Saturday, April 12, 2014

ဂျပန်က အငြင်းပွား ဝေဟင်ပိုင်နက် အတွင်း ဝင်ရောက်လာသော တရုတ် လေယာဉ်များကို မောင်းထုတ်ရသည့်အရေအတွက် စံချိန်တင် မြင့်တက်လာ

တရုတ်နှင့် ဂျပန်တို့ အကြား အငြင်းပွားနေသည့် ဝေဟင်ပိုင်နက် အတွင်းသို့ ဝင်ရောက်လာသော တရုတ် လေယာဉ်များကို ဂျပန်နိုင်ငံက ယခုနှစ် အတွင်း မောင်းထုတ်ခံရသည့် အကြိမ် အရေအတွက်မှာ ၄၁၅ ကြိမ်ရှိသောကြောင့် ယခင်နှစ်ထက် စာပါက စံချိန်တင် မြင့်တက် လာခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ဂျပန် အစိုးရက ၂ဝဝ၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ပိုင်နက်ကို ထုတ်ပြန်ကြေညာ ခဲ့ရာမှ စတင်၍ တရုတ်နှင့် ဂျပန်တို့ နှစ်နိုင်ငံ အကြား တင်းမာမှု ပိုမိုမြင့်တက် လာခဲ့သည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီနှင့် စစ်ဖြစ်ပွားစဉ်က တရုတ်နိုင်ငံ၏ နယ်မြေအချို့ကို ဂျပန်က သိမ်းပိုက်ခဲ့ပြီး အဆိုပါ နယ်မြေများကို ၎င်းတို့ပိုင် နယ်မြေအဖြစ် ထုတ်ဖော်ပြောကြား ခဲ့သဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့သည်။

တင်းမာမှုများ ပိုမိုမြင့်မား လာရခြင်း၏ အခြားအကြောင်းအရင်း တစ်ခုမှာ တရုတ်နိုင်ငံက အရှေ့တရုတ် ပင်လယ်အတွင်းရှိ နှစ်နိုင်ငံ အငြင်းပွားလျက် ရှိသော ကျွန်းငယ်များ အပါအဝင် ကြီးမားသော နယ်မြေကို ၎င်းတို့၏ လေကြောင်း ကာကွယ်ရေး ဇုန်အဖြစ် နိုဝင်ဘာလ အတွင်းက သတ်မှတ်ခဲ့ခြင်း ပင် ဖြစ်သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment