Thursday, April 3, 2014

ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအချို့တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိ


ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအချို့တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိ

၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်း လုပ်ငန်းကို မတ် ၃ဝ ရက်မှ စတင်ပြီး ကောက်ယူခဲ့ရာ  ဧပြီ ၁ ရက် တတိယနေ့အဖြစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ အချို့၌ ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်တားမြစ်မှုကြောင့်  သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသည့် နေရာများမှာ ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်ခွဲ၊ ကောင်နန်ရပ်ကွက်နှင့် ဆိုင်းဂျာရပ်ကွက်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ်မိုင်ခေါင်ကျေးရွာအုပ်စုနှင့် ကောင်လွင်ကျေးရွာ အုပ်စု၊ မန်စီ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂ဝ)၊ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ရှိ ကဆုန့်ရွာနှင့် ဇွပ်မိုင်ရွာ၊ ကျောက်မဲခရိုင် မိုးမိတ်မြို့နယ်  ဟင်ခုတ်ကျေးရွာအုပ်စု၊ နားခါးလုံ ကျေးရွာအုပ်စု၊ လွယ်ယားကျေးရွာ အုပ်စု၊ မန်တုံမြို့နယ် ပန်ကုံးကျေးရွာ အုပ်စုတို့ဖြစ်ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြေပြင် ကွင်းဆင်း ကောက်ယူခြင်း လုပ်ငန်းကို မတ် ၃ဝ ရက်မှ စတင်ပြီး ကောက်ယူခဲ့ရာ ဧပြီ ၁ ရက် တတိယနေ့အဖြစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ အချို့၌ ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်တားမြစ်မှုကြောင့် သန်းခေါင် စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသည့် နေရာများမှာ ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်ခွဲ၊ ကောင်နန်ရပ်ကွက်နှင့် ဆိုင်းဂျာရပ်ကွက်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ်မိုင်ခေါင်ကျေးရွာ အုပ်စုနှင့် ကောင်လွင်ကျေးရွာ အုပ်စု၊ မန်စီ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂ဝ)၊ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ရှိ ကဆုန့်ရွာနှင့် ဇွပ်မိုင်ရွာ၊ ကျောက်မဲခရိုင် မိုးမိတ်မြို့နယ် ဟင်ခုတ်ကျေးရွာအုပ်စု၊ နားခါးလုံ ကျေးရွာအုပ်စု၊ လွယ်ယားကျေးရွာ အုပ်စု၊ မန်တုံမြို့နယ် ပန်ကုံးကျေးရွာ အုပ်စုတို့ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment