Wednesday, May 21, 2014

ဒေါ်စုရဲ့ လုပ်ရပ်တွေက အစိုးရကို နောက်ကြောင်းပြန်လှည့်စေတော့မှာလား

Photo: ဒေါ်စုရဲ့ လုပ်ရပ်တွေက အစိုးရကို နောက်ကြောင်းပြန်လှည့်စေတော့မှာလား

နိုင်ငံရေးလုပ်ချင်ရင် တပ်ထဲကထွက် ၊ အခွင့်ထူးခံတွေ၊လက်နက်အာဏာကြောင့် အထူးအခွင့်အရေးရနေ တာဟာ ဝမ်းသာစရာလား သိက္ခာရှိရဲ့ လား  ၊ စစ်တပ်ကို ကျမ စိန်ခေါ်ပါတယ် ဆိုတဲ့ စကားလုံးတွေဟာ  အောင်ပင် လယ်ကွင်း ထဲကနေ ဟိန်းထွက်လာပါတယ် ။ ပရိသတ်များရဲ့ လက်ခုပ်သံတွေနဲ့ အပြိုင်သူမရဲ့  အပြုံးတွေကိုလည်း မြင်နေရပါတယ် ။ စစ်အစိုးရ နဲ့ နှစ်ပေါင်းများစွာ နေခဲ့ရတဲ့ ပြည်သူတွေရင်ထဲက မကျေနပ်မှုတွေကို အသုံး  ပြုပြီး နိုင်ငံရေးသမားမပီသစွာနဲ့ ဒီလိုတိုက်ရိုက်ပြောဆိုမှုဟာ အန္တရာယ်တွေ တအားများတယ်ဆိုတာ ဒေါ်စုတစ်ယောက် မသိနိုင်တော့ဘူးလားလို့ စိုးရိမ်ဖွယ်မေးခွန်းတွေ ခေါင်းထဲရောက်လာပါတယ် ။

 မြန်မာ့နိုင်ငံရေးဟာ အခုအချိန်မှာ စစ်တပ်ပါဝင်နေမှုကို ကြိုက်သူ/မကြိုက်သူတွေ ရှိနေတယ် ။ဒါပေမယ့် နိုင်ငံရေးသမားတွေအားလုံးက ထိန်းထိန်းသိမ်းသိမ်း ပြုပြင်နေကြပါတယ် ။ အောင်ပင်လယ်ကွင်းမှာ ဒေါ်စုပြောခဲ့  တဲ့စကားတွေဟာ ဘာရည်ရွှယ်ချက်နဲ့ပြောတယ် မသိပေမယ့် အေးဆေးတည်ငြိမ်နေတဲ့ စစ်တပ်ကို ဆွပေးလိုက်သ  လိုဖြစ်သွားပါတယ် ။ နိုင်ငံရေးသမားအချို့ ဆိုရင် တော်တော်တုန်လှုပ်သွားတယ်လို့ သိရပါတယ် ။ စစ်တပ်ကို စိန် ခေါ်ရုံတင်မကပဲ အသက် ၁၈ နှစ်အောက် ကလေးတွေကိုပါ ကာချုပ်ဆီစာရေးဖို့ ပြောတယ် ဆိုတာကတော့ ဒေါ်စုရဲ့  လုပ်ရပ်ကို အံသြလို့လည်း မဆုံးပါဘူး ။ နောက်ပြီး နိုင်ငံကို ဆယ်စုနှစ်နဲ့ချီပြီး အုပ်ချုပ်လာတဲ့ စစ်တပ်ကို ယခု လိုတိုက်ရိုက် စိန်ခေါ်လိုက်တဲ့အပြင် ဒေါ်စုလက်တွဲခေါ်လာတဲ့ မင်းကိုနိုင်ကလည်း လူတွေလမ်းပေါ်ထွက်အောင်  လုပ်ပြမယ်လို့ ကြိမ်းဝါးသွားတာတွေက အနာဂတ်အတွက် မကောင်းတဲ့အလားအလာလို့မြင်ယောင်မိပါတယ်။

 စစ်တပ် ရှိနေလို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မရဖြစ်နေတယ်ဆိုတဲ့စကား တွေ စစ်တပ်နဲ့ပြည်သူအပြန်အလှန်ယုံကြည်  မှုမရှိဘူးဆိုတဲ့စကားတွေကတော့ ဒေါ်စုတစ်ယောက် အကြောင်းရှာတယ်လို့ သုံးသပ်ပါတယ်။ ကိုယ့်ပွဲမှာ ကိုယ့် ပရိသတ်နဲ့မို့ ရောင်းသူ/၀ယ်သူ အသံတူနေပေမယ့် မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ကျော်မှာ သောင်းဂဏာန်းလောက်နဲ့တော့     အလုပ်ဖြစ်မယ်မထင်ပါဘူး ။ ပြင်ချင်တာက ပုဒ်မ ၅၉(စ) ၊ ပုဒ်မ ၅၉(စ) ကိုပြင်ချင်ရင် ပုဒ်မ ၄၃၆ အရ လွတ်တော်ထဲ  မှာကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံပြင်ဆင်မှ ရမယ်။ အဲတော့ စစ်တပ်အမတ် ၂၅ ရာခိုင်နှုန်းက ဒီနေရာမှာသွားပိတ်နေတယ် ။

