Wednesday, April 2, 2014

အာဖဂန်တွင် လက်ဖြောင့် သေနတ်သမား တစ်ဦး ပစ်ခတ်လိုက်သည့် ကျည်တစ်တောင့်ဖြင့် စစ်သွေးကြွ ခြောက်ဦး သေဆုံး

အာဖဂန်တွင် လက်ဖြောင့် သေနတ်သမား တစ်ဦး ပစ်ခတ်လိုက်သည့် ကျည်တစ်တောင့်ဖြင့် စစ်သွေးကြွ ခြောက်ဦး သေဆုံး
Wednesday, April 2, 2014

အာဖဂန်နစ္စတန် နိုင်ငံတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှု တစ်ခုအတွင်း ဗြိတိသျှ စစ်တပ်မှ အသက် ၂ဝ အရွယ် လက်ဖြောင့် သေနတ်သမား တစ်ဦးသည် ကျည်တစ် တောင့်တည်းနှင့် တာလီဘန် စစ်သွေးကြွ ခြောက်ဦးကို တစ်ပြိုင်တည်း သတ်ဖြတ် နိုင်ခဲ့ကြောင်း Daily Telegraph သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အာဖဂန်နစ္စတန် နိုင်ငံတောင်ပိုင်း ကာကာရန် မြို့ရှိ Cold Stream အစောင့် တပ်ဖွဲ့မှ ဒုတိယတပ်ကြပ် အဆင့်ရှိ အဆိုပါ လက်ဖြောင့် သေနတ်သမားသည် တာလီဘန် စစ်သွေးကြွ တစ်ဦးအား မီတာ ၈၅ဝ အကွာအဝေးမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပစ်ခတ်မှုကြောင့် စစ်သွေးကြွ၏ ကိုယ်ခန္ဓာပေါ်တွင် လျှို့ဝှက် တပ်ဆင်ထားသော ဖောက်ခွဲရေး ပစ္စည်းများကို ထိမှန်ခဲ့ရာမှ ပေါက် ကွဲမှု ဖြစ်ပွားပြီး အခြားစစ်သွေးကြွ ငါးဦးပါ သေဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုသည် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ဗြိတိန်နှင့် အာဖဂန်မှ တပ်ဖွဲ့ဝင်များ သည် တာလီဘန် စစ်သွေးကြွ ၁၅ ဦးမှ ၂ဝ ဦးအထိ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Cold Stream အစောင့်တပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ရစ်ချက်ဒ် ဆလက်က ပြောကြားခဲ့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ဒုတိယအကြိမ် အသေခံဗုံးခွဲ တိုက်ခိုက်မှု တစ်ခုတွင်လည်း အဆိုပါ လက်ဖြောင့် သေနတ်သမားသည် စက်သေနတ် ကိုင်ဆောင်ထားသည့် တာလီဘန် စစ်သွေးကြွ တစ်ဦးကို မီတာ ၁၃၄ဝ အကွာအဝေးမှ နေ၍ ပစ်ခတ်သတ်ဖြတ် နိုင်ခဲ့ကြောင်း သိရသည်။

(MO)
မြ၀တီ
အာဖဂန်နစ္စတန် နိုင်ငံတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှု တစ်ခုအတွင်း ဗြိတိသျှ စစ်တပ်မှ အသက် ၂ဝ အရွယ် လက်ဖြောင့် သေနတ်သမား တစ်ဦးသည် ကျည်တစ် တောင့်တည်းနှင့် တာလီဘန် စစ်သွေးကြွ ခြောက်ဦးကို တစ်ပြိုင်တည်း သတ်ဖြတ် နိုင်ခဲ့ကြောင်း Daily Telegraph သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
အာဖဂန်နစ္စတန် နိုင်ငံတောင်ပိုင်း ကာကာရန် မြို့ရှိ Cold Stream အစောင့် တပ်ဖွဲ့မှ ဒုတိယတပ်ကြပ် အဆင့်ရှိ အဆိုပါ လက်ဖြောင့် သေနတ်သမားသည် တာလီဘန် စစ်သွေးကြွ တစ်ဦးအား မီတာ ၈၅ဝ
အကွာအဝေးမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပစ်ခတ်မှုကြောင့် စစ်သွေးကြွ၏ ကိုယ်ခန္ဓာပေါ်တွင် လျှို့ဝှက် တပ်ဆင်ထားသော ဖောက်ခွဲရေး ပစ္စည်းများကို ထိမှန်ခဲ့ရာမှ ပေါက် ကွဲမှု ဖြစ်ပွားပြီး အခြားစစ်သွေးကြွ ငါးဦးပါ သေဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုသည် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ဗြိတိန်နှင့် အာဖဂန်မှ တပ်ဖွဲ့ဝင်များ သည် တာလီဘန် စစ်သွေးကြွ ၁၅ ဦးမှ ၂ဝ ဦးအထိ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Cold Stream အစောင့်တပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ရစ်ချက်ဒ် ဆလက်က ပြောကြားခဲ့သည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ဒုတိယအကြိမ် အသေခံဗုံးခွဲ တိုက်ခိုက်မှု တစ်ခုတွင်လည်း အဆိုပါ လက်ဖြောင့် သေနတ်သမားသည် စက်သေနတ် ကိုင်ဆောင်ထားသည့် တာလီဘန် စစ်သွေးကြွ တစ်ဦးကို မီတာ ၁၃၄ဝ အကွာအဝေးမှ နေ၍ ပစ်ခတ်သတ်ဖြတ် နိုင်ခဲ့ကြောင်း သိရသည်။
(MO)
မြ၀တီ

No comments:

Post a Comment