Saturday, April 12, 2014

ခရီးသည်တင် ယာဉ်များ ရပ်-ချ- တင်-ထွက် စနစ်ကို မဖြစ်မနေ ကျင့်သုံး ရတော့မည်

Photo: ခရီးသည်တင် ယာဉ်များ ရပ်-ချ- တင်-ထွက် စနစ်ကို မဖြစ်မနေ ကျင့်သုံး ရတော့မည်
Saturday, April 12, 2014

ခရီးသည်များကို တင်ဆောင် ပြေးဆွဲနေသော ယာဉ်များအနေဖြင့် ရပ်-ချ-တင်- ထွက် စနစ်ကို အသုံးပြု၍ ခရီးသွား ပြည်သူများ၏ မြို့တွင်းခရီး သွားလာရေး အခက်အခဲကို မဖြစ်မနေ ဖြေရှင်းရတော့မည် ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။

ခရီးသည်တင် ယာဉ်လုပ်သားများ အနေဖြင့် ဘတ်စကား မှတ်တိုင်များတွင် ရပ်နား၍ ခရီးသည်အတင်အချ ပြုလုပ်ရာတွင် ရပ်-ချ-တင်-ထွက်စနစ် ကျင့်သုံးရန် သက်ဆိုင်ရာ ယာဉ်လုပ်သားများ ကို မှာကြားထားကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟို ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားခဲ့သည်။

ခရီးသည်တင် ယာဉ်လုပ်သားများ အနေဖြင့် ရပ်-ချ-တင်-ထွက် စနစ်ကို ကျင့်သုံးမှသာ ခရီးသွား ပြည်သူများ၏ မြို့တွင်း သွားလာရေးတွင် အချိန်ကုန် သက်သာမည့်အပြင် ယာဉ်ကြော ပိတ်ဆို့မှုများကိုလည်း လျော့နည်းစေပြီး ယာဉ်မတော်တဆမှု ကင်းရှင်းစေ နိုင်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

မြေနီကုန်း၊ ဆူးလေ၊ လှည်းတန်း၊ မဟာမြိုင်၊ ပန်းဆိုးတန်းနှင့် အခြားသော မှတ်တိုင်များတွင် ခရီးသည်တင် ယာဉ်များ အနေဖြင့် ခရီးသည် အတင်အချ ပြုလုပ်ရာတွင် ရပ်-ချ-တင်-ထွက်စနစ်ကို မကျင့်သုံးဘဲ အချိန်ကြာမြင့်စွာ ရပ်နား၍ ခရီးသည် အ တင်အချ ပြုလုပ်ခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်ကို နေ့စဉ်တွေ့မြင် ရမည်ဖြစ်သည်။

''မှတ်တိုင်တွေမှာ ရပ်နားပြီး လူတင်၊လူချ ပြုလုပ်တဲ့အခါ ယာဉ်ရပ်ပြီး ကားပေါ်က ခရီးသည်ကို ချမယ်။ ပြီးရင် အောက်က တက်လာမယ့် ခရီးသည်ကို တင်မယ်။ ပြီးရင် ထွက်မယ်။ အဲဒီ စနစ်ကို သုံးရမယ်။ အဲဒါမှ ယာဉ်ကြောရှင်းမယ်'' ဟု မ-ထ-သ (ဗဟို) စည်း ကမ်းထိန်းသိမ်းရေး ဌာနမှ ဦးကာကျော်က ပြောကြားခဲ့သည်။ အထက်ပါ ခရီးသည်တင် ယာဉ်များစွာ ရှေ့ဆင့်နောက်ဆင့် တန်းစီရပ်နား၍ ခရီးသည် အတင်အချ ပြုလုပ်သော မှတ်တိုင်ကြီးများတွင် ခရီးသည်တင် ယာဉ်များ၏ အချိန်ကြာမြင့်စွာ ရပ်နား၍ ခရီးသည် အတင်အချ ပြုလုပ်ခြင်းကြောင့် နောက်မှ အခြားသော မော်တော်ယာဉ် များမှာ ရှေ့ဆက် သွား၍မရဘဲ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက် ရှိသည့်အပြင် ခရီးသွား ပြည်သူ များအနေဖြင့် လိုရာခရီး သွားလာရာတွင် လည်း အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
ခရီးသည်များကို တင်ဆောင် ပြေးဆွဲနေသော ယာဉ်များအနေဖြင့် ရပ်-ချ-တင်- ထွက် စနစ်ကို အသုံးပြု၍ ခရီးသွား ပြည်သူများ၏ မြို့တွင်းခရီး သွားလာရေး အခက်အခဲကို မဖြစ်မနေ ဖြေရှင်းရတော့ မည် ဖြစ်ကြော င်း ပညာ ရှင် များက သုံးသပ်ပြောကြားခဲ့သည်။
ခရီးသည်တင် ယာဉ်လုပ်သားများ အနေဖြင့် ဘတ်စကား မှတ်တိုင်များတွင် ရပ်နား၍ ခရီးသည်အတင် အချ ပြုလုပ်ရာတွင် ရပ်-ချ-တင်-ထွက်စနစ် ကျင့်သုံးရန် သက်ဆိုင်ရာ ယာဉ်လုပ်သားများကို မှာကြား ထားကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟို ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားခဲ့သည်။

