Saturday, April 5, 2014

ဝန်ကြီးချုပ်ယင်းလပ်ကို ထောက်ခံသောရှပ်နီများ ဘန်ကောက်တွင် ဆန္ဒပြမည်

Photo: ဝန်ကြီးချုပ်ယင်းလပ်ကို ထောက်ခံသောရှပ်နီများ ဘန်ကောက်တွင် ဆန္ဒပြမည်
Saturday, April 5, 2014

အစိုးရ ထောက်ခံသူများနှင့် ဆန့်ကျင်သူများ မကြာခဏ ဆန္ဒပြလေ့ရှိသော ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်ကုန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသော ရှပ်နီများက မြို့တော် ဘန်ကောက်သို့လာ၍ ယင်းလပ် ထောက်ခံကြောင်း ဆန္ဒပြကြမည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ယမန်နှစ် နိုဝင်ဘာလမှ စတင်၍ ဝန်ကြီးချုပ် ယင်းလပ်ကို ဆန့်ကျင်သော ဆန္ဒပြမှုများ အကြီးအကျယ် ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသူ ရှပ်နီဝတ် ဆန္ဒပြသူများက ယင်းလပ် ထောက်ခံဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ဆန့်ကျင်သူများက တရားစွဲဆိုမှုများ ပြုလုပ်နေစဉ်တွင် ယင်းလပ် ထောက်ခံသူများက ယခုကဲ့သို့ ဘန်ကောက်တွင် ဆန္ဒပြရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဘန်ကောက်မြိ့တော်တွင် ယင်းလပ်ကို ဆန့်ကျင်သူများကလည်း ဆန္ဒပြနေကြဆဲ ဖြစ်ရာ၊ ယခု ယင်းလပ် ထောက်ခံသော ရှပ်နီဝတ် ဆန္ဒပြသူများကလည်း ဘန်ကောက်တွင် ဆန္ဒပြမည့် အစီအစဉ်ကြောင့် နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားမည်ကို စိုးရိမ်ရသည့် အခြေအနေပင် ဖြစ်သည်။

“ယင်းလပ် ဆန့်ကျင်သူတွေက ဘန်ကောက်မြို့ထဲမှာ ဆန္ဒပြမယ်။ ယင်းလပ် ထောက်ခံသူတွေက ဘန်ကောက် မြို့ပြင်မှာ ဆန္ဒပြကြမှာပါ” ဟု ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ လုံခြုံရေးအကြံပေး Paradorn Pattanathabutr က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ယမန်နှစ် နိုဝင်ဘာလက ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြမှုများကို ယင်းလပ် ထောက်ခံသူ ရှပ်နီ ဆန္ဒပြသူများက ပြန်လည် တန်ပြန်ဆန္ဒပြရန် ကြိုးပမ်းခဲ့သော်လည်း ဗုံးခွဲတိုက် ခိုက်ခြင်း စသည့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူ ငါးဦးသေဆုံးခဲ့ကာ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

ဘန်ကောက်မြို့တွင် စနေ၊ တနင်္ဂနွေနေ့တို့တွင် ပြုလုပ်မည့် ယင်းလပ် ထောက်ခံသူ ရှပ်နီဝတ်များ၏ ဆန္ဒပြပွဲသို့ လူ ၅၀၀,၀၀၀ ခန့် ပါဝင်မည်ဟု မျှော်လင့်ထားကြောင်း ရှပ်နီ ဆန္ဒပြခေါင်းဆောင်က ပြောကြားသည်။

သို့သော် ထိုင်းရဲတပ်ဖွဲ့ဝင်များကမူ ယခုလုပ်မည့် ရှပ်နီဆန္ဒပြပွဲသို့ လူ ၃၅၀,၀၀၀ ပါဝင်မည်ဟု ပြောကြားထားပြီး ထိုင်းနိုင်ငံတစ်ဝန်း အထူးသဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များမှ ယင်းလပ် ထောက်ခံသူများက ကား၊ ရထားများဖြင့် ဘန်ကောက်သို့ ညတွင်းချင်း လာရောက်ကြမည်ဟု မျှော်လင့်ရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ရှပ်နီ ဆန္ဒပြသူများအနေနှင့် အင်အားသုံးခြင်းမျိုး ပြုလုပ်မည် မဟုတ်ကြောင်း ရှပ်နီ ခေါင်းဆောင်များက ပြောကြားသည်။
“ကျွန်တော်တို့ ဆန္ဒပြခြင်းက ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်ကိုပဲ လက်ခံတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသတာ ဖြစ်ပါတယ်။ တခြားဘာကိုမှ မရည်ရွယ်ပါဘူး” ဟု ရှပ်နီ ခေါင်းဆောင် တစ်ဦးဖြစ်သူ Nattawut Saikua က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ယင်းလပ်အစိုးရကို ဆန့်ကျင်သော ဆန္ဒပြသူများသည် ဘန်ကောက်မြို့လယ်မှ ဘဏ္ဍာရေး လုပ်ငန်းများ တည်ရှိရာ ရပ်ကွက်အစွန်ရှိ လန်ပီနီပန်းခြံတွင် အခြေစိုက် ဆန္ဒပြနေကြသည်။

