၁၄.၄.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်ေ န ဒေါ် လွင်လွင်မာ မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် တူဖြစ်သူ ဇော်လင်းထွန်းမှ တစ်လမ်းတည်းနေ မလမင်းတွယ်တာ အား ရေပက်စဉ် ပါးနမ်းသကဲ့သို့ ဖြစ်ခဲ့သဖြင့် မလမင်းတွယ်တာ၏ အစ်မဖြစ်သူ မဇင်မီမီထွန်း(ခ)ဇင်မီလေး၊ (၂၉)နှစ်၊ (ဘ)ဦးစိုးဝင်းမှ တူဖြစ်သူအား ပါးရိုက်ခဲ့ကြောင်း၊ ထိုသို့ရိုက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မဇင်မီမီထွန်း(ခ)ဇင်မီလေးနှင့် ဇော်လင်းထွန်း၏မိခင် ဒေါ်တင်တင်မော်၊ အစ်မဖြစ်သူ မအိဖြူ၊ အဖွားဖြစ်သူ ဒေါ်သန်းရှင်တို့ စကားများကြစဉ် မဇင်မီမီထွန်း(ခ)ဇင်မီလေးမှ အရိုးအသွား(၄)လက်မ ခန့်ရှိ ခဲတံချွန်ခေါက်ဓါးနှင့်လှီးခဲ့သဖြင့် ဒေါ်တင်တင်မော်တွင် ၀ဲရင်ဘတ်၊ ၀ဲပါး၊ ၀ဲလက်ကောက်ဝတ်နှင့် လည်ပင်းတို့၌ ပြတ်ရှဒဏ်ရာ(၁)ချက်စီရရှိခဲ့ကြောင်း၊ ထိုသို့ဒဏ်ရာရရှိခဲ့သဖြင့် ဒေါ်တင်တင်မော်အား ဆိပ်ကြီးခနောင်တိုမြို့နယ် ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်းနှင့် ယင်းသို့ပြစ်မှုကျူးလွန်သူ မဇင်မီမီထွန်း (ခ)ဇင်မီလေးအား အရေးယူပေးပါရန်တိုင်တန်းလာခဲ့ပါသည်။
ယင်းသို့တိုင်တန်းချက်အရ ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း (ပ)၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ ဒေါ်တင်တင်မော်မှာ ၁၉၄၀ အချိန်တွင် သေဆုံးသွား သဖြင့် ပြစ်မှု ပုဒ်မ-၃၂၆ မှ ၃၀၂ သို့ပြောင်းလဲစစ်ဆေးကာ ပြစ်မှုကျူးလွန်သူ မဇင်မီမီထွန်း(ခ) ဇင်မီလေးအား ဖမ်းဆီး စစ်ဆေး လျက် ရှိပါသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ မဇင်မီမီထွန်း(ခ)ဇင်မီလေးမှလည်း ညီမဖြစ်သူ မလမင်းတွယ်တာအား ဇော် လင်းထွန်း မှ ရေပက် ကစားစဉ်နောက်မှဖက်ပြီး ပါးနမ်းခဲ့ခြင်းနှင့် ဇော်လင်းထွန်း၏မိခင် ဒေါ်တင်တင်မော်မှ ဆဲဆိုခဲ့ခြင်း တို့အတွက် အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ဆိပ်ကြီးခနောင်တိုမြို့မ ရဲစခန်း(ပ)၈၁/ ၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၅၄/၂၉၄ ဖြင့် အမှုဖွင့်လှစ်ကာ ဇော်လင်းထွန်းနှင့် ဒေါ်တင်တင်မော်(သေဆုံး)တို့အား အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment