Tuesday, April 8, 2014

ပျောက်ဆုံးလေယာဉ်နှင့် ပတ်သတ်သည့် အကောင်းဆုံးသဲလွန်စကို တွေ့ ရှိကြောင်း သြစတြေးလျပြောဆို

Black Box ရီကော်ဒါများမှထုတ်လွှင့်သော အသံလှိုင်းနှင့်ကိုက်ညီမှုရှိသော အချက်ပြမှု များကို ပျောက် ဆုံးလေယာဉ် ရှာဖွေနေသောဩစတြေးလျ သင်္ဘောတစ်စင်းကထောက်လှမ်း ရရှိခဲ့ပြီး ယင်းအချက်ပြမှု များမှာ အဖြစ်နိုင် ဆုံး သဲလွန်စများဖြစ်ကြောင်း လေယာဉ်ရှာဖွေရေးတွင်ပါဝင်သော အရာရှိများက ဧပြီ ၇ရက်က ထုတ်ဖော်ပြောကြားသည်။
အသံရှာဖွေကိရိယာ တပ်ဆင်ထားသော အမေရိကန်ရေတပ်သင်္ဘောနှင့် ချိတ်ဆက်ထားသည့် Ocean Shield ဩစတြေးလျသင်္ဘောသည် ပတ်သ်မြို့ အနောက်မြောက်ဘက် ၁၆၈၀ ကီလိုမီတာအကွာရှိ ဧရိယာတစ်ခုအတွင်း ရှာဖွေမှုပြုလုပ်စဉ် ဖော်ပြပါ အချက်ပြမှုများကို ထောက်လှမ်းဖမ်းယူရရှိ ခဲ့ကြောင်း၊ ဂြိုဟ်တု အချက်အလက်များ အပေါ် လေ့လာသုံးသပ်ချက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ၌
ယင်းအချက်ပြမှုများမှာ ခိုင်မာသော သဲလွန်စ များ ဖြစ်ပြီး ပျောက်ဆုံးလေယာဉ်မှာ ထိုနေရာတစ်ဝိုက်တွင် ပျက်ကျသည်ဟု ယူဆရကြောင်း ဆိုသည်။
ရှာဖွေရေးအဖွဲ့များအား ညှိနှိုင်းကွပ်ကဲပေးရသူ ဩစတြေးလျအေဂျင်စီ အကြီးအကဲ အက်ဂတ်ဟောက်စတန်က ယခင်ရက်သတ္တတစ်ပတ်ခန့်ထက်ပို ၍ မျှော်လင့်ချက်ရှိလာကြောင်း ၊ထောက်လှမ်းရရှိသော အသံလှိုင်းများပေါ် မူတည်ပြီး လေယာဉ်အပိုင်းအစများတွေ့ရှိရန်သာ လိုတော့ကြောင်း၊ သို့မှသာ အတည်ပြုနိုင်မှာဖြစ်ကြောင်း ပတ်သ်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ုပြောကြားသည်။
ထို့အပြင် အက်ဂတ်ဟောက်စတန်က မိမိတို့လေယာဉ်ရှာဖွေရေးအဖွဲ့သည် တိကျသော ရှာဖွေဧရိယာ အတွင်း ရောက်ရှိနေပြီဖြစ်ရာ ပျောက်ဆုံးလေယာဉ် မှာ ဒီနေရာတစ်ဝိုက်မှာ ပျက်ကျသွား သည်ဟု အတည်ပြုပြောဆိုနိုင်မည့် အချက်အလက်များရရှိတော့မည်ဟု မျှော်လင့်ရကြောင်း၊ အကယ်၍ အချက်ပြမှုများကို ကျဉ်းမြောင်းသွားအောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် ယင်းအချက်ပြမှုများကိုအတည်ပြုနိုင် မည့် Blnefin 21 အမျိုးအစား ရေအောက် သွား ယာဉ်အား ပင်လယ်ကြမ်းပြင်သို့စေလွှတ် သွားမှာဖြစ်ကြောင်း၊ ယင်းပင်လယ်ကြမ်းပြင်အထိဆိုလျှင် ရေအနက် ၄၅၀၀ မီတာခန့်ရှိကြောင်း ထပ်လောင်းပြောကြားသည်။
ပင်လယ်ကြမ်းပြင် ရောက်ရှိသွားပြီဟု ယူဆရသော Black Box များမှာ အသံလှိုင်းပို့လွှတ်နိုင်သော ကိရိယာများ ပါရှိပြီး ယင်းကိရိယာများထဲရှိ ဘက်ထရီမှာ ယခုအခါ အားများကုန်သလောက်ရှိနေပြီဟု ယူဆရကြောင်း၊ အကြောင်းမှာ လေယာဉ်ပျောက်ဆုံးနေသည်မှာ တစ်လ တင်းတင်းပြည့် သွားပြီးဖြစ်သောကြောင့်ဖြစ်သည်။
MOI Webportal Myanmar

No comments:

Post a Comment