 ဒေါ်စု ထင်တာက သူသာပြင်မယ်ဆိုရင် အမတ်တွေအားလုံးပြင်မှာလို့ ထင်ကြေး  ရှိနေတာ။ တကယ်ဆို ဦးသိန်းညွှန့်တို့လို  ကျန်တာပြင်ချင်ပြင်မယ် ပုဒ်မ ၅၉ (စ) ကိုမပြင်ဘူးဆိုတဲ့ အမတ်တွေ အများကြီးရှိနေတယ်။ ဒီတော့ ဒေါ်စုက စစ်တပ်ကိုလွဲချတယ်။ဒီလိုနဲ့ ဖြစ်ပျက်သမျှစစ်တပ်ကို လွဲချရင်း အခုတော့ စစ်တပ်ကို လွတ်တော်တွင်းကတိုက်မရတော့ အပြင်ကနေ ပရိသတ်အားကိုးနဲ့တိုက်တယ် ။ဒေါ်စုက တိုက်တယ်။ မင်းကိုနိုင်က လမ်းပေါ်ထွက်အောင် ဆွပေးတယ် ။ 

 ၈၈ တုန်းကလို နည်းလမ်းဟောင်းကြီးများသုံးနေပြီလား ။ ပွဲမှာ ကိုရင်ငယ်တွေရော ကလေးငယ်တွေကို   ပွဲကြည့်စင်အောက်ရှေ့ဆုံးမှာထားပြီး နည်းလမ်းတွေရိုက်သွင်းတယ် ။ကလေးတွေကလူကြီးတွေဟေးဆိုလိုက်ဟေး။  ဒေါ်စုလုပ်ရပ်မှားနေပြီ ။ လွတ်တော်ထဲတိုက်မရလို့ အပြင်လူစုလူဝေးနဲ့တိုက်မယ်ဆိုရင်တော့ ဒီနေ့မနက်ကပဲ  ထိုင်းမှာ စစ်တပ်ကအာဏာပြန်သိမ်းသွားပြီ ။အဲဒါဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ကိုတတွေနိုင်ငံအတွက်ပါ ဂယတ်ထစေ  မှာပါပဲ ။ ဥပမာပြသွားတယ်ဆိုရမှာပေါ့ ။ လူစုလူဝေးနဲ့တိုက်ရင်တော့ စစ်ဘက်ကဝင်ထိန်းမှာပဲ ။ စစ်ဘက်ဝင်ထိန်း ရင်တော့ မာရှယ်လောထုတ်မယ် ။ အခုလို အခြေအနေကနေ နောက်ကိုပြန်ဆုတ်သွားပါ့မယ်။ 

အားလုံးလိုလားတဲ့ အဖြေ မဟုတ်ဘူး။ နောက်ကြောင်းပြန်မလှည့်ဖို့ ပြောပြောနေတဲ့ ဒေါ်စုတို့ဘက်ကနေပဲ နောက်ကြောင်းပြန်လှည့်  ရေးအစီအစဉ်တွေ မစီစဉ်တော့ရင် သိပ်ကောင်းမယ်။ ဂိုထောင်တွေဖောက် ၊ အစိုးရဝန်ထမ်းဆိုသတ် ၊ လူအုံလို့ စစ်  တပ်က ပစ် ၊ လမ်းကျော်တာနဲ့ ခေါင်းဖြတ်သတ်ကြ၊ ခေါင်းတစ်လုံး ဒေါ်လာ၂၀ ဗဲရီးဂွတ် ဘားမားဆိုပြီး နိုင်ငံတကာ သတင်းတွေမှာပါလာ၊ ကျောင်းသားတွေ ထွက်ပြေးပြီးတောခိုရင်း တောထဲမှာအချင်းချင်း ခွက်စောင်းခုတ်ပြီး လူ့ ဘီလူးတွေစီးသလို အသေသတ်/မုဒိန်းတွေကျင့်ကြ၊ နိုင်ငံရေးသမားတွေထောင်ထဲပြန်ရောက်ကြ၊ စစ်တပ် အရာရှိ တွေ ရာထူးနဲ့နေရာတွေ ပြန်ယူကြ ၊ ပြည်နယ်ဝန်ကြီးတွေနေရာမှာ စစ်တိုင်းမှုးတွေပြန်ဝင်ကြ ၊ နိုင်ငံခြားကုမ္ပဏီတွေ ထွက်သွားကြ၊ ဆွေမျိုးပေါက်ဖော်ကြီးက ကယ်တင်ရေးပြန်ဝင်လာနဲ့ ပုံစံကိုမှ ဒေါ်စုရဲ့ဒီမိုကရေစီ လမ်းစဉ် ဆိုရင်တော့ ဆက်လုပ်ပါလေ လို့ ပြောချင်ပါတယ်။

Moe Thu 

2 comments:

  1. ဆက်လုပ်မယ်ဟေ့ စစ်အာဏာရှင်တွေရဲ့  လက်ပါးစေတွေရေ။ နောက်ပြန်လှည့်မယ် လှည့်မယ်နဲ့  ခြိမ်းခြောက်မနေကြနဲ့ ။ အာဏာရှင်စံနစ်တွေ ချုပ်ငြိမ်းရမယ်။

    ReplyDelete
  2. အနာပေါ်တုတ်ကျတယ်ဟုတ်လားအခုရောပြည်သူကအခံဘက်ကဘဲမင်တို.ဘဲကောင်းစားနေကျတာမင်းရောလစာဘယ်လောက်ရလဲစစ်တပ်အလိုတော်ရိ

    ReplyDelete