Tuesday, April 8, 2014

တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် လုံခြုံရေးအရ သန်ခေါင်းစာရင်း ကောက်ယူရန် ခက်ခဲသော ကျေးရွာများသို့ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူ



KIA တပ်ဖွဲ့များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ဒေသအချို့ ၌ လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသဖြင့် တပ်မတော် မှ လုံခြုံရေး အစောင့်အရှောက် များ အကူအညီ ပေး၍ သန်းခေါင် စာရင်း ကောက်ယူခြင်း လုပ်ငန်းအား ဆောင်ရွက်လျက် ရှိရာ ယမန်နေ့တွင် ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မန်စီမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာ မှ ဒေသခံပြည်သူ ၂၉၆၉ ဦး ၊ နောင်စွမ်း မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံ ပြည်သူ ၅၉၁ ဦး ၊ ပန်ခမ်းမြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံ ပြည်သူ ၆၈၄ ဦး ၊ ဒေါ့ဖုန်းယန် မြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံ ပြည်သူ ၁၅၈ ဦး ၊ မိုးမိတ် မြို့နယ် အတွင်းရှိ ကျေးရွာ ၃ ရွာမှ ဒေသခံ ပြည်သူ ၅၆၆ ဦး ၊ ပေါင်း ၄၉၆၈ ဦး ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ ခရိုင် ၊ မဘိန်းမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာမှ ဒေသခံပြည်သူ ၁၁၅၄ ဦး ၊ မိုးမိတ် မြို့နယ် အတွင်းရှိ ကျေးရွာ ၇ ရွာမှ ဒေသခံ ပြည်သူ ၂၆၃၆ ဦး ၊ မံတုံမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာ မှ ဒေသခံပြည်သူ ၂၃၃ ဦး ၊ ပေါင်း ၄၀၂၃ ဦး ၊ စုစုပေါင်း ဒေသခံပြည်သူ ၈၉၉၁ ဦးအား လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူ ခဲ့သည်။

အဆိုပါ လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသော ဒေသများတွင် ဧပြီလ ၃ ရက်မှ ယမန်နေ့ အထိ ဒေသခံ ပြည်သူ ၃၀၃၃၃ ဦးအား တပ်မတော် ၏ လုံခြုံရေး အကူအညီ ရယူ၍ သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့က လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်းစာရင်း များအား ကောက်ယူ ခဲ့ကြောင်း နှင့် ၄င်းဒေသ အတွင်းရှိ ကျန်ရှိ နေသေးသော ကျေးရွများ အားလည်း ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

Themyawadydaily

No comments:

Post a Comment