Monday, April 7, 2014

မိုးဦး၊ လေဦးကာလ သတိပေးနှိုးဆော်ချက်

(က) မြန်မာနိုင်ငံအရပ်ရပ်တွင် အနောက်တောင်မုတ်သုံရာသီ မကျရောက်မီ မိုးဦး၊ လေဦးကာလ အတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ မွန်းလွဲ၊ ညနေပိုင်း တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီးအဆိုပါ မိုးတိမ်တောင် များရွေ့ လျား ရာ နေရာတစ်လျှောက်တွင်လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များဖြစ်ပေါ်နိုင် ပါသည်။ လေပြင်း တိုက်ခတ်စဉ် မြေပြင်/ရေပြင်လေ သည် တစ်နာရီ လျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။

(ခ) သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မုတ်သုံရာသီမကျရောက်မီ မိုးဦး၊လေဦး ကာလအတွင်း ဖြစ်ပေါ် လာနိုင် သည့် မိုးလေ၀သဖြစ်စဉ်များအား အထူးဂရုပြုနေ ထိုင်သွားကြပါရန် သတိပေးနှိုးဆော် အပ်ပါသည်။

(မိုး/ဇလ)
MOI Webportal Myanmar

No comments:

Post a Comment