အိန္ဒိယနိုင်ငံ သည် INS Wikrant အမည်ရှိ ၄င်းတို့၏ ပထမ ဦးဆုံးသော လေ ယာဉ်တင် သင်္ဘော ကို လေလံပွဲ တစ်ခုတွင် အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။
အိန္ဒိယ ရေတပ်မှ ရောင်းချခဲ့သော ၄င်း သင်္ဘောကို I.B Commercial Pvt ကုမ္ပဏီက ၀ယ်ယူခဲ့ပြီး ရက်ပေါင်း ၃၀ အတွင်း ငွေပေးချေ သွားမည် ဖြစ်ကြောင်း သိရသည်။
INS Wikrant သင်္ဘောသည် ၁၉၉၇ ခုနှစ် ဇန်န၀ါရီလပိုင်းက ၄င်းထမ်းဆောင်ခဲ့သည့် တာဝန်များကို အဆုံး သတ် ခဲ့ပြီးနောက် သင်္ဘောကို အာဏာပိုင် များက မွမ်ဘိုင်းမြို့ Cuffe Parade ရှိ သင်္ဘောပြတိုက် တစ်ခု၌ ၂၀၁၂ ခုနှစ်တိုင်အောင် ပြသခဲ့ပြီး လုံခြုံမှုမရှိသောကြောင့် နောက်ပိုင်းတွင် ယင်းကဲ့ သို့ ရောင်းချ ခဲ့ခြင်း ဖြစ်ကြော င်း သိရှိရသည်။ (Xinhua )
Themyawadydaily
No comments:
Post a Comment