Thursday, May 22, 2014

သတင်းထောက်၏ဖုန်းကို လုယူထွက်ပြေးသူအားဖမ်းမိ

လမ်းလျှောက်ရင်း ဖုန်းပြောနေသော သတင်းထောက်ထံမှ ဖုန်းကို နောက်မှလိုက်ကာ လုယူထွက်ပြေး သူအား ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ပဲ့တင်သံဂျာနယ်သတင်းထောက်တစ်ဦးဖြစ်သူ မဘေဘီနီလုံဦး ၃၄ နှစ် မှာ မေ ၁၃ ရက်တွင် ဂျာနယ်တိုက်မှ လိုင်းကားစီး၍ ဗဟန်းမြို့နယ်ရှိ နေအိမ်သို့ပြန် ရန် ည ၈ နာရီခွဲတွင် ဗဟန်း(၃)လမ်း ကားမှတ်တိုင်၌ဆင်းပြီး ဟွာဝေး ၆၁ဝ ဖုန်းဖြင့် ဖုန်းပြောလမ်းလျှောက်လာ စဉ် နောက်မှလိုက်လာသော
အမျိုးသားတစ်ဦးမှ ဖုန်း အား လုယူထွက်ပြေးသွားသောကြောင့် အော်ဟစ်အကူအညီတောင်းရာ အနီးရှိ ဂျာမနီသံရုံး လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း သိ ရသည်။

ဖုန်းလုယူ ထွက်ပြေးသွားသော အသက် ၂၄ နှစ်အရွယ် ဟန်ထွေးအမည် ရှိ အမျိုးသားအား အရေးယူပေးရန် မဘေဘီနီလုံဦးမှ တရားလိုပြုလုပ် တိုင်တန်းသ ဖြင့် ဗဟန်းမြို့မရဲစခန်းမှ (ပ)၂ဝဝ/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် မေ ၁၃ ရက်တွင် အမှုဖွင့်ပြီး တရားခံအားဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment