Thursday, April 3, 2014

စမတ်ဖုန်းအလွန်အကျွံအသုံးပြုခြင်းသည် မျက်စိကို ထိခိုက်စေနိုင်ကြောင်း မျက်မှန်ကျွမ်းကျင်သူများပြော

စမတ်ဖုန်း အလွန်အကျွံအသုံးပြုသူများသည် မျက်စိထိခိုက်မှု အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မျက်မှန် ကျွမ်းကျင်သူများက ပြောကြားသည်။
ကွန်ပျူတာများ၊ Tablets, Flat Screen တီဗွီများကဲ့သို့သော အခြားပစ္စည်းကိရိယာများနှင့် စမတ်ဖုန်းများကို အလွန်အကျွံသုံးခြင်းသည် ကာလရှည် မျက်စိပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း မျက်မှန်ကျွမ်းကျင်သူ များက သတိပေးပြောကြားသည်။
တစ်နေ့လျှင် စမတ်ဖုန်းများကို ၃၂ ကြိမ်ခန့် အသုံးပြုသော အသက် ၂၅ နှစ် အရွယ် ပြည်သူ ၂,၀၀၀ ခန့်ကို ဆန်းစစ်လေ့လာမှု ပြုရာမှအဆိုပါ သတိပေးချက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အပြာရောင် ခရမ်းလွန်အလင်းရောင်သည် မျက်စိကို အဆိပ်အတောက် အန္တရာယ်များ ဖြစ်ပေါ်နိုင် ဖွယ်ရှိ ကြောင်း မျက်မှန်ကျွမ်းကျင်သူ အန်ဒီဟက်ပ်ဝေါ့က ပြောကြားသည်။
“စမတ်ဖုန်းများကို အလွန်အကျွံ အသုံးပြုပါက မျက်လုံးများကို ပျက်စီးနိုင်ဖွယ်ရှိပါတယ်။ အသုံးပြုသူများ အနေဖြင့် စမတ်ဖုန်းကိုကြည့်နေစဉ် ဖုန်းမှ အပြာရောင် ခရမ်းလွန်အလင်းရောင်များ ထွက်ပေါ်လာပါ တယ်”ဟု ဘန်ဒီဟက်ပ်ဝေါ့က ပြောကြားသည်။
ကောင်းသော အပြာရောင် အလင်းရောင်သည် ဇီဝဗေဒဆိုင်ရာ လည်ပတ်မှုကို အကူအညီပေးရန် လိုအပ် သော်ငြားလည်း အပြာရောင် ခရမ်းလွန် အလင်းရောင်များ အပြားထိတွေ့ပါက အိပ်စက်ခြင်းအပေါ် အနှောင့်အယှက်ဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာများတွင်လည်း အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း မျက်မှန် ကျွမ်းကျင်သူများက ပြောကြားသည်။
အပြာရောင် ခရမ်းလွန် အလင်းရောင် အများအပြားထိတွေ့ခြင်းက မျက်စိထိခိုက်မှုကို တိုက်ရိုက်ဆက်စပ် နိုင်မှုရှိ မရှိနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့် သိရှိခြင်းမရှိသော်ငြားလည်း ယင်းကိစ္စရပ်သည် မျက်လုံးကို ထိခိုက်နိုင်ဖွယ်ရှိသည့် ခိုင်မာသော သက်သေအထောက်အထား တစ်ရပ် ဖြစ်ပါတယ်ဟု အန်ဒီကထပ် လောင်း ပြောကြားသည်။
ပုဂ္ဂလိက မျက်မှန်ကျွမ်းကျင်သူများ အဖွဲ့က ပြုလုပ်သော လေ့လာဆန်းစစ်မှုတွင် ပျမ်းမျှအားဖြင့် အရွယ် ရောက်ပြီးသူများသည် တစ်နေ့လျှင် စမတ်ဖုန်းမျက်နှာပြင်ကို ခုနစ်နာရီနီးပါးခန့်ကြည့်၍ အချိန်များကုန်ဆုံး လျက်ရှိသည်ကို တွေ့ရှိ ခဲ့သည်။
Mizzima - News in Burmese

No comments:

Post a Comment