ခရီးသည်တင် ယာဉ်လုပ်သားများ အနေဖြင့် ရပ်-ချ-တင်-ထွက် စနစ်ကို ကျင့်သုံးမှသာ ခရီးသွား ပြည်သူ များ၏ မြို့တွင်း သွားလာရေးတွင် အချိန်ကုန် သက်သာမည့်အပြင် ယာဉ်ကြော ပိတ်ဆို့မှုများကို လည်း လျော့ နည်းစေပြီး ယာဉ်မတော်တဆမှု ကင်းရှင်းစေ နိုင်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

မြေနီကုန်း၊ ဆူးလေ၊ လှည်းတန်း၊ မဟာမြိုင်၊ ပန်းဆိုးတန်းနှင့် အခြားသော မှတ်တိုင်များတွင် ခရီးသည်တင် ယာဉ်များ အနေဖြင့် ခရီးသည် အတင်အချ ပြုလုပ်ရာတွင် ရပ်-ချ-တင်-ထွက်စနစ်ကို မကျင့်သုံးဘဲ အချိန်ကြာမြင့် စွာ ရပ်နား၍ ခရီးသည် အ တင်အချ ပြုလုပ်ခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေ သည်ကို နေ့စဉ်တွေ့မြင် ရမည်ဖြစ်သည်။

''မှတ်တိုင်တွေမှာ ရပ်နားပြီး လူတင်၊လူချ ပြုလုပ်တဲ့အခါ ယာဉ်ရပ်ပြီး ကားပေါ်က ခရီးသည်ကို ချမယ်။ ပြီးရင် အောက်က တက်လာမယ့် ခရီးသည်ကို တင်မယ်။ ပြီးရင် ထွက်မယ်။ အဲဒီ စနစ်ကို သုံးရမယ်။ အဲဒါမှ ယာဉ်ကြောရှင်းမယ်'' ဟု မ-ထ-သ (ဗဟို) စည်း ကမ်းထိန်းသိမ်းရေး ဌာနမှ ဦးကာကျော်က ပြောကြားခဲ့ သည်။ အထက်ပါ ခရီးသည်တင် ယာဉ်များစွာ ရှေ့ဆင့်နောက်ဆင့် တန်းစီရပ်နား၍ ခရီးသည် အတင် အချ ပြုလုပ်သော မှတ်တိုင်ကြီးများတွင် ခရီးသည်တင် ယာဉ်များ၏ အချိန်ကြာမြင့်စွာ ရပ်နား၍ ခရီးသည် အတင်အချ ပြုလုပ်ခြင်းကြောင့် နောက်မှ အခြားသော မော်တော်ယာဉ် များမှာ ရှေ့ဆက် သွား၍မရဘဲ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက် ရှိသည့်အပြင် ခရီးသွား ပြည်သူ များအနေဖြင့် လိုရာခရီး သွားလာ ရာ တွင် လည်း အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment