Monday, April 28, 2014

ဆန္ဒ ဖော်ထုတ် ပွဲများ ဥပဒေ ဘောင်အတွင်း ပြုလုပ် နိုင်ရန် မန္တလေးမြို့၌ မနော်ရမ္မံ ပြည်သူ့ ရင်ပြင် တည်ဆောက်

Monday, April 28, 2014
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား မနော်ရမ္မံ ဥယျာဉ် တွင် အများပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်ရန်ပြည်သူ့ရင်ပြင်ကို မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီက တည်ဆောက်ပေးလျက်ရှိရာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။ မနော်ရမ္မံပြည်သူ့ရင်ပြင်ကို မနော်ရမ္မံမြောင်း ကျောက်ရိုးစီ မြေထိန်းနံရံပြုလုပ်ပြီး အပေါ်တွင် အလျား ပေ ၃၅ဝ၊ အနံ ပေ ၁၅ဝ၊ အကျယ် ကွန်ကရစ်ပြင်လောင်းထားသည်။ပြည်သူ့ရင်ပြင်တွင် ဆန္ဒဖော်ထုတ်ခြင်းများ၊ အများပြည်သူနှင့်ဆိုင်သော အခမ်းအနားများ ကျင်းပမည် ဖြစ် သည်။ မန္တလေးမြို့တွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဟောပြောပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် အောင်မြေသာဇံမြို့နယ် ၁၉ လမ်း နန်းရှေ့ဘောလုံး ကွင်း၌သာ ကျင်းပခွင့်ပြုခဲ့ရာမှ ယခုအခါ မနော်ရမ္မံ ပြည်သူ့ရင်ပြင် ပြီးစီးပါက မန္တလေးမြို့တွင် ပထမဆုံး ပြည်သူ့ ဟစ်တိုင်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:

Post a Comment