Wednesday, May 28, 2014

မြန်မာ အမျိုးသမီး ယူ-၁၉ အသင်း AFF U-19 Women 's Championship 2014 ပါဝင် ယှဉ်ပြိုင်မည်

Photo: မြန်မာ အမျိုးသမီး ယူ-၁၉ အသင်း AFF U-19 Women 's Championship 2014 ပါဝင် ယှဉ်ပြိုင်မည်
Wednesday, May 28, 2014

အာဆီယံ ဘောလုံး အဖွဲ့ချုပ်AFF ကြီးမှူး ကျင်းပမည့် AFF U-19 Women's Championship 2014 ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ သြဂုတ် ၁၆ရက်မှ ၂၆ရက် အထိ ကျင်းပ သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ အသင်းသည် ဗီယက်နမ်၊ စင်ကာပူ၊ တီမောလက်စ် တေးနှင့် အိမ်ရှင် ထိုင်းအသင်း တို့နှင့် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းသည် ပြိုင်ပွဲဝင်ရန် အတွက် ထိုင်းနိုင်ငံသို့ သြဂုတ် ၁၄ရက် အရောက် သွားရမည် ဖြစ်သည်။

မြန်မာအသင်းသည် သြဂုတ် ၁၆ရက်တွင် ထိုင်း၊ သြဂုတ် ၂ဝရက်တွင် စင်ကာပူ၊ သြဂုတ် ၂၂ရက်တွင် တီမောလက်တေး၊ သြဂုတ် ၂၄ရက်တွင် ဗီယက်နမ် အသင်းတို့ နှင့် အုပ်စု ပွဲစဉ်များ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

အုပ်စု တတိယနှင့် စတုတ္ထ အသင်းတို့သည် သြဂုတ် ၂၆ရက် ညနေ ၄နာရီတွင် တတိယ လုပွဲ၊ အုပ်စု ပထမနှင့် ဒုတိယ အသင်း တို့သည် ၎င်းနေ့ ည ၇နာရီတွင် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီး လူငယ်အသင်းသည် ပြီးခဲ့သော ၂ဝ၁၃ခုနှစ် အောက်တိုဘာလအတွင်း ကလည်း တရုတ်နိုင်ငံ နန်ကျင်းမြို့၌ ကျင်းပခဲ့သော AFF U-19 Women's Championship 2014 ဘောလုံး ပြိုင်ပွဲကြီး၏ နောက်ဆုံး အဆင့်များသို့ တက်ရောက်ယှဉ် ပြိုင်ခွင့် ရခဲ့ပြီး ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်၊ သြစတြေးလျ အစရှိသော အာရှ အမျိုးသမီး အင်အားကြီး အသင်းများနှင့် ထိပ်တိုက် ကစားခဲ့သည့် အတွေ့အကြုံကောင်း များစွာ ရရှိခဲ့သည်။

ကျော်လွင်

မြ၀တီ 

No comments:

Post a Comment