Thursday, April 10, 2014

ထပ်မံဖမ်းယူရရှိခဲ့သည့် M370 လေယာဉ်မှ ဖြစ်ဖွယ်ရှိသည့် အချက်ပေးသံ


ထပ်မံဖမ်းယူရရှိခဲ့သည့် M370 လေယာဉ်မှ ဖြစ်ဖွယ်ရှိသည့် အချက်ပေးသံ

Thursday 10th April 2014

ရှာဖွေရေးအဖွဲ့တွေဟာ မလေးရှားပျောက်ဆုံးလေယာဉ် M370 ကလို့ ယူဆရဖွယ်ရှိတဲ့ အချက်ပေးသံကို (၆)ကြိမ်တိုင် ဖမ်းယူရရှိခဲ့ပြီး လေယာဉ်တည်နေရာ
ပြစက်ရှိနေဖွယ်ရှိသည့် နေရာတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
 
အိန်္ဒိယသမုဒ္ဒရာအတွင်းမှာ မလေးရှား ပျောက်ဆုံးလေယာဉ်ကို ရှာဖွေနေတဲ့ ရှာဖွေရေးအဖွဲ့ဟာ အိန်္ဒိယသမုဒ္ဒရာ ရေပြင်တစ်နေရာတည်းကနေ M370  ရဲ့ လေယာဉ်တည်နေရာပြစက်ကနေ ထုတ်လွှင့်တယ်လို့ ယူဆရတဲ့ အချက်ပြအသံ(၄)ခုကို စနေနေ့က (၂)ကြိမ်နဲ့ အင်္ဂါနေ့က (၂)ကြိမ် ဖမ်းယူရရှိထားတယ်လို့ သြစတြေးလျရှာဖွေရေး အဖွဲ့ခေါင်းဆောင် " အန်းဂတ်စ် ဟတ်စတန် " က ဗုဒ္ဓဟူးနေ့က ပြောကြားထားပါတယ်။ အသံကိုဖမ်းယူရတဲ့ နေရာဟာ M370 နောက်ဆုံးပျက်ကျ ရာနေရာဖြစ်တယ်လို့ အတည်ပြု ပြောကြားနိုင်ဖို့ဆိုရင် လေယာဉ်ရဲ့ အပျက်အစီးကို မျက်မြင်ကိုယ် တွေ့ တွေ့ရမှ ပြောကြားနိုင်မှာဖြစ်ပြီး ရှာဖွေရေးအဖွဲ့ အခုရှာနေတဲ့ နေရာဟာ နေရာမှန်လို့ ယူဆနေ တယ်လို့ ရှာဖွေရေးအဖွဲ့ခေါင်းဆောင်  " ဟတ်ဆန် " က ပြောကြားထားပါတယ်။
 
ဒါ့အပြင် ပေဂျာက အသံလွှင့်နေတုန်းမှာ ပျောက်ဆုံးလေယာဉ်ရဲ့ အပျက်အစီးကို ရှာဖွေတွေ့ဖို့တကယ် အရေးကြီးတယ် လို့လည်း သူကပြောကြားထားပါတယ်။ ပျောက်ဆုံးလေယာဉ် M370 မှာ တပ်ဆင်ထားတဲ့ လေယာဉ်တည်နေရာပြစက်သုံး ဘက်ထရီဟာ ရက်ပေါင်း(၃၀)ပဲခံတာကြောင့် လေယာဉ်ကိုရှာတွေ့ ဖို့အရေးကြီးတယ်လို့ ဟတ်ဆန်က ပြောပါတယ်။ လေယာဉ်တည်နေရာ ပြစက်ဟာ M370 လေယာဉ်ရဲ့ အမြီးမှာ တပ်ဆင်ထားပြီး လေယာဉ်ဟာ ရေပြင်နဲ့ထိတွေ့မိတာနဲ့ ကြိမ်နှုန်းမြင့်ထင်ရှားတဲ့ အချက် ပေးသံထွက်ပေါ်လာတဲ့ စနစ်ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့ဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်အမှတ် ပျောက်ဆုံးနေတာဟာ ရက်ပေါင်း(၃၃)ရက် ရှိသွားပြီပဲ ဖြစ်ပါသည်။

MRTV 4
ရှာဖွေရေးအဖွဲ့တွေဟာ မလေးရှားပျောက်ဆုံးလေယာဉ် M370 ကလို့ ယူဆရဖွယ်ရှိတဲ့ အချက်ပေးသံကို (၆)ကြိမ်တိုင် ဖမ်းယူရရှိခဲ့ပြီး လေယာဉ်တည်နေရာ ပြစက်ရှိနေဖွယ်ရှိသည့် နေရာတွေကို ဆက်လက် ရှာဖွေနေတယ်လို့ သိရပါတယ်။
အိန်္ဒိယသမုဒ္ဒရာအတွင်းမှာ မလေးရှား ပျောက်ဆုံးလေယာဉ်ကို ရှာဖွေနေတဲ့ ရှာဖွေရေးအဖွဲ့ဟာ အိန်္ဒိယသမုဒ္ဒရာ ရေပြင်တစ်နေရာတည်းကနေ M370 ရဲ့ လေယာဉ်တည်နေရာပြစက်ကနေ ထုတ်လွှင့် တယ်လို့ ယူဆရတဲ့ အချက်ပြအသံ(၄)ခုကို စနေနေ့က (၂)ကြိမ်နဲ့ အင်္ဂါနေ့က (၂)ကြိမ် ဖမ်းယူ ရရှိထားတယ်လို့ သြစတြေးလျရှာဖွေရေး အဖွဲ့ခေါင်းဆောင် " အန်းဂတ်စ် ဟတ်စတန် " က
ဗုဒ္ဓဟူးနေ့က ပြောကြားထားပါတယ်။ အသံကိုဖမ်းယူရတဲ့ နေရာဟာ M370 နောက်ဆုံးပျက်ကျ ရာနေရာဖြစ်တယ်လို့ အတည်ပြု ပြောကြားနိုင်ဖို့ဆိုရင် လေယာဉ်ရဲ့ အပျက်အစီးကို မျက်မြင် ကိုယ် တွေ့ တွေ့ရမှ ပြောကြားနိုင်မှာဖြစ်ပြီး ရှာဖွေရေးအဖွဲ့ အခုရှာနေတဲ့ နေရာဟာ နေရာမှန်လို့ ယူဆနေ တယ်လို့ ရှာဖွေရေးအဖွဲ့ခေါင်းဆောင် " ဟတ်ဆန် " က ပြောကြားထားပါတယ်။
ဒါ့အပြင် ပေဂျာက အသံလွှင့်နေတုန်းမှာ ပျောက်ဆုံးလေယာဉ်ရဲ့ အပျက်အစီးကို ရှာဖွေတွေ့ဖို့တကယ် အရေးကြီးတယ် လို့လည်း သူကပြောကြားထားပါတယ်။ ပျောက်ဆုံးလေယာဉ် M370 မှာ တပ်ဆင်ထားတဲ့ လေယာဉ်တည်နေရာပြစက်သုံး ဘက်ထရီဟာ ရက်ပေါင်း(၃၀)ပဲ ခံတာကြောင့် လေယာဉ်ကိုရှာတွေ့ ဖို့အရေးကြီးတယ်လို့ ဟတ်ဆန်က ပြောပါ တယ်။ လေယာဉ် တည်နေရာ ပြစက်ဟာ M370 လေယာဉ်ရဲ့ အမြီးမှာ တပ်ဆင် ထားပြီး လေယာဉ် ဟာ ရေပြင်နဲ့ထိတွေ့မိတာနဲ့ ကြိမ်နှုန်းမြင့်ထင်ရှားတဲ့ အချက် ပေးသံထွက်ပေါ်လာတဲ့ စနစ်ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့ဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်း လိုင်း လေယာဉ်အမှတ် ပျောက်ဆုံးနေတာဟာ ရက်ပေါင်း(၃၃)ရက် ရှိသွားပြီပဲ ဖြစ်ပါသည်။
MRTV 4

No comments:

Post a Comment