ ၀ယ်ယူနားထောင်နိုင်သော ဆော့ဖ်ဝဲနှင့် အခြားအသုံးဝင် မိုဘိုင်းဆော့ဖ်ဝဲများကို ၀င်ရောက်ပြသခဲ့ကြကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment