Thursday, April 3, 2014

ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိတ်မချရသေးဟု ဆေးရုံအုပ်ကြီးပြော

ရန်ကုန်၊ ဧပြီ ၂

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ငါးရက်တိုင် ၂၄ နာရီ စောင့်ရှောက်မှု ခံယူနေရသော အသက် ၈၄ နှစ်ရှိ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိတ်မချရသေးကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။

ဦးဝင်းတင်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ အဆုတ်မှတစ်ဆင့် အူနံရံ ကြွက်သားများအတွင်း လေဝင်သွားခြင်းကြောင့် အနာဖြစ်လာပြီး အူမကြီးနောက်ပိုင်းတွင် သွေးယိုစီးမှု ဖြစ်လာကာ သတိလစ်သွားခြင်း ဖြစ်ကြောင်း ဒေါက်တာလှမြင့်က ရှင်းပြသည်။

“အခြေအနေက စိတ်ချရတယ်လို့ မပြောနိုင်ဘူး။ တစ်ဖက်ကို ၅၀ ရာခိုင်နှုန်းဆီလောက်ကို မရောက်သေးဘူး။ ကုသမှုအပိုင်းမှာ အစွမ်းကုန် တာဝန်ယူ လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆိုသည်။

ဟံသာဝတီ ဦးဝင်းတင်မှာ အသက်အရွယ်အရ ကျန်းမာရေး ချို့ယွင်းခြင်း ဖြစ်ပြီး ဆရာဝန်များ၏ ကုသမှုကို ကျေနပ်ကြောင်း မိသားစုဝင် တစ်ဦးက ပြောဆိုသည်။

“ဖြစ်ချိန်တန်လို့ ဖြစ်လာတာပဲ၊ ဘယ်သူမှ တားလို့ မရပါဘူး” ဟု ဦးဝင်းတင်၏ မိသားစုဝင် တစ်ဦးက မှတ်ချက်ပြုသည်။ လက်ရှိ ကျန်းမာရေး အခြေအနေ အရ ခရီးသွားနိုင်ခြင်း မရှိသည့်အတွက် ပြည်ပသို့ သွားရောက် ဆေးကုသမှု အစီအစဉ်ကိုလည်း မလုပ်ဆောင်ရန် ဆရာဝန်များက ညွှန်ကြားထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

ဦးဝင်းတင် ပြန်လည် ကျန်းမာလာရန် နိုင်ငံရေးနယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များသည် ဧပြီလ ၂ ရက်နေ့က ရွှေတိဂုံစေတီတော်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့၌ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကနှင့် ပါတီအာဘော် ဒီလှိုင်းဂျာနယ်၏ အကြံပေးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေ ချို့ယွင်းလာမှုကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ ဝိတိုရိယဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရာက စိုးရိမ်ရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ မတ်လ ၂၉ ရက်နေ့တွင် ပြောင်းရွှေ့ကုသနေခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အတွက် ဖောင်ဒေးရှင်းတစ်ခု ထူထောင်ကာ ကူညီထောက်ပံ့နေသော ဦးဝင်းတင်သည် နှလုံးတွင် စက်တပ်ဆင်ထားရသူ ဖြစ်သည့်အပြင် ၎င်းကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား အဖြစ် အကျဉ်းထောင်အတွင်း ရှိခဲ့စဉ်က ကျန်းမာရေး ဆိုးရွားစွာ ချို့ယွင်းခဲ့ကြောင်း ၎င်းမိသားစုဝင်များက ပြောဆိုထားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ငါးရက်တိုင် ၂၄ နာရီ စောင့်ရှောက်မှု ခံယူနေရသော အသက် ၈၄ နှစ်ရှိ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိတ်မချရသေးကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။
ဦးဝင်းတင်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ အဆုတ်မှတစ်ဆင့် အူနံရံ ကြွက်သားများ အတွင်း လေဝင်သွားခြင်းကြောင့် အနာဖြစ်လာပြီး အူမကြီးနောက်ပိုင်းတွင် သွေးယို စီးမှု ဖြစ်လာကာ သတိလစ်သွားခြင်း ဖြစ်ကြောင်း ဒေါက်တာလှမြင့်က ရှင်းပြသည်။

“အခြေအနေက စိတ်ချရတယ်လို့ မပြောနိုင်ဘူး။ တစ်ဖက်ကို ၅၀ ရာခိုင်နှုန်းဆီလောက်ကို မရောက်သေးဘူး။ ကုသမှုအပိုင်းမှာ အစွမ်းကုန် တာဝန်ယူ လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆိုသည်။
ဟံသာဝတီ ဦးဝင်းတင်မှာ အသက်အရွယ်အရ ကျန်းမာရေး ချို့ယွင်းခြင်း ဖြစ်ပြီး ဆရာဝန်များ၏ ကုသမှုကို ကျေနပ်ကြောင်း မိသားစုဝင် တစ်ဦးက ပြောဆိုသည်။
“ဖြစ်ချိန်တန်လို့ ဖြစ်လာတာပဲ၊ ဘယ်သူမှ တားလို့ မရပါဘူး” ဟု ဦးဝင်းတင်၏ မိသားစုဝင် တစ်ဦးက မှတ်ချက်ပြုသည်။ လက်ရှိ ကျန်းမာရေး အခြေအနေ အရ ခရီးသွားနိုင်ခြင်း မရှိသည့်အတွက် ပြည်ပသို့ သွားရောက် ဆေးကုသမှု အစီအစဉ်ကိုလည်း မလုပ်ဆောင်ရန် ဆရာဝန်များက ညွှန်ကြားထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။
ဦးဝင်းတင် ပြန်လည် ကျန်းမာလာရန် နိုင်ငံရေးနယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များသည် ဧပြီလ ၂ ရက်နေ့က ရွှေတိဂုံစေတီတော်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့၌ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကနှင့် ပါတီအာဘော် ဒီလှိုင်းဂျာနယ်၏ အကြံပေးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေ ချို့ယွင်းလာမှုကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ ဝိတိုရိယဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရာက စိုးရိမ်ရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ မတ်လ ၂၉ ရက်နေ့တွင် ပြောင်းရွှေ့ကုသနေခြင်း ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အတွက် ဖောင်ဒေးရှင်းတစ်ခု ထူထောင်ကာ ကူညီထောက်ပံ့နေသော ဦးဝင်းတင်သည် နှလုံးတွင် စက်တပ်ဆင်ထားရသူ ဖြစ်သည့်အပြင် ၎င်းကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား အဖြစ် အကျဉ်းထောင်အတွင်း ရှိခဲ့စဉ်က ကျန်းမာရေး ဆိုးရွားစွာ ချို့ယွင်းခဲ့ကြောင်း ၎င်းမိသားစုဝင်များက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment