လှည်းကူးမြို့၊ မြို့မဈေးမှာ ဧပြီ်လ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူ ၁၉ ဦးကို ဖမ်းဆီးထားပြီး အဲဒီနေ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေရဲ့ ဗီဒီယိုမှတ်တမ်းကို ပြန်လည်ကြည်ရှုပြီး ဆက်လက်ဖမ်းဆီးစစ်ဆေးသွားမယ်
လှည်းကူးပဋိပက္ခဖြစ်စဉ်ကို အရေးယူမှုနဲ့ ပတ်သက်လို့ လှည်းကူးမြို့နယ် ရဲစခန်းက ဒုရဲအုပ် သန်းထွန်းလင်းက အခုလို ပြောပါတယ်။
"ပုဒ်မ ၃၂၆ နဲ့ ဖွင့်ထားတာ ၃ ယောက် ဖမ်းထားတယ်၊ ပုဒ်မ ၄၄ဝ နဲ့က ၈ ယောက်၊ ပုဒ်မ ၁၈၈ က ၈ ယောက်ပါ၊ ကျနော်တို့ ဗွီဒီယိုဖိုင်ကို ကြည့်ပြီးတော့ ပါတဲ့လူမှန်သမျှကို ဖမ်းမလို့လုပ်ထားပါတယ်၊
လက်ရှိ ဖမ်းဆီးထားတဲ့သူတွေကိုလည်း ရဲစခန်းမှာပဲ ဆက်လက်စစ်ဆေးနေဆဲလို့ သိရပါတယ်။ ဧပြီလ ၄ ရက်နေ့ညနေက လှည်းကူးမြို့ မြို့မဈေးမှာ လူငယ်နှစ်ဦး ရန်ဖြစ်မှုကနေ ရာနဲ့ချီတဲ့မြို့ခံတွေစုဝေး
ဒီနေ့ အထိ လှည်းကူးမြို့မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားပြီး လုံခြုံရေးတင်းကြပ်ထားပါတယ်
RFA
No comments:
Post a Comment