ဘန်ကောက်မြို့တွင် ယင်းလပ် ဆန့်ကျင်သူများ၏ ငါးလကြာမျှ ဆန္ဒပြမှုများကြောင့် ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေး လုပ်ငန်းများကို ထိခိုက်စေခဲ့သည်။

The Voice Weekly
အစိုးရ ထောက်ခံသူများနှင့် ဆန့်ကျင်သူများ မကြာခဏ ဆန္ဒပြလေ့ရှိသော ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ် ကုန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသော ရှပ်နီများက မြို့တော်ဘန်ကောက်သို့လာ၍ ယင်းလပ် ထောက်ခံကြောင်း ဆန္ဒပြကြမည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ယမန်နှစ် နိုဝင်ဘာလမှ စတင်၍ ဝန်ကြီးချုပ် ယင်းလပ်ကို ဆန့် ကျင်သော ဆန္ဒပြမှုများ အကြီးအကျယ် ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသူ ရှပ်နီဝတ် ဆန္ဒပြသူများက ယင်းလပ် ထောက်ခံဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ဆန့်ကျင်သူများက တရားစွဲဆိုမှုများ ပြုလုပ်နေစဉ်တွင် ယင်းလပ် ထောက်ခံသူများက ယခုကဲ့သို့ ဘန်ကောက်တွင် ဆန္ဒပြရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဘန်ကောက်မြိ့တော်တွင် ယင်းလပ်ကို ဆန့်ကျင်သူများကလည်း ဆန္ဒပြနေကြဆဲ ဖြစ်ရာ၊ ယခု ယင်းလပ် ထောက်ခံသော ရှပ်နီဝတ် ဆန္ဒပြသူများကလည်း ဘန်ကောက်တွင် ဆန္ဒပြမည့် အစီအစဉ်ေ ကြာင့် နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားမည်ကို စိုးရိမ်ရသည့် အခြေအနေပင် ဖြစ်သည်။

“ယင်းလပ် ဆန့်ကျင်သူတွေက ဘန်ကောက်မြို့ထဲမှာ ဆန္ဒပြမယ်။ ယင်းလပ် ထောက်ခံသူတွေက ဘန်ကောက် မြို့ပြင်မှာ ဆန္ဒပြကြမှာပါ” ဟု ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ လုံခြုံရေးအကြံပေး Paradorn Pattanathabutr က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ယမန်နှစ် နိုဝင်ဘာလက ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြမှုများကို ယင်းလပ် ထောက်ခံသူ ရှပ်နီ ဆန္ဒပြသူများက ပြန်လည် တန်ပြန်ဆန္ဒပြရန် ကြိုးပမ်းခဲ့သော်လည်း ဗုံးခွဲတိုက် ခိုက်ခြင်း စသည့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူ ငါးဦးသေဆုံးခဲ့ကာ၂၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။

ဘန်ကောက်မြို့တွင် စနေ၊ တနင်္ဂနွေနေ့တို့တွင် ပြုလုပ်မည့် ယင်းလပ် ထောက်ခံသူ ရှပ်နီဝတ်များ၏ ဆန္ဒပြပွဲသို့ လူ ၅၀၀,၀၀၀ ခန့် ပါဝင်မည်ဟု မျှော်လင့်ထားကြောင်း ရှပ်နီ ဆန္ဒပြခေါင်းဆောင်က ပြော ကြားသည်။

သို့သော် ထိုင်းရဲတပ်ဖွဲ့ဝင်များကမူ ယခုလုပ်မည့် ရှပ်နီဆန္ဒပြပွဲသို့ လူ ၃၅၀,၀၀၀ ပါဝင်မည်ဟု ပြောကြားထားပြီး ထိုင်းနိုင်ငံတစ်ဝန်း အထူးသဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များမှ ယင်းလပ် ထောက်ခံသူများက ကား၊ ရထားများဖြင့် ဘန်ကောက်သို့ ညတွင်းချင်း လာရောက်ကြမည်ဟု မျှော်လင့်ရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ရှပ်နီ ဆန္ဒပြသူများအနေနှင့် အင်အားသုံးခြင်းမျိုး ပြုလုပ်မည် မဟုတ်ကြောင်း ရှပ်နီ ခေါင်းဆောင်များ က ပြော ကြား သည်။ “ကျွန်တော်တို့ ဆန္ဒပြခြင်းက ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်ကိုပဲ လက်ခံတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသတာ ဖြစ်ပါတယ်။ တခြားဘာကိုမှ မရည်ရွယ်ပါဘူး” ဟု ရှပ်နီ ခေါင်းဆောင် တစ်ဦးဖြစ်သူ Nattawut Saikua က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ယင်းလပ်အစိုးရကို ဆန့်ကျင်သော ဆန္ဒပြသူများသည် ဘန်ကောက်မြို့လယ်မှ ဘဏ္ဍာရေး လုပ်ငန်းများ တည်ရှိရာ ရပ်ကွက်အစွန်ရှိ လန်ပီနီပန်းခြံတွင် အခြေစိုက် ဆန္ဒပြနေကြသည်။

ဘန်ကောက်မြို့တွင် ယင်းလပ် ဆန့်ကျင်သူများ၏ ငါးလကြာမျှ ဆန္ဒပြမှုများကြောင့် ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေး လုပ်ငန်းများကို ထိခိုက်စေခဲ့သည်။

The Voice Weekly

No comments:

Post a Comment